What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 November 2021 08:08

ကမ္ဘောဒီးယားနိုင်ငံက Sinovac ကာကွယ်ဆေးဖြင့် အသက် ၅ နှစ်အရွယ်ကလေးများအား ကာကွယ်ဆေး ထိုးနှံ

ကမ္ဘောဒီးယားနိုင်ငံသည် နိုဝင်ဘာ ၁ ရက်မှစ၍ တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် နိုင်ငံတစ်ဝှမ်းရှိ အသက် ၅ နှစ်အရွယ်ကလေးများအား ကာကွယ်ဆေး ထိုးနှံမှု စတင်သွားမည် ဖြစ်ကြောင်း

ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်နယ် နှင့် မြို့ပေါင်း ၂၅ ခုရှိ အသက် ၅ နှစ်အရွယ်ကလေးများအား နိုဝင်ဘာ ၁ ရက်မှစ၍ Sinovac ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ထိုးနှံမှု နှင့် ဒုတိယအကြိမ် ထိုးနှံမှုကြားကာလသည် ၂၈ ရက် ကြာမြင့်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အတွင်းဝန် Or Vandine က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံရာတွင် မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများသည် ကလေးငယ်များ၏ မွေးစာရင်း ၊ မိသားစုမှတ်တမ်းစာအုပ်များ သို့မဟုတ် နိုင်ငံကူးလက်မှတ်များအား ၎င်းတို့နှင့်အတူ ယူဆောင်လာရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနောက်ဆုံးလုပ်ဆောင်ချက်သည် ကမ္ဘောဒီးယားနိုင်ငံ၌ လူဦးရေ ၁၆ သန်းအနက် ၈၅ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် အသက် ၆ နှစ်နှင့်အထက် လူပေါင်း ၁၃ ဒသမ ၇ သန်းအား COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးနှံပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လူဦးရေ ၁၆ သန်းအနက် ၁၃ ဒသမ ၀၅ သန်း သို့မဟုတ် ၈၁ ဒသမ ၆ ရာခိုင်နှုန်းသည် လိုအပ်သည့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုနှင့်အတူ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားကြောင်း နှင့် ၁ ဒသမ ၈၃ သန်း သို့မဟုတ် ၁၁ ဒသမ ၄ ရာခိုင်နှုန်းသည် တတိယအကြိမ် သို့မဟုတ် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ထားကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံမှု ဆောင်ရွက်ရာတွင် အများဆုံးအသုံးပြုသည့် COVID-19 ကာကွယ်ဆေးသည် တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)