What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 August 2021 20:51

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များအား COVID-19 ရောဂါကာကွယ်ဆေး Sinopharm Vaccine ကို စတင်ထိုးနှံခဲ့ပါသည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ တင်သွင်းလာသော COVID-19 ရောဂါကာကွယ်ဆေး Sinopharm Vaccine ကို မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ပထထမဦးစားပေးအနေဖြင့် စာရင်းကောက်ခံပြီးခဲ့သော အသင်း၏ ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင်များအပါအဝင် အသင်းဝင်များအား ယနေ့ (၂၆၊ ၈၊ ၂၀၂၁)ရက်နေ့မှ စတင်ပြီး သု၀ဏ္ဏဘူမိ Event Park တွင် COVID-19 ရောဂါကာကွယ်ဆေး Sinopharm Vaccine စတင်ထိုးနှံပေးနေပြီဖြစ်ပါသည်။

ထပ်မံ၍လည်း အသင်းဝင်ကုမ္ပဏီများ၏ BOD အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး Sinopharm Vaccine ထိုးနှံနိုင်စေရန်အတွက် စာရင်းကောက်ခံမှုဆောင်ရွက်ပြီးစီးပြီဖြစ်၍ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


MCCPMD

Read times
Rate this item
(0 votes)