What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 July 2018 15:47

ကလေးဖျားလို့ ဘိုင်အိုဂျက်ဆစ် ဆေးရည်တိုက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

ကလေးဖျားလို့ ဘိုင်အိုဂျက်ဆစ် ဆေးရည်တိုက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ Google.com

Biogesic (Paracetamol) ဘိုင်အိုဂျက်ဆစ် အဖျားပျောက်ဆးရည်ဟာ မြန်မာနိုင်ငံမှာ အသုံးများတဲ့ အိမ်သုံးဆေးတစ်မျိုး ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ပါရာစတီမောဆိုတာထက် biogesic ဆိုတာကို အသိများပြီး ၊အသုံးများလာပါတယ်။ တချို့ဆို biogesic မှာ paracetamol ပါဝင်တာမှန်းတောင် မသိကြတော့ဘူး။ သူတို့အမြင်မှာ Paracetamol နဲ့ Biogesic က သတ်သတ်စီဖြစ်နေပါတယ်။အမှန်တကယ်တော့ ၎င်းဆေးနှစ်မျိုးစလုံးဟာ အတူတူပါဘဲ။

Biogesic (Paracetamol) ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည်တွင် ပါရာစတီမော 120mg (သို့မဟုတ်) 250mg ပါဝင်ပါတယ်။ ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည်ဟာ အစက်ချဆေးရည်ဖြစ်ပြီး 1mlတွင် အရည်သွေးမြင့် ပါရာစတီမော 100mg ပါဝင်ပါတယ်။ ကလေးငယ်များ နှစ်ခြိုက်စွာ သောက်သုံးနိုင်ရန် အတွက် စတော်ဘယ်ရီအရသာ နှင့် လိမ္မော် အရသာ နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ ကောင်းတဲ့အချက်က အရသာပါဝင်လို့ ကလေးငယ်တွေကို လွယ်လွယ်ကူကူတိုက်ကျွေးနိုင်ပါတယ်။ ဆေးရည်ကို တိုက်ကျွေးတဲ့အခါတိုင်းမှာ ဆေးပုလင်းကို နာနာလှုပ်ပြီး တိုက်ကျွေးရမှာဘဲ ဖြစ်ပါတယ်။

ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည်ဟာ ကလေးငယ်များ ကိုယ်ပူကျ အကိုက်အခဲပျောက်သောက်ဆေးရည်တစ်မျိုး ဖြစ်ပါတယ်။ ကလေးငယ်များ ဖျားနားခြင်း ၊ အအေးမိခြင်း ၊ တုပ်ကွေးဖြစ်ခြင်းနှင့် အာသီးရောင်ခြင်းကြောင့် ဖြစ်သော ကိုယ်လက်နာကျင်ကိုက်ခဲခြင်း ၊ သွားပေါက်စ အရွယ်နာကျင်ခြင်း နှင့် ကာကွယ်ဆေးထိုးပြီးနောက် ဖျားနာခြင်း တို့ အတွက် ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည်ကို ကို အသုံးပြုနိုင်ပါတယ်။

Image result for biogesic for kids

ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည်ကို မွေးစမှ ၃လ - 0.3 - 0.6 ml / ၄လ မှ ၆လ - 0.6 - 1 ml တိုက်ကျွေးပေးရမှာဖြစ်ပြီး ၁ နှစ်မှ ၂ နှစ်အထိ တစ်ကြိမ်လျင် လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ ကလေးငယ်အသက် ၃ နှစ်မှ ၆ နှစ်အထိ တစ်ကြိမ်လျင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း အထိ တိုက်ကျွေး နိုင်ပါတယ်။

ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည်ကို ကလေးငယ်များအတွက် အထူးထုတ်လုပ်ထားတာကြောင့် ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ အလွန်ကို နည်းပါတယ်။ အရေပြားယားခြင်း ၊ အစာအိမ်နှင့် ပတ်သက်၍ မအီမသာဖြစ်ခြင်းစတဲ့ လက္ခဏာတွေလောက်ပဲ ဖြစ်နိုင်ပါတယ်။ဓာတ်မတည့်သူများ ၊ သွေးအားနည်းရောဂါရှိသောကလေးငယ်များ ၊ နှလုံး ၊ ကျောက်ကပ် ၊ အဆုတ် နှင့် အသည်းမကောင်းသော ကလေးငယ်များ ပါရာစတီမော ကလေးအဖျားပျောက်ဆေးရည် ကို လုံးဝ မသောက်သုံးသင့်ပါဘူး။

ကလေးငယ်များ ကိုယ်ပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်နှင့် အထက်ဖြစ်ခြင်း ၊ အသက်ရှူကြပ်ပြီး နှုတ်ခမ်းပြာခြင်း တွဲဖက်ဖြစ်ပေါ်ခြင်း ၊ နို့စို့ကလေးငယ်များ နို့မစို့နိုင်ခြင်း ၊ ပုံမှန်အတိုင်း ဆော့ကစားခြင်း မပြုတော့ဘဲ ငြိမ်သက်နုံးခွေနေခြင်း ၊ လည်းပင်တောင့်တင်းခြင်း ၊ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အစက်ပြောက်များ (သို့မဟုတ်) အကွက်များ ဖြစ်ပေါ်ခြင်း ၊ ကိုယ်ပူရှိန်ကြီး၍ တက်သွားခြင်း ၊ အန်ခြင်း ၊ ဝမ်းပျက် ဝမ်းလျှောဖြစ်ခြင်း ၊ ပုံမှန်ထက် ဆီသွားနည်းခြင်း ၊ ချောင်းရက်ရှည်ဆိုးနေခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ဆရာဝန် နဲ့ အမြန်ဆုံးသွားရောက် ပြသင့်ပါတယ်။

writting by: A.win

Read:သင့်ရဲ့ မျက်လုံးများက ပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ ၇ချက်

သင့်ရဲ့ မျက်လုံးများက ပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ ၇ချက်

 

Read times Last modified on Thursday, 05 July 2018 16:42
Rate this item
(2 votes)