What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 July 2019 12:05

ဗွီးရှင်းကဲ မျက်စိဆေးရုံ - VISION CARE EYE CENTER

Vision Care မျက်စိအထူးကုဆေးရုံကြီးကို ၂၀၁၇ခုနှစ် ၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

ဗွီးရှင်းကဲ မျက်စိဆေးရုံမှာ ဆိုရင် အလွှာပေါင်း ခုနှစ်လွှာဖြစ် တည်ဆောက်ထားပြီး ၁၆ ကုတင်ဆံ့ ဆေးရုံလည်း ဖြစ်ပါတယ်။ မျက်စိ ဝေဒနာခံစားနေရသော လူသားထုကြီးအတွက် မျက်စိဝေဒနာအားလုံးကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးနေတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။

2fa8710abe28570bdc2ae8034cc5a716_L.jpg

အဆိုပါဆေးရုံမှာ မျက်စိဝေဒနာ နှင့် ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို ဝါရင့် ကျွမ်းကျင်သမားတော်ကြီးများမှ ခေတ်မီ စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ မျက်စိစမ်းသပ်ပေးခြင်း နဲ့ ခွဲစိတ်ကုသခြင်းတို့ကို နွေးထွေးစွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဗွီးရှင်းကဲ မျက်စိဆေးရုံတွင် မျက်မှန်အရောင်းပြခန်း ၊ ဆေးကောင်တာ ၊ စမ်းသပ်ခန်း ၊ မျက်မှန်စမ်းသပ်လေ့ကျင့်ခန်း ၊ ခွဲစိတ်ကုသခန်း နှင့် လူနာနားနေခန်းတို့ လုံလင်စွာ ရှိပြီး ရောက်ရှိလာတဲ့ လူနာတွေကို နွေးထွေးသော ဝန်ဆောင်မှု နှင့် သင့်တင့်သောဈေးနှုန်းတို့ဖြင့် ဝန်ဆောင်မှု ပေးနေတာလည်းဖြစ်ပါတယ်။

61853156_1335911563230891_552013570821324800_n.jpg

ဗွီးရှင်းကဲ မျက်စိဆေးရုံတွင် မျက်စိအမြင်မရှင်းခြင်း ၊ မျက်စိကိုက်ခဲနာကျင်ခြင်း ၊ မျက်ရည်ပူကျခြင်း ၊ မျက်စိနှင့် ပတ်သက်သည့် တခြားဝေဒနာများအတွက် စစ်ဆေးတိုင်းတာခြင်းများ ၊ ခွဲစိတ်ကုသခြင်းများကို အချိန်နှင့် တပြေးညီကုသဖြေရှင်းပေးပြီး မျက်စိအတွက်ဝန်ဆောင်မှုအပြည့်ပေးနေပါတယ်။

 

မျက်စိနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တဲ့

၁ ။ အတွင်းတိမ်

၂ ။ ရေတိမ်

၃ ။ မျက်သားတက်

 

၎ ။ မျက်ရည်လမ်းကြောင်းပိတ်ရောဂါ

၅ ။ မျက်စိစွန်ခြင်း

၆ ။ မျက်စိစွေစောင်းခြင်း

 

၇ ။ မျက်ခွံတွဲကျခြင်း

၈ ။ မျက်စိအနီးတစ်ဝိုက်တွင် ဖြစ်ပေါ်တတ်သော မှဲ့ ၊ အသားပိုများကို ဖယ်ရှားခြင်း

အစရှိတဲ့ ဝေဒနာများကို ကုသပေးလျက်ရှိပါတယ်။

 

ပုဂ္ဂလိက ဆေးရုံးပေါင်း ၁၀၀ ကျော်၏ လိပ်စာ နှင့် ဖုန်းနံပါတ်များကို ရှာဖွေရန် " နှိပ် " ပါ။

hospital_green.jpg

 

ဒါ့အပြင် မျက်ကပ်မှန် တစ်လမှာ တစ်ခါသာချွတ်စရာလိုပြီး ၂ နှစ် မှ ၃ နှစ်အထိ တပ်ဆင်နိုင်သော ဂျပန်နိုင်ငံမှ Menicon မျက်ကပ်မှန် နှင့် စာကြည့်မျက်မှန်၊ အနီးကြည့်၊ အဝေးကြည့်မျက်မှန်များကို ဒီဇိုင်းစုံလင်စွာ ရောင်းချပေးခြင်း ၊ မျက်မှန်ကိုင်းများရောင်းချပေးခြင်း ၊ မျက်ကပ်မှန်များ ရောင်းချပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ဗွီးရှင်းကဲ မျက်စိဆေးရုံတွင် လူနာများကို နေ့စဉ် ပိတ်ရက်မရှိ နံနက် (၈း၀၀) မှ ည (၇း၀၀) အထိ ပိတ်ရက်မရှိ ကုသပေးလျက်ရှိပါတယ်။

 

လိပ်စာ

အမှတ် (၈၆) ၊ အောင်မင်္ဂလာလမ်း ၊ ကျောက်မြောင်းကြီးရွပ်ကွက် ၊ တာမွေမြို့နယ် ။

 

ဆက်သွယ်ရန်

09 442 626 461 ၊ 01 860 4675

01 860 4676 ၊ 01 860 4677

 

Written By Aung Win (Health Products Directory)

Read times Last modified on Tuesday, 01 October 2019 15:06
Rate this item
(1 Vote)