Vision Care မျက်စိအထူးကုဆေးရုံကြီးကို ၂၀၁၇ခုနှစ် ၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဗွီးရှင်းကဲ မျက်စိဆေးရုံမှာ ဆိုရင် အလွှာပေါင်း ခုနှစ်လွှာဖြစ် တည်ဆောက်ထားပြီး ၁၆ ကုတင်ဆံ့ ဆေးရုံလည်း ဖြစ်ပါတယ်။ မျက်စိ ဝေဒနာခံစားနေရသော လူသားထုကြီးအတွက် မျက်စိဝေဒနာအားလုံးကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးနေတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။
အဆိုပါဆေးရုံမှာ မျက်စိဝေဒနာ နှင့် ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို ဝါရင့် ကျွမ်းကျင်သမားတော်ကြီးများမှ ခေတ်မီ စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ မျက်စိစမ်းသပ်ပေးခြင်း နဲ့ ခွဲစိတ်ကုသခြင်းတို့ကို နွေးထွေးစွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဗွီးရှင်းကဲ မျက်စိဆေးရုံတွင် မျက်မှန်အရောင်းပြခန်း ၊ ဆေးကောင်တာ ၊ စမ်းသပ်ခန်း ၊ မျက်မှန်စမ်းသပ်လေ့ကျင့်ခန်း ၊ ခွဲစိတ်ကုသခန်း နှင့် လူနာနားနေခန်းတို့ လုံလင်စွာ ရှိပြီး ရောက်ရှိလာတဲ့ လူနာတွေကို နွေးထွေးသော ဝန်ဆောင်မှု နှင့် သင့်တင့်သောဈေးနှုန်းတို့ဖြင့် ဝန်ဆောင်မှု ပေးနေတာလည်းဖြစ်ပါတယ်။
ဗွီးရှင်းကဲ မျက်စိဆေးရုံတွင် မျက်စိအမြင်မရှင်းခြင်း ၊ မျက်စိကိုက်ခဲနာကျင်ခြင်း ၊ မျက်ရည်ပူကျခြင်း ၊ မျက်စိနှင့် ပတ်သက်သည့် တခြားဝေဒနာများအတွက် စစ်ဆေးတိုင်းတာခြင်းများ ၊ ခွဲစိတ်ကုသခြင်းများကို အချိန်နှင့် တပြေးညီကုသဖြေရှင်းပေးပြီး မျက်စိအတွက်ဝန်ဆောင်မှုအပြည့်ပေးနေပါတယ်။
မျက်စိနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တဲ့
၁ ။ အတွင်းတိမ်
၂ ။ ရေတိမ်
၃ ။ မျက်သားတက်
၎ ။ မျက်ရည်လမ်းကြောင်းပိတ်ရောဂါ
၅ ။ မျက်စိစွန်ခြင်း
၆ ။ မျက်စိစွေစောင်းခြင်း
၇ ။ မျက်ခွံတွဲကျခြင်း
၈ ။ မျက်စိအနီးတစ်ဝိုက်တွင် ဖြစ်ပေါ်တတ်သော မှဲ့ ၊ အသားပိုများကို ဖယ်ရှားခြင်း
အစရှိတဲ့ ဝေဒနာများကို ကုသပေးလျက်ရှိပါတယ်။
ပုဂ္ဂလိက ဆေးရုံးပေါင်း ၁၀၀ ကျော်၏ လိပ်စာ နှင့် ဖုန်းနံပါတ်များကို ရှာဖွေရန် " နှိပ် " ပါ။
ဒါ့အပြင် မျက်ကပ်မှန် တစ်လမှာ တစ်ခါသာချွတ်စရာလိုပြီး ၂ နှစ် မှ ၃ နှစ်အထိ တပ်ဆင်နိုင်သော ဂျပန်နိုင်ငံမှ Menicon မျက်ကပ်မှန် နှင့် စာကြည့်မျက်မှန်၊ အနီးကြည့်၊ အဝေးကြည့်မျက်မှန်များကို ဒီဇိုင်းစုံလင်စွာ ရောင်းချပေးခြင်း ၊ မျက်မှန်ကိုင်းများရောင်းချပေးခြင်း ၊ မျက်ကပ်မှန်များ ရောင်းချပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ဗွီးရှင်းကဲ မျက်စိဆေးရုံတွင် လူနာများကို နေ့စဉ် ပိတ်ရက်မရှိ နံနက် (၈း၀၀) မှ ည (၇း၀၀) အထိ ပိတ်ရက်မရှိ ကုသပေးလျက်ရှိပါတယ်။
လိပ်စာ
အမှတ် (၈၆) ၊ အောင်မင်္ဂလာလမ်း ၊ ကျောက်မြောင်းကြီးရွပ်ကွက် ၊ တာမွေမြို့နယ် ။
ဆက်သွယ်ရန်
09 442 626 461 ၊ 01 860 4675
01 860 4676 ၊ 01 860 4677
Written By Aung Win (Health Products Directory)