What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 December 2019 23:58

ကျောက်ကပ်လူနာများ ရှောင်ကြည့်သင့်သော ဆေးဝါးများ

ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းခြင်း နှင့် ခန္ဓာကိုယ်မှ ထွက်ရှိလာတဲ့ အညစ်အကြေးတွေကို ကျောက်ကပ်က တဆင့် စွန့်ထုတ်ပစ်ရပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေကို ပြုလုပ်ဖို့အတွက် ကျောက်ကပ် မကောင်းတဲ့ လူနာအတွက်ကတော့ ကျောက်ကပ် အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ကျောက်ကပ် ဝေဒနာရှင်များ အနေဖြင့် ဖျားနာခြင်း ဖြစ်ပေါ်တဲ့အခါ အကိုက်ခဲပျောက်ဆေး ၊ အအေးမိခြင်း ၊ ချောင်းဆိုပျောက်ဆေး ၊ ဝမ်းနှုတ်ဆေး ၊ ဗီတာမင်ဆေး ၊ ဖြည့်စွက်စာ စတဲ့အရာတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူ သောက်သုံးတာတွေကို တွေ့ရပါတယ်။ ဒီလို အလွယ်တကူ ဝယ်ယူသောက်သုံးခြင်းတွေက ကျန်းမာရေးများစွာ ထိခိုက် နစ်နာခြင်းတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ် ဝေဒနာရှင်များအနေနဲ့ ရှောင်ကြည်သင့်ဖို့ လိုပါတယ်။

 

ဒါ့အပြင် (non-steroidal anti-inflammatory drugs) မဟုတ်တဲ့ NSAID ဆေးအုပ်စုဝင်များ ဖြစ်တဲ့ Ibuprofen (အိုင်ဗျူပရိုဖန်) ၊ mefenamic acid (မက်ဖီနမစ်အက်ဆစ်) ၊ naproxen (နာပရိုစန်) ၊ piroxicam (ပိုင်ရိုစီကမ်) ၊ meloxicam (မယ်လိုစီကမ်) ၊ diclofenac (ဒိုင်ကလိုဖန်းနက်) ၊ celecoxib (ဆယ်လီကိုဇစ်) ၊ etoricoxib (အီတိုရီကိုဇစ်) အစရှတဲ့ အကိုက်ခဲပျောက်ဆေးတွေက ခန္ဓာကိုယ်မှ တဆင့် ကျောက်ကပ်ဆီသို့ သွေးလည်ပတ်မှုတွေကို လျော့ကျစေပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းရည်ကို ကျဆင်းစေနိုင်ပါတယ်။

 

ဆိုဒီယမ်(ဆားဓာတ်) ပါသော ဓာတ်ဆား နှင့် အက်စ်ပရင်း ကဲ့သို့သော ဆေးဝါးများနှင့် ချောင်းဆိုးပျောက်ဆေးတွေ ဆားဓာတ်များ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင် ကျန်ရစ်နေပြီး ကျောက်ကပ် ဝေဒနာရှင်များ အတွက် နှလုံးကို အလွယ်တကူ ထိခိုက်မှုများ ရှိနိုင်ပါတယ်။

"ဆယ်ကျော်သက်တွေ ဘာကြောင့် အကြောပြတ်တာလဲ" ဖတ်ရှုရန် နှိပ်ပါ။

ဆယ္ေက်ာ္သက္ေတြ ဘာေၾကာင့္ အေၾကာျပတ္တာလဲ

ဝမ်းနှုတ်ဆေး (Laxatives) နှင့် အလျူမီနီယမ် နှင့် မက်ဂနီစီယမ် ပါသော အစာအိမ်ဆေးများ (antacids containing aluminum and magnesium) အစရှိတဲ့ ဓာတ်တွေက သွေးအတွင်းများစွာ စုံပုံလာတဲ့ အခါ အာရုံကြောစနစ် နှင့် ဦးနှောက်ကိုပါ ထိခိုက်မှုများ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းနှုန်းဆေး (Laxztives) နှင့် စအိုမှ ထည့်သွင်းရသော ဆေးတောင့် (Suppositories) များက ခန္ဓာကိုယ်အတွင်း ရေဓာတ်ကို ခြမ်းခြောက်စေပြီး သွေးအတွင်း ဖော့စဖိတ် (phosphate) ဓာတ်များ မြင့်တတ်လာစေပါတယ်။

 

ဆေးဖက်ဝင်အပင် များဖြစ်တဲ့ Gingo Biloba (ဂင်ဂို ဘီလိုဘာ) ၊ Ginseng (ဂျင်စင်း) နဲ့ Garlic (ကြက်သွန်ဖြူ) စတဲ့ ရှိတဲ့ အရာများက သွေးအတွင်း (Potassium) ပိုတတ်စီယမ်ဓာတ် ဖြစ်ပေါ်ခြင်းကို မြင့်တတ်စေပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို ဆေးနေရတဲ့ လူနာများအတွက်ကတော့ သွေးလွှတ်ကြောအတွင်း သွေးခဲခြင်း ၊ သွေးလွှများအတွင် သွေးယိုစီးမှုများကို ဖြစ်ပေါ်စေနိုင်တာကြောင့် အသုံးပြုခြင်းကို သတိထားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

 

ကျောက်ကပ် ဝေဒနာရှင်များက ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်သော စွမ်းရှည်များ ကျဆင်းနေတာကြောင့် အထက်ဖော်ပြပါ ဆေးတောင့် နဲ့ ဆေးရည် (ပိုတတ်စီယမ်မြင့်တတ်စေသောဆေးဝါး) တွေက နှလုံး နဲ့ ကျောက်ကပ်ကို ဒုက္ခလှလှလေး ပေးသွားနိုင်ပါတယ်။

 

ကျောက်ကပ်လူနာများအတွက်လမ်းညွှန်

ကျောက်ကပ်လူနာများအနေဖြင့် မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို ဆရာဝန်များနဲ့ ပြသပါဖို့ လိုပါမယ်။ အကယ်၍ ဖျားနာခြင်း ဒါမှမဟုတ် ကိုယ်လက် ကိုက်ခဲခြင်း အစရှိသရွေ့ တစ်ခုခုဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ပြသပါ။

အကြောင်းတစုံတစ်ရာကြောင့် ပျို့ခြင်း ၊ အန်ခြင်း၊ ကြွက်သားနာကျင်ခြင်း ၊ ခြေလက်ထုံကျဉ်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း ၊ ဆီးခဏခဏသွားခြင်း ၊ ဆီးကျဉ်ခြင်း ၊ အရေပြားယားယံခြင်း ၊ ခြေလက်များ ဖောရောင်ခြင်း ၊ မောပန်းခြင်း အစရှိတဲ့ လက္ခဏများ နဲ့ တစုံတစ်ခု လက္ခဏများ ဖြစ်ပေါ်လာပါက အမြန်ဆုံ ဆရာဝန် ပြသဖို့ လိုပါမယ်။

Ref: Bumrungrad

(Health Products Directory)

 

{Zawgyi}

ေက်ာက္ကပ္လူနာမ်ား ေရွာင္ၾကည့္သင့္ေသာ ေဆးဝါးမ်ား

ခႏၶာကိုယ္အတြင္းမွာရွိတဲ့ အာဟာရဓာတ္ေတြကို ထိန္းသိမ္းျခင္း ႏွင့္ ခႏၶာကိုယ္မွ ထြက္ရွိလာတဲ့ အညစ္အေၾကးေတြကို ေက်ာက္ကပ္က တဆင့္ စြန္႔ထုတ္ပစ္ရပါတယ္။ ဒီလုိလုပ္ေဆာင္ခ်က္ေတြကို ျပဳလုပ္ဖို႔အတြက္ ေက်ာက္ကပ္ မေကာင္းတဲ့ လူနာအတြက္ကေတာ့ ေက်ာက္ကပ္ အဆိပ္သင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

ဒါေၾကာင့္ ေက်ာက္ကပ္ ေဝဒနာရွင္မ်ား အေနျဖင့္ ဖ်ားနာျခင္း ျဖစ္ေပၚတဲ့အခါ အကိုက္ခဲေပ်ာက္ေဆး ၊ အေအးမိျခင္း ၊ ေခ်ာင္းဆိုေပ်ာက္ေဆး ၊ ဝမ္းႏႈတ္ေဆး ၊ ဗီတာမင္ေဆး ၊ ျဖည့္စြက္စာ စတဲ့အရာေတြကို ေဆးဆိုင္မွာ အလြယ္တကူ ဝယ္ယူ ေသာက္သံုးတာေတြကို ေတြ႕ရပါတယ္။ ဒီလို အလြယ္တကူ ဝယ္ယူေသာက္သံုးျခင္းေတြက က်န္းမာေရးမ်ားစြာ ထိခိုက္ နစ္နာျခင္းေတြ ရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္ ေဝဒနာရွင္မ်ားအေနနဲ႔ ေရွာင္ၾကည္သင့္ဖို႔ လိုပါတယ္။

 

ဒါ့အျပင္ (non-steroidal anti-inflammatory drugs) မဟုတ္တဲ့ NSAID ေဆးအုပ္စုဝင္မ်ား ျဖစ္တဲ့ Ibuprofen (အိုင္ဗ်ဴပ႐ိုဖန္) ၊ mefenamic acid (မက္ဖီနမစ္အက္ဆစ္) ၊naproxen (နာပ႐ိုစန္) ၊ piroxicam (ပိုင္႐ိုစီကမ္) ၊ meloxicam (မယ္လိုစီကမ္) ၊ diclofenac (ဒိုင္ကလိုဖန္းနက္) ၊ celecoxib (ဆယ္လီကိုဇစ္) ၊ etoricoxib (အီတိုရီကိုဇစ္) အစရွတဲ့ အကိုက္ခဲေပ်ာက္ေဆးေတြက ခႏၶာကိုယ္မွ တဆင့္ ေက်ာက္ကပ္ဆီသို႔ ေသြးလည္ပတ္မႈေတြကို ေလ်ာ့က်ေစၿပီး ေက်ာက္ကပ္ရဲ႕ အလုပ္လုပ္ႏိုင္စြမ္းရည္ကို က်ဆင္းေစႏိုင္ပါတယ္။

"ဆယ္ေက်ာ္သက္ေတြ ဘာေၾကာင့္ အေၾကာျပတ္တာလဲ" ဖတ္ရႈရန္ ႏွိပ္ပါ။

ဆယ္ေက်ာ္သက္ေတြ ဘာေၾကာင့္ အေၾကာျပတ္တာလဲ

ဆိုဒီယမ္(ဆားဓာတ္) ပါေသာ ဓာတ္ဆား ႏွင့္ အက္စ္ပရင္း ကဲ့သို႔ေသာ ေဆးဝါးမ်ားႏွင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြ ဆားဓာတ္မ်ား ပါဝင္တာေၾကာင့္ ခႏၶာကိုယ္တြင္ က်န္ရစ္ေနၿပီး ေက်ာက္ကပ္ ေဝဒနာရွင္မ်ား အတြက္ ႏွလံုးကို အလြယ္တကူ ထိခိုက္မႈမ်ား ရွိႏိုင္ပါတယ္။

ဝမ္းႏႈတ္ေဆး (Laxatives) ႏွင့္ အလ်ဴမီနီယမ္ ႏွင့္ မက္ဂနီစီယမ္ ပါေသာ အစာအိမ္ေဆးမ်ား (antacids containing aluminum and magnesium) အစရွိတဲ့ ဓာတ္ေတြက ေသြးအတြင္းမ်ားစြာ စံုပံုလာတဲ့ အခါ အာရံုေၾကာစနစ္ ႏွင့္ ဦးေႏွာက္ကိုပါ ထိခိုက္မႈမ်ား ရွိႏိုင္ပါတယ္။ ဒါ့အျပင္ ဝမ္းႏႈန္းေဆး (Laxztives) ႏွင့္ စအိုမွ ထည့္သြင္းရေသာ ေဆးေတာင့့္ (Suppositories) မ်ားက ခႏၶာကိုယ္အတြင္း ေရဓာတ္ကို ျခမ္းေျခာက္ေစၿပီး ေသြးအတြင္း ေဖာ့စဖိတ္ (phosphate) ဓာတ္မ်ား ျမင့္တတ္လာေစပါတယ္။

 

ေဆးဖက္ဝင္အပင္ မ်ားျဖစ္တဲ့ Gingo Biloba (ဂင္ဂို ဘီလိုဘာ) ၊ Ginseng (ဂ်င္စင္း) နဲ႔ Garlic (ၾကက္သြန္ျဖဴ) စတဲ့ ရွိတဲ့ အရာမ်ားက ေသြးအတြင္း (Potassium) ပိုတတ္စီယမ္ဓာတ္ ျဖစ္ေပၚျခင္းကို ျမင့္တတ္ေစပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္ကို ေဆးေနရတဲ့ လူနာမ်ားအတြက္ကေတာ့ ေသြးလႊတ္ေၾကာအတြင္း ေသြးခဲျခင္း ၊ ေသြးလႊမ်ားအတြင္ ေသြးယိုစီးမႈမ်ားကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ အသံုးျပဳျခင္းကို သတိထားၿပီး ေရွာင္ၾကဥ္ဖို႔ လိုပါတယ္။

 

ေက်ာက္ကပ္ ေဝဒနာရွင္မ်ားက ေက်ာက္ကပ္ရဲ႕ အလုပ္လုပ္ႏိုင္ေသာ စြမ္းရွည္မ်ား က်ဆင္းေနတာေၾကာင့္ အထက္ေဖာ္ျပပါ ေဆးေတာင့္ နဲ႔ ေဆးရည္ (ပိုတတ္စီယမ္ျမင့္တတ္ေစေသာေဆးဝါး) ေတြက ႏွလံုး နဲ႔ ေက်ာက္ကပ္ကို ဒုကၡလွလွေလး ေပးသြားႏိုင္ပါတယ္။

 

ေက်ာက္ကပ္လူနာမ်ားအတြက္လမ္းၫႊန္

ေက်ာက္ကပ္လူနာမ်ားအေနျဖင့္ မိမိေသာက္သံုးေနတဲ့ ေဆးဝါးေတြကို ဆရာဝန္မ်ားနဲ႔ ျပသပါဖို႔ လိုပါမယ္။ အကယ္၍ ဖ်ားနာျခင္း ဒါမွမဟုတ္ ကိုယ္လက္ ကိုက္ခဲျခင္း အစရွိသေရြ႕ တစ္ခုခုျဖစ္ေပၚလာပါက ဆရာဝန္နဲ႔ျပသပါ။

အေၾကာင္းတစံုတစ္ရာေၾကာင့္ ပ်ိဳ႕ျခင္း ၊ အန္ျခင္း၊ ၾကြက္သားနာက်င္ျခင္း ၊ ေျခလက္ထံုက်ဥ္ျခင္း ၊ ဆီးမထိန္းႏိုင္ျခင္း ၊ ဆီးခဏခဏသြားျခင္း ၊ ဆီးက်ဥ္ျခင္း ၊ အေရျပားယားယံျခင္း ၊ ေျခလက္မ်ား ေဖာေရာင္ျခင္း ၊ ေမာပန္းျခင္း အစရွိတဲ့ လကၡဏမ်ား နဲ႔ တစံုတစ္ခု လကၡဏမ်ား ျဖစ္ေပၚလာပါက အျမန္ဆံု ဆရာဝန္ ျပသဖို႔ လိုပါမယ္။

Ref: Bumrungrad

(Health Products Directory)

Read times Last modified on Tuesday, 31 December 2019 00:41
Rate this item
(1 Vote)