What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 August 2018 15:41

သွေးကျဲဆေးများ၏ ဘေးထွက်ဆိုးကျိုးများ

သွေးကျဲဆေးများ၏ ဘေးထွက်ဆိုးကျိုးများ Google.com

သွေးကျဲဆေးများ သောက်သုံးရခြင်းကြောင့် သွေးခဲနိုင်သည့်အန္တရာယ် လျော့နည်းသော်လည်း သွေးအလွန်အကျွံ ထွက်နိုင်သည့် အန္တရာယ် ပိုများလာစေသည်။

အကယ်၍ နှလုံးထိခိုက်မှု (သို့မဟုတ်) လေဖြတ်အန္တရာယ် ရှိနေသူတစ်ဦးအနေဖြင့် သွေးကျဲဆေးသည် အသက်ကယ်ဆေးဖြစ်နိုင်သော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးလည်းရှိ သည်။

ယင်းဆေးဝါးများသည် သွေးများပျစ်၍ ခဲမလာစေရန် ကာ ကွယ်ပေးပြီး ရှိနှင့်ပြီး သွေးခဲများ ပိုကြီးမလာစေရန် တားဆီးပေး သည်။ သို့သော် ဥပမာ ဟင်းရွက်လှီးနေရင်း ဓားရှမိခြင်းကဲ့သို့ အ သေးစားဒဏ်ရာရလျှင်ပင် သွေးထွက်မရပ်နိုင်သော အခြေအနေနှင့် ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်သည်။

ကျန်းမာသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့သော ဒဏ်ရာစိုးရိမ်စရာမလိုသော်လည်း သွေးကျဲဆေးသောက်နေရသော လူနာအဖို့ အလွန်ပြင်းထန်သော ဒဏ်ရာဖြစ်ပွားနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ ခွဲစိတ်ကုသရေး လက်ထောက်ပါမောက္ခ အီလီယော့ အာရ်ဟော့က ပြောကြားသည်။

သွေးကျဲဆေးများ သောက်ထားချိန်တွင် သွေးတိတ်စေသော ခန္ဓာကိုယ်၏ သာမန်လုပ်ငန်းစဉ် အလုပ်မဖြစ်သောကြောင့် ဦး ခေါင်း၌ ဒဏ်ရာအသေးစားရလျှင်ပင် အခြေအနေ ဆိုးရွားနိုင် သည်။

ထို့အပြင် ဓမ္မတာလာချိန် သွေးအလွန်အကျွံဆင်းခြင်း၊ ချောင်း ဆိုးချိန် သွေးပါခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း (သို့မဟုတ်) အ စာအိမ်နာကျင်ခြင်း၊ ခေါင်းမူးခြင်း (သို့မဟုတ်) အားနည်းခြင်း၊ ဆီး တွင် သွေးပါခြင်းတို့ကဲ့သို့ ပြင်းထန်သော ဘေးထွက်ဆိုးကျိုး လက္ခ ဏာများကို မှတ်ထားရန် အရေးကြီးသည်။

သွေးကျဲဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျ လိုက်နာသောက်သုံးသင့်သည်။ ဆေးပမာဏ မလုံလောက်ပါက သွေးခဲများဖြစ်ပေါ်မှုကို ကာကွယ်နိုင်ခြင်းမရှိဖြစ်နိုင်ပြီး များလွန်းပါက သွေးထွက်ခြင်းပိုဆိုးနိုင်သည့်အန္တရာယ်ရှိသည်။ ထို့အပြင် ibuprofen, naproxen တို့ကဲ့သို့ အခြားဆေးဝါးအချို့နှင့် တွဲသောက်မည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

သွေးကျဲဆေးများ သောက်နေချိန်တွင် အစားအသောက် ပြောင်းလဲမည်ဆိုပါက ဦးစွာဆရာဝန်နှင့်တိုင်ပင်ပါ။ ထိခိုက်ဒဏ်ရာရနိုင်သော လှုပ်ရှားမှုမျိုး ရှောင်ရှားသင့်သည်။

သွေးကျဲဆေးများ သောက်သုံးနေစဉ် သွေးထွက်သည့်ဖြစ်ရပ် အများစုသည် မပြင်းထန်သော်လည်း ဒဏ်ရာပျောက်ကင်းချိန်ကြာမြင့်နိုင်သည်။
source:7daydaily.com

Read:အနီရောင်ဖြင့် ဖန်တီးစီမံထားသော အသားများ စားသုံးခြင်းကြောင့် အသည်းထိခိုက်နိုင်

အနီရောင်ဖြင့် ဖန်တီးစီမံထားသော အသားများ စားသုံးခြင်းကြောင့် အသည်းထိခိုက်နိုင်

Read times Last modified on Friday, 03 August 2018 15:54
Rate this item
(2 votes)