What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 April 2019 17:45

ဝက္ျခံ ေတြအတြက္ အသံုးျပဳေလ့ရွိတဲ့ ပဋိဇီဝေဆးဝါးမ်ား

Antibiotics ပဋိဇီဝေဆးေတြရဲ႕ ဝက္ျခံကိုသက္ေရာက္ေစႏိုင္တဲ့ အစြမ္းေတြထဲမွာ အေရးၾကီးဆံုးက (ဗက္တီးးရီးယား) ေတြရဲ႕ အေရအတြက္ကို သိသိသာသာ ေလ်ာ့နည္းေစတာ ျဖစ္တယ္။

ေသြးျဖဴဥေၾကာင့္ျဖစ္ရတဲ့ Irritation ေနမထိ ထိုင္မသာ ျဖစ္တာကိုလဲ နည္းေစႏိုင္တယ္။ ေနာက္ျပီး Sebum ဝက္ျခံအရည္ထဲမွာ Fatty Acids အဆီကိုလဲ ေလ်ာ့နည္း ေစတာမို႔ Inflammatory Response ေရာင္ရမ္းျခင္း ျဖစ္စဥ္ကို သက္သာေစတယ္။ ဘယ္ ပဋိဇီဝေဆးမဆို အမ်ိဳးသမီးေတြမွာ Candida Vaginal Yeast Infections ေမြးလမ္းေၾကာင္း မိႈဝင္တာ ျဖစ္ေစႏိုင္တယ္။ ကိုယ္ဝန္တားေဆးရဲ႕ အာနိသင္ကိုလဲ ထိခိုက္တတ္တယ္။

 

1. Tetracycline (တက္ထြာဆိုက္ကလင္း) ကို အမ်ားဆံုး သံုးတယ္။ တခါေသာက္ 500 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ဘယ္ေလာက္ ၾကာၾကာလဲဆိုတာ အတိအက် ေျပာမရဘူး။ သက္သာတဲ့အထိလို႔ အၾကမ္းေျပာလို႔ ရတယ္။ ေနာက္ပိုင္းမွာ တခါေသာက္ 250 mg တေန႔ ၂ ၾကိမ္ ေလ်ာ့ႏိုင္တယ္။ ေဆးကို အစာမရွိခ်ိန္ ေသာက္တာ ေကာင္းတယ္။ သတိထားဘို႔က အသက္ ၉ ႏွစ္ေအာက္ နဲ႔ ကိုယ္ဝန္ေဆာင္ေတြကို ဒီေဆးမေပးရဘူး။ အဆင္ေျပတာက ဒီလူမ်ိဳးေတြက ဝက္ျခံျဖစ္တတ္သူေတြ မဟုတ္ၾကပါ။

 

Read More : အဆီ စားရင္ ေရာဂါ ျဖစ္တယ္ဆိုတာ ေသခ်ာျပီးလား

 

2. Erythromycin (အရစ္သရိုမိုင္စင္) ကိုလဲ သံုးႏိုင္တယ္။ သူက (တက္ထြာဆိုက္ကလင္း) ထက္သာတာက ေရာင္ရမ္းျခင္း ျဖစ္စဥ္အတြက္ ပိုေကာင္းတယ္။ အစားနဲ႔လဲ ေသာက္လို႔ရေတာ့ အစားၾကီးတဲ့ ငယ္ရြယ္သူေတြနဲ႔ ကိုက္တယ္။ တခါေသာက္ 250 – 500 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ပ်ိဳ႕အန္ခ်င္တာ ျဖစ္တတ္တယ္။ ကိုယ္ဝန္ေဆာင္ေတြလဲ ေပးႏိုင္တယ္။

 

3. Minocycline ေဆးကို ျပီတည္ေနခ်ိန္မွာ သံုးရင္ေကာင္းတယ္။ အစာနဲ႔ေဝးရင္ ပိုေကာင္းတယ္။ တခါေသာက္ 50 to 100 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ေခါင္းမူး၊ ပ်ိဳ႕-အန္၊ အေရျပားနဲ႔ သြားညိဳတာေတြ ျဖစ္ႏိုင္တယ္။

 

4. Doxycycline (တက္ထြာဆိုက္ကလင္း) နဲ႔ (အရစ္သရိုမိုင္စင္) သံုးလို႔ မထူးျခားသူေတြကို ဒီေဆး ေပးတယ္။ တခါေသာက္ 50 to 100 mg တေန႔ ၂ ၾကိမ္ေပးတယ္။ အစာနဲ႔လဲနီးလို႔ ရတယ္။ ပ်ိဳ႕ခ်င္တယ္။ ေနရာင္နဲ႔ မတည့္ဘူး။

 

5. Clindamycin ေဆးကို တခါေသာက္ 75 to 150 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ေသာက္ေဆးထက္ လိမ္းေဆး အျဖစ္သံုးတာ မ်ားတယ္။ ေဘးထြက္-ဆိုးက်ိဳးကေတာ့ Pseudomembranous Colitis, Clostridium Difficile အူမၾကီးေရာင္တတ္တယ္။

 

Source: myhealthmyanmar

{Unicode}

=========

ဝက်ခြံ တွေအတွက် အသုံးပြုလေ့ရှိတဲ့ ပဋိဇီဝဆေးဝါးများ

Antibiotics ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက (ဗက်တီးးရီးယား) တွေရဲ့ အရေအတွက်ကို သိသိသာသာ လျော့နည်းစေတာ ဖြစ်တယ်။ သွေးဖြူဥကြောင့်ဖြစ်ရတဲ့ Irritation နေမထိ ထိုင်မသာ ဖြစ်တာကိုလဲ နည်းစေနိုင်တယ်။ နောက်ပြီး Sebum ဝက်ခြံအရည်ထဲမှာ Fatty Acids အဆီကိုလဲ လျော့နည်း စေတာမို့ Inflammatory Response ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေတယ်။

ဘယ် ပဋိဇီဝဆေးမဆို အမျိုးသမီးတွေမှာ Candida Vaginal Yeast Infections မွေးလမ်းကြောင်း မှိုဝင်တာ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်တတ်တယ်။

 

1. Tetracycline (တက်ထွာဆိုက်ကလင်း) ကို အများဆုံး သုံးတယ်။ တခါသောက် 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ဘယ်လောက် ကြာကြာလဲဆိုတာ အတိအကျ ပြောမရဘူး။ သက်သာတဲ့အထိလို့ အကြမ်းပြောလို့ ရတယ်။ နောက်ပိုင်းမှာ တခါသောက် 250 mg တနေ့ ၂ ကြိမ် လျော့နိုင်တယ်။ ဆေးကို အစာမရှိချိန် သောက်တာ ကောင်းတယ်။ သတိထားဘို့က အသက် ၉ နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင်တွေကို ဒီဆေးမပေးရဘူး။ အဆင်ပြေတာက ဒီလူမျိုးတွေက ဝက်ခြံဖြစ်တတ်သူတွေ မဟုတ်ကြပါ။


2. Erythromycin (အရစ်သရိုမိုင်စင်) ကိုလဲ သုံးနိုင်တယ်။ သူက (တက်ထွာဆိုက်ကလင်း) ထက်သာတာက ရောင်ရမ်းခြင်း ဖြစ်စဉ်အတွက် ပိုကောင်းတယ်။ အစားနဲ့လဲ သောက်လို့ရတော့ အစားကြီးတဲ့ ငယ်ရွယ်သူတွေနဲ့ ကိုက်တယ်။ တခါသောက် 250 – 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ပျို့အန်ချင်တာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တွေလဲ ပေးနိုင်တယ်။


3. Minocycline ဆေးကို ပြီတည်နေချိန်မှာ သုံးရင်ကောင်းတယ်။ အစာနဲ့ဝေးရင် ပိုကောင်းတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ ခေါင်းမူး၊ ပျို့-အန်၊ အရေပြားနဲ့ သွားညိုတာတွေ ဖြစ်နိုင်တယ်။

4. Doxycycline (တက်ထွာဆိုက်ကလင်း) နဲ့ (အရစ်သရိုမိုင်စင်) သုံးလို့ မထူးခြားသူတွေကို ဒီဆေး ပေးတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ အစာနဲ့လဲနီးလို့ ရတယ်။ ပျို့ချင်တယ်။ နေရာင်နဲ့ မတည့်ဘူး။

5. Clindamycin ဆေးကို တခါသောက် 75 to 150 mg တနေ့ ၂ ကြိမ်ပေးတယ်။ သောက်ဆေးထက် လိမ်းဆေး အဖြစ်သုံးတာ များတယ်။ ဘေးထွက်-ဆိုးကျိုးကတော့ Pseudomembranous Colitis, Clostridium Difficile အူမကြီးရောင်တတ်တယ်။

 

Source: myhealthmyanmar

Read times Last modified on Monday, 30 December 2019 17:46
Rate this item
(1 Vote)