What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 September 2022 13:53

ဒီဆေးဆိုင်က စျေးကြီးလိုက်တာလို့ အပြောမခံရစေဖို့ ဘယ်လိုထိန်းရောင်းမလဲ

လတ်တလော ဖြစ်ပွားနေတဲ့ ဆေးဝါးစျေးတက်တဲ့ပြဿနာကို လက်လီးဆေးဝါးရောင်းချနေတဲ့ ဆိုင်သမားများအနေနဲ့ အခက်ခဲများကြုံတွေ့နေတာကို တွေ့ရပါတယ်။ ဒီလိုပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲ။ ဘယ်လိုတွေ လုပ်ဆောင်သင့်လည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

စျေးကွက်မှာ ဆေးဝါးများ အစမတန် တက်နေတာကို အားလုံးလည်းသိပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ အတက်ကလွဲ အကျဘက်မှာ ရှိလာတဲ့ဆေးဆိုတာ မရှိသလောက်ကို ဖြစ်နေပါတယ်။ ဆေးဝါးစျေးတက်တာမှာ ၂ ဆ နီးပါးကို ရှိလာတဲ့အတွက် လက်လီဆေးဆိုင်များအနေနဲ့ ပြန်လည်းရောင်းချရတဲ့ နေရာမှာ အခက်အခဲ တွေ ကြုံတွေ့လာရပါတယ်။ (ဥပမာ - ဟိုဘက်ဆိုင်က စျေးသက်သာတယ်။ ဒီဆိုင်က စျေးကြီးလိုက်တာ။) လို့ အပြောခံရပြီးဆိုတာနဲ့ သင့်အနေနဲ့ ပထမဦးဆုံး သိထားရမှာ တစ်ခုက သင်ဆေးဆိုင် နာမည် ထိခိုက်ပါပြီး။

 

အ့ဒီအနောက်မှာပဲ ထပ်ဆောင်း မိတ်ပျက်တာတွေပါလိုက်လာနိုင်ပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ဆေးဝါးများ စျေးတက်တာ မှန်ပေမယ့်လည်း ဘယ်လို ထိန်းရောင်းရမလဲဆိုတာကို နည်းလမ်းရှာဖို့လိုပါတယ်။ မြို့နယ်တိုင်းရဲ့ ဆေးဝါးလက်လီအရောင်းဆိုင်တွေမှာ နေရာဒေသအလိုက် ဆေးဝါးရောင်းချခြင်းတွေ မတူညီပါဘူး။ ဒါကြောင့် မိမိအနေနဲ့ ဆေးဝါးလက်လီ ရောင်းချသော ဆေးဆိုင်များ ချိတ်ဆက်ထားဖို့လိုပါတယ်။ ချိတ်ဆက်ပြီနောက် ဘာဆက်လုပ်သင့်လဲ။

 

မြို့နယ် တစ်ခုနဲ့ တစ်ခု ၊ ဆေးဆိုင် တစ်ခုနဲ့တစ်ခု မှာ အရောင်းမထွက်တဲ့ ဆေးဝါးတွေဆိုတာ ရှိပါတယ်။ မိမိဆိုင်မှာ အရောင်းထိုင်တဲ့ ဆေးဝါးတွေကို တခြားဆေးဆိုင်မှာ လိုအပ်နေတဲ့ ဆေးဝါး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် တစ်ဦး နဲ့ တစ်ဦး နားလည်မှု တစ်ခုယူပြီ ဆေးဝါးတွေကို ဖလှယ်ကြဖို့လိုပါတယ်။ ဒီလို ဆေးဝါးဖလှယ်ခြင်း အားဖြင့် ပထမဦးဆုံးအနေဖြင့် မိမိဆေးဆိုင်က ဆေးဝါးစျေးနှုန်း ချိုချိုသာသာဖြစ် တဖန်ပြန်လည်ရောင်းချပေနိုင်မှာ ဖြစ်ပါတယ်။

Lucky-Bag--Swallow-Plastic-Trading.jpg

ဒုတိယတစ်ခုအနေနဲ့ကတော့ မိမိအနေဖြင့် နေ့စဉ် ဆေးဝါးစျေးနှုန်းများ သိရှိထားဖို့လိုအပ်ပါတယ်။ အရှုံးလည်းမရှိ နာမည်လည်း မပျက်ဖြစ်အောင် ဝယ်စျေး နှင့် တက်စျေး ရဲ့ ကြားချ ရောင်းချပေးလို့ရပါတယ်။ စျေးကွက်ထဲက အတိုင်း တက်စျေးအလိုက် ဆေးဝါးတွေကို ရောင်းချပေးလို့လည်းရပါတယ်။ သို့ပေမယ့် တက်နေများဟာတနေ့ နဲ့ တနေ့ ကွာခြားချက်ရှိနေတာကြောင့် တက်စျေးနောက်လိုက်ပြီး ရောင်းချတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

 

တက်စျေးနောက်လိုက် ရောင်းချသော ဆေးဝါးဆိုင်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာများ

- အရောင်းထွက်နှေးမယ်

- Date လွန်လာနိုင်တယ်

- အရောင်းကျသွားနိုင်တယ်

-ဝန်ဆောင်မှု မကောင်းခြင်း

- မိတ်ပျက်နိုင်တယ်

 

ကြားချ ရောင်းချသော ဆေးဝါးဆိုင်များ၏ အားသားချက်

- အရောင်းထွက်မြန်ခြင်း

- Date လွန်ခြင်း ကင်းခြင်း

- ဝန်ဆောင်မှု ကောင်းတယ်

- ရောင်းအားတိုးလာခြင်း

- မိတ်လိုက်လာခြင်း

 

စတဲ့အချက်တွေ နှိုင်ယှဉ်ကြည့်မယ်ဆိုရင် မိမိအနေနဲ့ ဘယ်လို လုပ်ဆောင်သင့်လည်းဆိုတာကို နည်းလမ်းကောင်းရမယ်လို့ မျှော်လင့်ပါတယ်။ ဒီအချက်တွေက သင့်ဆေးဝါးအရောင်းဆိုင်အပေါ် ဘယ်လို တုံ့ပြန်မှုကို ရရှိနိုင်မလဲဆိုတာကို ကောင်းကောင်းဝေခွဲနိုင်မယ်လို့ ထင်ပါတယ်။

 

Myanmar Health Products Guide

Read times
Rate this item
(1 Vote)