What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 April 2019 12:55

အလားတူ ဆေး ဆိုတာ ဘာကို ပြောတာလဲ

လူအများစုအနေဖြင့် ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ဆေးဝါးများကို သောက်သုံးလေ့ ရှိကြပါတယ်။

မိမိ မှီဝဲရတဲ့ ဆေးဝါး များ ကုန်သွားတဲ့အချိန်မှာ တဖန်ပြန်လည် ဝယ်ယူတဲ့အခါ မိမိ လိုချင်တဲ့ ဆေးမရလို့ အလားတူ ဆေးပဲ ရှိပါတယ်လို ပြောလို့ နောက်ဆေးဆိုင်တစ်ဆိုင်မှာ ဆေးသွားဝယ်ရတာကို အားလုံးဘဲ ကောင်းကောင်းကြုံဖူးကြမယ် ထင်ပါတယ်။ အလားတူဆေး ပဲ ရှိတယ်လိုပြောလိုက်တာ နဲ့ မိမိ လိုချင်တဲ့ ဆေးကိုဝယ်ဖို့က မသေချာတော့ပါဘူး။ နောက်ဆုံး ရှာလို့မရတော့မှသာ မလွဲမရှောင်သာ ဝယ်လေ့ရှိကြတာကတော့ အမှန်ပါပဲ။ ယခုပြောပြပေးမယ့် အကြောင်းကတော့ အလားတူ ဆေး ဆိုတာ ဘာကိုပြောတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

 

အလားတူ ဆေး လို့ ပြောလိုက်တာနဲ့ လူအများစုက အလွယ်တကူ မှတ်လေ့ရှိတာကတော့ ဆေးခြင်း အတူတူဘဲ ၊ ကုမ္ပဏီ ကွဲတယ် လို့ သိကြပါတယ်။ဒါကတော့ အမှန်ပါပဲ။ နောက်တစ်ခုကတော့ ဆရာဝန် ညွှန်းကြားလိုက်တဲ့ ဆေး ပုံစံတိုင်း မရလို့ အလားတူ ဆိုရင် ဆေးမစွမ်းဘူးလို့ သံသယစိတ်တွေ စတင် ဝင်ပါတော့တယ်။

 

ဒါကတော့ လူတစ်ရဲ့ စိတ်ခံစားချက် အပေါ်မှာဘဲ မူတည်ပါတယ်။ ဒီအလားတူ ဆေးကို သောက်လို့ မသက်သာဘူးလို့ သံသယစိတ် နဲ့ မှီဝဲ လိုက်ရလို့ သက်သာသွားရင်ခဲ့ရင် မိမိ လိုချင်တဲ့ ဆေးလောက် အလားတူဆေးက ကောင်းတော့ ကောင်းတယ် အရမ်းတော့ မကောင်းဘူးလို့ပဲ သံသယစိတ်လေ အနည်းငယ်တော့ ကျန်နေတက် ကြပါတယ်။ အလားတူဆေးဟာ ကိုယ်လိုချင်တဲ့ဆေးနဲ့ ပါဝင်တဲ့အာနိသင်ချင်းတူပေမယ့် ဈေးကောင်းပေးဝယ်ရတဲ့ ဈေးမျိုးရှိသလို ၊ ဈေးနှုန်းအနည်းငယ် သက်သာနေတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။

 

Read More : မိခင် နို့ရည် အသုံးဝင်ပုံများ

 

အလားတူဆေး ဆိုတာကတော့ ဆေးချင်းတော့ မတူပါဘူး။ ဆေး အာနိသင်ချင်း အတူတူပါပဲ ၊ ကုမ္ပဏီကွဲသွားတာကြောင့် ပုံစံကွဲ သွားခြင်းသာ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် Folic Acid ၃ မျိုး ကိုပြပေးလိုက်ပါတယ်။ (Folic Acid ပုံစံ အမျိုးမျိုး ရှိနိုင်ပါတယ်)

 

Image result for folic acid tablets 5mg Image result for Folitab Image result for Health Vit folic acid

 

(Folicum ၊ Folitab ၊ Health Vit ) စတဲ့နာမည် သုံးမျိုးကို ကုမ္ပဏီတွေကပေးထားတဲ့ Trade Name လို့ခေါ်ပါတယ်။ Trade Name တွေမတူပေမယ့် သူ့မှာပါဝင်တဲ့ ဆေးကို ( Each tablet contains <or> Composition) စာတန်းအောက်မှာ Folic Acid 5 mg လို့ဖော်ပြပေးထားပြီး ၎င်းမှာပါဝင်တဲ့ Folic Acid ကို Generic Name (ဆေး၏ မူလနာမည်) လို့ ခေါ်ပါတယ်။

 

ဥပမာအနေနဲ့ပြောရရင် ဆေးအရောင်းဆိုင်မှာ ဒီဆေး ၃ မျိုးရှိတယ်ဆိုပါစို့။ ဒီဆေး ၃ မျိုးထဲက တစ်မျိုးက ကိုယ်လိုချင်တဲ့ဆေးပေါ့။ ကိုယ်လိုချင်တဲ့ ဆေးမရှိလို့ အလားတူ ဆေးတစ်မျိုးပေးမယ်ဆိုရင် ကျန်တဲ့ ၂ မျိုးထဲက တစ်မျိုးကိုပေးမှာပါ။

 

ဆေးဝယ်မယ့်သူအနေနဲ့ ပထမဆုံး သိထားရမှာက အလားတူ ဆေးလို့ ပြောလိုက်ရင်ကိုယ်လိုချင်တဲ့ ဆေးရဲ့ ဆေးနာမည် (Generic Name) မီလီဂရမ် mg ကို သိထားဖို့ လိုပါတယ်။ ဆေးရဲ့ ပုံစံ ကွဲပြားသွားပေမယ့် ပါဝင်တဲ့ ဆေးနာမည် (Generic Name) တူ ၊ မီလီဂရမ် mg ချင်း တူတယ်ဆိုရင် ကိုယ်လိုချင်တဲ့ ဆေးနဲ့ တူတူပါပဲ။

 

ဆေးနာမည် (Generic Name) တူ ၊ မီလီဂရမ် mg ချင်း တူနေတာဖြစ်တဲ့အတွက် ဒီဆေးထက် ဟိုဆေး ပိုကောင်းသွားတယ်ဆိုတာ မရှိပါဘူး။ ဆေးရဲ့ ဈေးနှုန်း ကွာဟနိုင်ပေမယ့် အာနိသင်တူတူပါပဲ။ လူရဲ့ သဘောသဘာဝ အရတော့ ဈေးပိုကြီးရင် အာနိသင်ပိုကောင်းတယ်လို့ ထင်မြင်တတ်ကြပါတယ်။ ဈေးပိုကြီးလို့ ဆေးပိုကောင်းသွားတယ်ဆိုတာ မရှိပါဘူး။ အားလုံးအတူတူပါပဲ။ သူဆေးနဲ့သူတော့ အားလုံးကောင်းကြပါတယ်။

 

Writting By : Aung Win (Health Products Directory)

Read times
Rate this item
(2 votes)