What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 08 August 2021 08:57

အိန္ဒိယနိုင်ငံ Panacea Biotec က ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေး ထုတ်လုပ်မည်

အိန္ဒိယနိုင်ငံ Panacea Biotec က ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေး ထုတ်လုပ်မည်။

အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
ကာကွယ်ဆေးထုတ်လုပ်ရေး လိုင်စင်သဘောတူညီချက်အရ Panacea Biotec အနေဖြင့် ရုရှားနိုင်ငံရှိ Generium ကုမ္ပဏီက ထုတ်လုပ်ထားသော ဆေးဝါးပါဝင်ပစ္စည်းအား အဆင်သင့်ဖြည့်တင်း အသုံးပြုကာ Sputnik V ကာကွယ်ဆေး ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအရာများအားလုံးကို အိန္ဒိယနိုင်ငံ၌ ဖြန့်ချိရေးအတွက် နောက်ထပ် အိန္ဒိယ ပုဂ္ဂလိက ဆေးကုမ္ပဏီဖြစ်သော Dr Reddy's Laboratories ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက အိန္ဒိယ ကုမ္ပဏီအား ကာကွယ်ဆေးထုတ်လုပ်ရန် လိုင်စင်ထုတ်ပေးခဲ့ပြီးနောက် Panacea Biotec သည် ကာကွယ်ဆေး ထုတ်လုပ်မှု လိုင်စင်ကို ဇူလိုင်လက ရရှိခဲ့ခြင်းဖြစ်သည်။
မေလအစောပိုင်းကလည်း ကာကွယ်ဆေးအသုတ်များအား အိန္ဒိယနိုင်ငံရှိ Panacea Biotec ၏ အဆောက်အအုံ၌ ထုတ်လုပ်ခဲ့ပြီး အရည်အသွေးထိန်းချုပ်ရန်အတွက် ရုရှားနိုင်ငံရှိ Gamaleya စင်တာသို့ တင်ပို့ခဲ့ကြောင်း၊ ၎င်းကာကွယ်ဆေးများမှာ ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နေရာလုံးတွင် အရည်အသွေး သတ်မှတ်ချက်များအားလုံး ရှင်းရှင်းလင်းလင်း အောင်မြင်ခဲ့ကြောင်း သိရသည်။
မော်စကိုအခြေစိုက် Gamaleya အင်စတီကျုမှ ထုတ်လုပ်သော Sputnik V ကာကွယ်ဆေးသည် Astrazeneca ၏ Covishield နှင့် အိန္ဒိယ Bharat Biotech ကုမ္ပဏီ၏ Covaxin ပြီးနောက် အိန္ဒိယနိုင်ငံ၌ တတိယမြောက် ခွင့်ပြုထားသည့် ကာကွယ်ဆေးလည်း ဖြစ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှု ၄၈၉ သန်းကျော် ပြီးစီးခဲ့ပြီး လက်ရှိ COVID-19 ရောဂါဖြစ်ပွားသူ ၄၁၁,၀၇၆ ဦးနှင့်သေဆုံးသူ ၄၂၆,၂၉၀ ဦးရှိကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)