What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 August 2021 10:40

ကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏီ BioNTech ၏ ဝင်ငွေမှာ ဒုတိယသုံးလပတ်တွင် ယူရို ၅.၃ ဘီလီယံထိ ခုန်တက်

BioNTech ကုမ္ပဏီ၏ ဝင်ငွေသည် ယမန်နှစ်အလားတူကာလ၌ ယူရို ၄၂ သန်းရှိခဲ့ရာမှ ယခုနှစ် ဒုတိယသုံးလပတ်တွင် ယူရို ၅.၃ ဘီလီလီယံ (အမေရိကန်ဒေါ်လာ ၆.၂ ဘီလီလီယံ) ထိ ခုန်တက်သွားခဲ့ကြောင်း

ဂျာမနီဇီဝနည်းပညာကုမ္ပဏီက သြဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။

ကုမ္ပဏီ၏ခန့်မှန်းခြေအသားတင်ဝင်ငွေသည်ယမန်နှစ်ကယူရို ၈၈.၃ သန်းဆုံးရှုံးခဲ့ပြီးနောက်၎င်း၏ COVID-19 ကာကွယ်ဆေးရောင်းချခြင်းမှ ယခုနှစ် ဒုတိယသုံးလပတ်တွင် ယူရို ၂.၈ ဘီလီယံအထိ တဟုန်ထိုးမြင့်တက်ခဲ့ကြောင်း BioNTech ၏ ထုတ်ပြန်ချက်အရ သိရသည်။


BioNTech သည် Pfizer နှင့်အတူ ၂၀၂၁ ပထမနှစ်ဝက်တွင်ကမ္ဘာတစ်ဝှမ်း COVID-19 ကာကွယ်ဆေးပေါင်း တစ်ဘီလီယံကျော်ကိုဖြန့်ဝေခဲ့သည်။


“ခြောက်လဆိုတဲ့ ကာလလေးမှာ ဒီလို မှတ်တိုင်ကို ရောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ mRNA ကိုယ်ပိုင်နည်းပညာ နဲ့ ခြားနားတဲ့လုပ်ဆောင်မှုကို ဖန်တီးနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်’’ ဟု အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Ugur Sahin ကပြောကြားသည်။


BioNTech သည် Pfizer နှင့်အတူ ယခုနှစ်တွင် COVID-19 ကာကွယ်ဆေး ၂.၂ ဘီလီယံကျော် နှင့် ၂၀၂၂ ခုနှစ် တွင်တစ်ဘီလီယံကျော်ထောက်ပံ့ရန် စာချုပ်များချုပ်ဆိုခဲ့သည်။ ထို့ကြောင့် ယင်းကုမ္ပဏီအနေဖြင့် ကာကွယ်ဆေးရောင်းချခြင်းမှ ဝင်ငွေ ယူရို ၁၅.၉ ဘီလီယံ အထိတိုးမြင့်ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။


အမေရိကန်ပြည်ထောင်စု Gaithersburg ရှိ TCR ဆဲလ်ကုထုံးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနှင့် ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုမကြာသေးမီက ဝယ်ယူခြင်းသည်ကုမ္ပဏီ အနေဖြင့် သီးခြားကင်ဆာဆေးဝါးတစ်ရပ်အတွက် ကမ္ဘာ့ဇီဝနည်းပညာ ကုမ္ပဏီအဖြစ် တည်ဆောက်ရန်အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းကုမ္ပဏီကအလေးအနက်ပြောကြားခဲ့သည်။

(၁ယူရို=အမေရိကန်ဒေါ်လာ ၁.၁၈ )

(Xinhua)

Read times Last modified on Wednesday, 11 August 2021 10:42
Rate this item
(0 votes)