What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 February 2020 15:46

ရန်ကုန်မြို့တော် သောက်သုံးရေ ကလိုရင်းဆေးခတ်ခြင်း သိထားသင့်တဲ့ အချက်များ

ကလိုရင်းအနံ့ကို မကြိုက်၍ ဖယ်ရှားလိုပါက ဘယ်လိုလုပ်ရမလဲ။ ကလိုရင်းဆေးခတ်ခြင်းဆိုတာ ဘာလဲ။ အကျိုးကျေးဇူးက ဘာတွေလဲ။

ဘယ်နေရာတွေမှာ ကလိုရင်းဆေးရည်ခတ်ပြီး သန့်စင်မှာလဲ။ မည်သည့်ပမာဏဖြင့် ခတ်မှာလဲ။ လူကို အန္တရာယ်ဖြစ်စေမှာလား။


အသိပေးကြေညာချက်
===========
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)သည် ရန်ကုန်မြို့တော်နေ မြို့တော်သူ၊ မြို့တော်သားများ ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေများ သုံးစွဲနိုင်ရန် အတွက် ပေးဝေလျက်ရှိသည့် ရေထဲသို့ ကလိုရင်းဆေးခတ်သန့်စင်ခြင်းလုပ်ငန်းကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ကလိုရင်းဆေးခတ်သန့်စင်ခြင်းသည် သောက်သုံးရေသန့်များရရှိစေရန်အတွက် လူတို့၏ ကျန်းမာရေးကိုထိခိုက်နိုင်သည့် ပိုးမွှားများအား သန့်စင်သည့်နည်းစနစ်တစ်ခုဖြစ်ပြီး ကမ္ဘာ နှင့်အဝှမ်း အသုံးပြုလျက်ရှိကာလူတို့၏ ကျန်းမာရေးကိုမထိခိုက်စေရန် အကာအကွယ်ပေးသည့် နည်းစနစ်ဖြစ်ပါသည်။

၃။ ကလိုရင်းဆေးခတ်သန့်စင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ် ထားသည့် ညွှန်ကြားချက်အတိုင်း ရေသုံးစွဲသူပြည်သူများ၏ ကျန်းမာရေးကို မထိခိုက်သော ပမာဏဖြစ်သည့် 4 mg/L ထက် မများသည့်နှုန်းဖြင့် အသုံးပြုသန့်စင်သွားမည် ဖြစ်ပါသည်။ ရေတွင်ပါဝင်သော ဘက်တီးရီးယားများနှင့် ဓာတုပစ္စည်းများအားကလိုရင်းဖြင့် ဓါတ်ပြုသန့်စင် သွားမည်ဖြစ်ပြီး ပြင်ပမှ ပိုးမွှားဘက်တီးရီးယားများ ဝင်ရောက်ရှင်သန်ပေါက်ဖွားခြင်း မပြုနိုင်ရေး ကလိုရင်းဓါတ်များ (Residual Chlorine) ကြွင်းကျန်မှုရှိနေစေရန် ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ပြည်သူလူထုအားပေးဝေသည့် သောက်သုံးရေတွင် ကလိုရင်းအနံ့ ရရှိမည်ဖြစ်ပါသည်။

၄။ ၎င်း ကလိုရင်းအနံ့ရရှိခြင်းသည် ရေတွင်ပေါက်ဖွားနိုင်သော ရောဂါပိုးမွှားများအား ဆေးခတ်သန့်စင်ပြီးဖြစ်ကြောင်းနှင့် ကျန်းမာရေးကိုမထိခိုက်ဘဲ ရေကောင်းရေသန့်အဖြစ် သုံးစွဲနိုင်ကြောင်း အထောက်အထားဖြစ်ပါသည်။ ကလိုရင်းအနံ့အား ကြိုက်နှစ်သက်မှုမရှိပါက တစ်ရက်တာ သိုလှောင်ထားခြင်းဖြင့်လည်းကောင်း၊ မိနစ်အနည်းငယ် ကြိုချက်ခြင်းဖြင့် လည်းကောင်း၊ သံပုရာရည် သို့မဟုတ် ရှောက်ရည်အနည်းငယ် ရောထည့်ပေးခြင်းဖြင့် လည်းကောင်း ကလိုရင်းအနံ့မပါရှိအောင် ပြုလုပ်ပေးနိုင်ပါသည်။

၅။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပေးဝေသည့်ရေတွင် ကလိုရင်း ဆေးခတ်သန့်စင်ခြင်းလုပ်ငန်းကြောင့် ကလိုရင်းအနံ့များရရှိပါက စိုးရိမ်ရန်မရှိ ကြောင်းနှင့် ပိုးသတ်သန့်စင်ထားသည့် လက္ခဏာဖြစ်၍ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

သိထားသင့်တဲ့ အချက်များ
==========

ကလိုရင်းဆေးခတ်ခြင်းဆိုတာ ဘာလဲ။
ကလိုရင်းဆေးခတ်သန့်စင်ခြင်းသည် လူတို့၏ကျန်းမာရေးကို ထိခိုက် နိုင်သော ဘက်တီးရီးယား
များနှင့် ရေတွင်ပါဝင်သောဓာတုပစ္စည်းများကို ကလိုရင်းဖြင့် ဓာတ်ပြု သန့်စင်စေခြင်းဖြစ်ပါသည်။

ကလိုရင်းဆေးခတ်ရခြင်း၏ အကျိုးကျေးဇူးက ဘာတွေလဲ။
သောက်သုံးရေတွင် ကလိုရင်းဆေးခတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ပိုးသတ်သန့်စင်ထားသည့် သောက်သုံးရေအား သုံးစွဲနိုင်၍ မသန့်ရှင်းသည့် ရေကြောင့် ဖြစ်ပွားသည့် ရောဂါများမှ ကာကွယ်ပြီး ဖြစ်စေပါသည်။

ဘယ်နေရာတွေမှာ ကလိုရင်းဆေးရည်ခတ်ပြီး သန့်စင်မှာလဲ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရေပေးဝေလျက်ရှိသော ရေသန့်စင် စက်ရုံများ၊ ရေကူးရေတွန်းစက်ရုံနှင့် လှော်ကားရေပို့ပိုက်တို့တွင် ကလိုရင်းဆေးခတ် စက်ရုံများတည်ဆောက်ထားပြီး ကလိုရင်းဆေးခတ်သန့်စင်လျက်ရှိပါသည်။

ကလိုရင်းကို မည်သည့်ပမာဏဖြင့် ခတ်မှာလဲ။
ကလိုရင်းဆေးခတ်သန့်စင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတ်မှတ်ထား သည့် ညွှန်ကြားချက်အတိုင်း ရေသုံးစွဲသူများ၏ ကျန်းမာရေးကိုမထိခိုက်စေသော ပမာဏဖြစ်သည့် 4mg/l ထက် မများသည့်နှုန်းဖြင့် ဆေးခတ်သန့်စင်မည်ဖြစ်ပါသည်။

သောက်သုံးရေထဲမှာ ကလိုရင်းအကြွင်းအကျန်တွေရှိနေရင် လူကို အန္တရာယ်ဖြစ်စေမှာလား။
ရေသုံးစွဲသူများ၏ အိမ်သွယ်ရေပိုက်ခေါင်း (tap water)တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်ထားသည့် ကလိုရင်းအကြွင်းအကျန်
(Residual Chlorine) ပမာဏဖြစ်သော (0.2 mg/l ~ 1.0 mg/l) အတွင်းရှိစေရန် စီမံထားပြီး ကြွင်းကျန်ပမာဏကိုလည်း နေ့စဉ်တိုင်းတာသွားမည်ဖြစ်၍ အိမ်မွေး တိရစ္ဆာန်များဖြစ်သော ခွေး၊ ကြောင်များပင်လျှင် သောက်သုံးနိုင်သည့် အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပေးဝေလျက်ရှိသော ရေပိုက်လိုင်းများရှိ ကလိုရင်းအကြွင်းအကျန်သည် လူကိုအန္တရာယ်မဖြစ်စေနိုင်ပါ။

ပိုက်လိုင်းရေတွင် ပါဝင်လာသည့် ကလိုရင်းအနံ့ကို မကြိုက်၍ ဖယ်ရှားလိုပါက ဘယ်လိုလုပ်ရမလဲ။
ကလိုရင်းအနံ့ဖယ်ရှားရန်အတွက် နည်းလမ်း (၃)သွယ်ရှိပါသည် -
(၁) ပထမနည်းလမ်းမှာ ရေထဲသို့ ရှောက်သီး (သို့မဟုတ်) သံပရာသီးအနည်းငယ်ညှစ်ထည့်၍ ဖယ်ရှားနိုင်ပါသည်။
(၂) ဒုတိယနည်းလမ်းမှာ ကလိုရင်းပါသော ရေကို ရေခဲသေတ္တာအတွင်းထည့်ကာ ရေခဲ (သို့မဟုတ်)ရေခဲရည် ပြုလုပ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။
(၃) တတိယနည်းလမ်းမှာ ရေနွေးအဖြစ် ကျိုချက်၍ အသုံးပြုခြင်းဖြင့် ကလိုရင်းအနံ့ကို ဖယ်ရှားနိုင်ပါသည်။

အထက်ပါနည်းအတိုင်း ကလိုရင်းအနံ့ဖယ်ရှားထားသော ရေကိုဘယ်လောက် ကြာကြာ အသုံးပြု၍ ရပါသလဲ။
ရေတွင် ပါဝင်လာသော ကလိုရင်းဓာတ်များ ပျက်ပြယ်မှု မရှိစေရန်နှင့် ပြင်ပမှ ပိုးမွှားများ ဝင်ရောက်မှု မရှိစေရန်အတွက် ကလိုရင်းအနံ့ ဖယ်ရှားထားသောရေကို ၂၄ နာရီ အတွင်းသာ အသုံးပြုသင့်ပါသည်။

ကလိုရင်း ခတ်ထားသော ရေကို အလှမွေးငါးကန်များတွင် ထည့်လို့ရပါသလား။
ရေတွင် ပါဝင်လာသော ကလိုရင်းဓာတ်များ ပျက်ပြယ်သွားစေရန် ပြင်ပနေရောင်ခြည်တွင် (၂၄)နာရီခန့် ထားရှိပြီးပါက အလှမွေးငါးကန်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။

 

zawgyi

ရန္ကုန္ၿမိဳ႕ေတာ္ ေသာက္သုံးေရ ကလိုရင္းေဆးခတ္ျခင္း သိထားသင့္တဲ့ အခ်က္မ်ား

ကလိုရင္းအနံ႔ကို မၾကိဳက္၍ ဖယ္ရွားလိုပါက ဘယ္လိုလုပ္ရမလဲ။ ကလိုရင္းေဆးခတ္ျခင္းဆိုတာ ဘာလဲ။ အက်ိဳးေက်းဇူးက ဘာေတြလဲ။
ဘယ္ေနရာေတြမွာ ကလိုရင္းေဆးရည္ခတ္ၿပီး သန႔္စင္မွာလဲ။ မည္သည့္ပမာဏျဖင့္ ခတ္မွာလဲ။ လူကို အႏၲရာယ္ျဖစ္ေစမွာလား။


အသိေပးေၾကညာခ်က္
===========
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေရရရွိေရးႏွင့္ ေရေပးေဝေရး လုပ္ငန္းတာဝန္ခံအဖြဲ႕၊ အင္ဂ်င္နီယာဌာန(ေရႏွင့္သန႔္ရွင္းမႈ)သည္ ရန္ကုန္ၿမိဳ႕ေတာ္ေန ၿမိဳ႕ေတာ္သူ၊ ၿမိဳ႕ေတာ္သားမ်ား က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ေသာက္သုံးေရမ်ား သုံးစြဲႏိုင္ရန္ အတြက္ ေပးေဝလ်က္ရွိသည့္ ေရထဲသို႔ ကလိုရင္းေဆးခတ္သန႔္စင္ျခင္းလုပ္ငန္းကို မၾကာမီ ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

၂။ ကလိုရင္းေဆးခတ္သန႔္စင္ျခင္းသည္ ေသာက္သုံးေရသန႔္မ်ားရရွိေစရန္အတြက္ လူတို႔၏ က်န္းမာေရးကိုထိခိုက္ႏိုင္သည့္ ပိုးမႊားမ်ားအား သန႔္စင္သည့္နည္းစနစ္တစ္ခုျဖစ္ၿပီး ကမာၻ ႏွင့္အဝွမ္း အသုံးျပဳလ်က္ရွိကာလူတို႔၏ က်န္းမာေရးကိုမထိခိုက္ေစရန္ အကာအကြယ္ေပးသည့္ နည္းစနစ္ျဖစ္ပါသည္။

၃။ ကလိုရင္းေဆးခတ္သန႔္စင္ရာတြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သတ္မွတ္ ထားသည့္ ၫႊန္ၾကားခ်က္အတိုင္း ေရသုံးစြဲသူျပည္သူမ်ား၏ က်န္းမာေရးကို မထိခိုက္ေသာ ပမာဏျဖစ္သည့္ 4 mg/L ထက္ မမ်ားသည့္ႏႈန္းျဖင့္ အသုံးျပဳသန႔္စင္သြားမည္ ျဖစ္ပါသည္။ ေရတြင္ပါဝင္ေသာ ဘက္တီးရီးယားမ်ားႏွင့္ ဓာတုပစၥည္းမ်ားအားကလိုရင္းျဖင့္ ဓါတ္ျပဳသန႔္စင္ သြားမည္ျဖစ္ၿပီး ျပင္ပမွ ပိုးမႊားဘက္တီးရီးယားမ်ား ဝင္ေရာက္ရွင္သန္ေပါက္ဖြားျခင္း မျပဳႏိုင္ေရး ကလိုရင္းဓါတ္မ်ား (Residual Chlorine) ႂကြင္းက်န္မႈရွိေနေစရန္ ေဆာင္႐ြက္ သြားမည္ျဖစ္သျဖင့္ ျပည္သူလူထုအားေပးေဝသည့္ ေသာက္သုံးေရတြင္ ကလိုရင္းအနံ႔ ရရွိမည္ျဖစ္ပါသည္။

၄။ ၄င္း ကလိုရင္းအနံ႔ရရွိျခင္းသည္ ေရတြင္ေပါက္ဖြားႏိုင္ေသာ ေရာဂါပိုးမႊားမ်ားအား ေဆးခတ္သန႔္စင္ၿပီးျဖစ္ေၾကာင္းႏွင့္ က်န္းမာေရးကိုမထိခိုက္ဘဲ ေရေကာင္းေရသန႔္အျဖစ္ သုံးစြဲႏိုင္ေၾကာင္း အေထာက္အထားျဖစ္ပါသည္။ ကလိုရင္းအနံ႔အား ႀကိဳက္ႏွစ္သက္မႈမရွိပါက တစ္ရက္တာ သိုေလွာင္ထားျခင္းျဖင့္လည္းေကာင္း၊ မိနစ္အနည္းငယ္ ႀကိဳခ်က္ျခင္းျဖင့္ လည္းေကာင္း၊ သံပုရာရည္ သို႔မဟုတ္ ေရွာက္ရည္အနည္းငယ္ ေရာထည့္ေပးျခင္းျဖင့္ လည္းေကာင္း ကလိုရင္းအနံ႔မပါရွိေအာင္ ျပဳလုပ္ေပးႏိုင္ပါသည္။

၅။ သို႔ျဖစ္ပါ၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ေပးေဝသည့္ေရတြင္ ကလိုရင္း ေဆးခတ္သန႔္စင္ျခင္းလုပ္ငန္းေၾကာင့္ ကလိုရင္းအနံ႔မ်ားရရွိပါက စိုးရိမ္ရန္မရွိ ေၾကာင္းႏွင့္ ပိုးသတ္သန႔္စင္ထားသည့္ လကၡဏာျဖစ္၍ ယုံၾကည္စိတ္ခ်စြာ သုံးစြဲႏိုင္ပါေၾကာင္း ႀကိဳတင္အသိေပး ေၾကညာအပ္ပါသည္။

ေရရရွိေရးႏွင့္ ေရေပးေဝေရးလုပ္ငန္းတာဝန္ခံအဖြဲ႕
အင္ဂ်င္နီယာဌာန(ေရႏွင့္သန႔္ရွင္းမႈ)
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ

သိထားသင့္တဲ့ အခ်က္မ်ား
==========

ကလိုရင္းေဆးခတ္ျခင္းဆိုတာ ဘာလဲ။
ကလိုရင္းေဆးခတ္သန္႔စင္ျခင္းသည္ လူတို႔၏က်န္းမာေရးကို ထိခိုက္ ႏိုင္ေသာ ဘက္တီးရီးယား
မ်ားႏွင့္ ေရတြင္ပါဝင္ေသာဓာတုပစၥည္းမ်ားကို ကလိုရင္းျဖင့္ ဓာတ္ျပဳ သန္႔္စင္ေစျခင္းျဖစ္ပါသည္။

ကလိုရင္းေဆးခတ္ရျခင္း၏ အက်ိဳးေက်းဇူးက ဘာေတြလဲ။
ေသာက္သုံးေရတြင္ ကလိုရင္းေဆးခတ္ျခင္းျဖင့္ က်န္းမာေရးႏွင့္ညီညြတ္ေသာ ပိုးသတ္သန္႔စင္ထားသည့္ ေသာက္သုံးေရအား သုံးစြဲႏိုင္၍ မသန္႔ရွင္းသည့္ ေရေၾကာင့္ ျဖစ္ပြားသည့္ ေရာဂါမ်ားမွ ကာကြယ္ၿပီး ျဖစ္ေစပါသည္။

ဘယ္ေနရာေတြမွာ ကလိုရင္းေဆးရည္ခတ္ၿပီး သန႔္စင္မွာလဲ။
ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေရေပးေဝလ်က္ရွိေသာ ေရသန႔္စင္ စက္႐ုံမ်ား၊ ေရကူးေရတြန္းစက္႐ုံႏွင့္ ေလွာ္ကားေရပို႔ပိုက္တို႔တြင္ ကလိုရင္းေဆးခတ္ စက္႐ုံမ်ားတည္ေဆာက္ထားၿပီး ကလိုရင္းေဆးခတ္သန္႔စင္လ်က္ရွိပါသည္။

ကလိုရင္းကို မည္သည့္ပမာဏျဖင့္ ခတ္မွာလဲ။
ကလိုရင္းေဆးခတ္သန႔္စင္ရာတြင္ ကမၻာ့က်န္းမာေရးအဖြဲ႕(WHO) က သတ္မွတ္ထား သည့္ ၫႊန္ၾကားခ်က္အတိုင္း ေရသုံးစြဲသူမ်ား၏ က်န္းမာေရးကိုမထိခိုက္ေစေသာ ပမာဏျဖစ္သည့္ 4mg/l ထက္ မမ်ားသည့္ႏႈန္းျဖင့္ ေဆးခတ္သန႔္စင္မည္ျဖစ္ပါသည္။

ေသာက္သုံးေရထဲမွာ ကလိုရင္းအၾကြင္းအက်န္ေတြရွိေနရင္ လူကို အႏၲရာယ္ျဖစ္ေစမွာလား။
ေရသုံးစြဲသူမ်ား၏ အိမ္သြယ္ေရပိုက္ေခါင္း (tap water)တြင္ ကမၻာ့ က်န္းမာေရးအဖြဲ႕(WHO)က သတ္မွတ္ထားသည့္ ကလိုရင္းအၾကြင္းအက်န္
(Residual Chlorine) ပမာဏျဖစ္ေသာ (0.2 mg/l ~ 1.0 mg/l) အတြင္းရွိေစရန္ စီမံထားၿပီး ၾကြင္းက်န္ပမာဏကိုလည္း ေန႕စဥ္တိုင္းတာသြားမည္ျဖစ္၍ အိမ္ေမြး တိရစာၦန္မ်ားျဖစ္ေသာ ေခြး၊ ေၾကာင္မ်ားပင္လွ်င္ ေသာက္သုံးႏိုင္သည့္ အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေပးေဝလ်က္ရွိေသာ ေရပိုက္လိုင္းမ်ားရွိ ကလိုရင္းအၾကြင္းအက်န္သည္ လူကိုအႏၲရာယ္မျဖစ္ေစႏိုင္ပါ။

ပိုက္လိုင္းေရတြင္ ပါဝင္လာသည့္ ကလိုရင္းအနံ႔ကို မၾကိဳက္၍ ဖယ္ရွားလိုပါက ဘယ္လိုလုပ္ရမလဲ။
ကလိုရင္းအနံ႔ဖယ္ရွားရန္အတြက္ နည္းလမ္း (၃)သြယ္ရွိပါသည္ -
(၁) ပထမနည္းလမ္းမွာ ေရထဲသို႔ ေရွာက္သီး (သို႔မဟုတ္) သံပရာသီးအနည္းငယ္ညႇစ္ထည့္၍ ဖယ္ရွားႏိုင္ပါသည္။
(၂) ဒုတိယနည္းလမ္းမွာ ကလိုရင္းပါေသာ ေရကို ေရခဲေသတၱာအတြင္းထည့္ကာ ေရခဲ (သို႔မဟုတ္)ေရခဲရည္ ျပဳလုပ္ျခင္းျဖင့္ ဖယ္ရွားႏိုင္ပါသည္။
(၃) တတိယနည္းလမ္းမွာ ေရေႏြးအျဖစ္ က်ိဳခ်က္၍ အသုံးျပဳျခင္းျဖင့္ ကလိုရင္းအနံ႕ကို ဖယ္ရွားႏိုင္ပါသည္။

အထက္ပါနည္းအတိုင္း ကလိုရင္းအနံ႔ဖယ္ရွားထားေသာ ေရကိုဘယ္ေလာက္ ၾကာၾကာ အသုံးျပဳ၍ ရပါသလဲ။
ေရတြင္ ပါဝင္လာေသာ ကလိုရင္းဓာတ္မ်ား ပ်က္ျပယ္မႈ မရွိေစရန္ႏွင့္ ျပင္ပမွ ပိုးမႊားမ်ား ဝင္ေရာက္မႈ မရွိေစရန္အတြက္ ကလိုရင္းအနံ႔ ဖယ္ရွားထားေသာေရကို ၂၄ နာရီ အတြင္းသာ အသုံးျပဳသင့္ပါသည္။

ကလိုရင္း ခတ္ထားေသာ ေရကို အလွေမြးငါးကန္မ်ားတြင္ ထည့္လို႕ရပါသလား။
ေရတြင္ ပါဝင္လာေသာ ကလိုရင္းဓာတ္မ်ား ပ်က္ျပယ္သြားေစရန္ ျပင္ပေနေရာင္ျခည္တြင္ (၂၄)နာရီခန္႔ ထားရွိၿပီးပါက အလွေမြးငါးကန္မ်ားတြင္ ထည့္သြင္းအသုံးျပဳႏိုင္ပါသည္။

Read times Last modified on Thursday, 06 February 2020 15:50
Rate this item
(0 votes)