What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 June 2022 13:17

ကျောက်ကပ် ပျက်စီးစေနိုင်သော အရာများ

အကိုက်အခဲပျောက်ဆေးတွေထဲမှာ ပါရှိတဲ့ ibuprofen ၊ motrin ၊ aleve ၊ acetaminophen စတဲ့ ဓာတ်များ က ကျောက်ကပ်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့ဝင်စေကာ ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

ဆီးရွှင်ဆေးများကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်း အားစိုက်၍ အလုပ်ခိုင်းစေကာ ရေဓာတ်ဆုံး ရှုံး စေတာကြောင့် ကျောက်ကပ် ပျက်စီးလွယ်ပါတယ်။

ကိုလက်စထရော ကျဆေးအချို့နှင့် ရိုးတွင်းခြင်ဆီ ကင်ဆာပျောက်ဆေး များရဲ့ဘေးထွက် ဆိုးကျိုးများက လည်း ကျောက်ကပ်ကျန်းမာရေး ကို အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ ပနစလင် တို့လို မိမိနှင့် ဓာတ်မတည့် တဲ့ ထိုးဆေးမျိုးကို မှားယွင်းစွာသုံးစွဲမိတဲ့အခါ၊ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင် ပါတယ်။

ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကမောက်က မဖြစ်စေပါတယ်။ အကယ်၍ ဆီးချို နှင့် သွေးတိုးရောဂါ ရှိသူများအတွက် ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ကျန်းမာရေးကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။

ရောဂါရှာဖွေရေး ကိရိယာများဖြစ်ကြတဲ့ CT scans နှင့် ဓာတ်မှန် ရိုက်ခြင်းတို့မှ ထွက်လာတဲ့ ရောင်ခြည် များက ကျောက်ကပ် အလုပ်လုပ်ခြင်းကို ကမောက် ကမဖြစ်စေနိုင်ပါတယ်။

ဗီတာမင်ဒီ ဆိုတာ ကလည်း steroid ဟော်မုန်း အမျိုးအစား တစ်ခုဖြစ်၍ ကျောက်ကပ်အပါအဝင် ခန္ဓာ ကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေပါတယ်။

ရေသောက်နည်းခြင်း ၊ အပူကြီး ဖျားနာ ၊ ပျို့အန် ၊ ဝမ်းသွား ၊ ချွေးထွက်လွန် ခြင်းတို့ကြောင့် ရေဓာတ် ခမ်းခြောက် ၍ ကျောက်ကပ် အလုပ်လုပ် မှု အားနည်းသွားစေပါတယ်။

ဆီးအိမ် ကျွံခြင်း ၊ သားအိမ်လျော့ခြင်း ၊ ဆီးကျိတ် ကင်ဆာ ၊ သားအိမ်တွင်း အဖုအကျိတ် စတဲ့ ဝေဒနာ များ ကလည်း ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းများ ကို အဟန့်အတားဖြစ် ကာ ကျောက်ကပ် ပျက်စီးသွားနိုင် ပါတယ်။

ဆီးသွားချင်စိတ် ကို လစ်လျူ မရှုသင့် ပါဘူး။ အကယ်၍ ဆီးတွေကို အောင့်ထားမိတဲ့ အခါ ၊ ဆီးအိမ်ထဲမှ ဆီးဟောင်းတွေကို ဆီးပြွန်မှ တဆင့် ကျောက်ကပ် ထံသို့ ပြောင်းပြန် ပြန်လည် စီးဆင်းလာပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ အချိန်မဆိုင်းဘဲ ဆေးဝါး ကုသမှု ခံယူသင့်ပါတယ်။ သို့မဟုတ်ပါ က ကျောက်ကပ် ကို ဘေးဖြစ်စေ ပါတယ်။

ပြည့်စုံ လုံလောက်တဲ့ အနားယူမှု ရှိပါစေ။ တစ်နေ့လျှင် ၄ နာရီခွဲ ခန့်သာ အိပ်စက်သော သူဟာ ရက်သတ္တတစ်ပတ်မျှ အကြာမှာ သိသိသာသာ စိတ်ဖိစီးမှု များလာပြီး ၊ အိပ်ချိန် ကစဉ့်ကလျားဖြစ်မှု ဟာ ကျောက်ကပ်ရောဂါကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။

ညနေ ၃ နာရီ မှ ၅ နာရီ အတွင်း ဆီးအိမ် မှ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက် များကို စွန့်ပစ် ချိန်ဖြစ်သောကြောင့် အနည်းဆုံး တစ်လီတာ မှ စပြီး ရေများ များသောက်ရန် လိုအပ်ပါတယ်။ ညနေ ၅ နာရီ မှ ၇ နာရီ ဟာ ကျောက်ကပ် အလုပ်လုပ်ချိန်ဖြစ်တာကြောင့်၊ ၎င်း အချိန်မှာ ရေချိုးနေစဉ် ဆီးသွားခြင်းရှောင် ပါ။ သို့မဟုတ်ပါက ကျောက်ကပ် ပျက်စီး လွယ်ပါတယ်။

ဗီတာမင်စီ ဆေးပြားတွေကို လိုအပ်တဲ့ ပမာထက်ပို၍ စားသုံးမိတဲ့ အခါ ကျောက်ကပ်မှာကျောက် တည်စေနိုင် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း လွန်ကဲစွာ စားမိပါကကျောက်ကပ် ပျက်စီးစေနိုင် ပါတယ်။

ရေ ကို လုံလောက်စွာသောက်ပေးပါ။ ရေဓာတ် ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ် ဟာ ကျောက် ကပ်ရောဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင် နှုန်း ရှှိပြီး ၊ ရေ ဓာတ်လုံလောက်နေလျှင် ၆၀ ရာခိုင်နှုန်းကာ ကွယ်ပေးနိုင်ပါတယ်။

သွေးတိုးခြင်း က ကျောက်ကပ် ထဲမှာ ပရိုတင်းဓာတ် လျော့နည်းစေပြီး ကျောက်ကပ် ကို ဖိစီးမှုဖြစ်စေ ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကိုယ်အလေးချိန် ထိန်းခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း ၊ အငန်လျော့ စားခြင်းတို့ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေးသင့် ပါတယ်။

Read times
Rate this item
(0 votes)