What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 September 2018 15:29

အကြောဆေး သွင်းတော့မယ်ဆိုရင်

ဆေးခန်းတွင်မှာ အကြောဆေး သွင်းချင်လို့ပါဆိုပြီး လာသောလူနာမျိုးကို ဆေးခန်းထိုင်သော လူတိုင်း တွေ့ဖူးကြမယ်ထင်ပါတယ်။

 

အကြောအားဆေးတွင်များသောအားဖြင့် ဂလူးကို့စ်(glucose) နှင့် ဗီတာမင်ဓာတ်များ (vitamin B2, B6, B12 etc.) ထည့်သွင်းထိုးလေ့ရှိပါတယ်။ ဂလူးကို့စ်သည် အချိုဓာတ်ဖြစ်ပါတယ်။ အချိုဓာတ်သွေးထဲရောက်လာလျှင် ဦးနှောက်နှင့် တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ဆက်ရောက်သွားပါတယ်။ ထိုအခါ လူကလန်းဆန်းသွားသလို ခံစားရတက်ပါတယ်။ ပါဝင်သော ဗီတာမင်ဓာတ်များ ကြောင့်လည်း အားပိုရှိသွားသည်ဟုထင်ကြပါတယ်။ ထို့ကြောင့်လည်း အကြောအားဆေးသွင်းလျှင် အားရှိသွားသည်နေလို့ကောင်းသွားသည်ဟု ခံစားသွားကြရတယ် လို့ ထင်တက်ကြပါတယ်။

သို့သော်တကယ်တမ်း သိပ္ပံနည်းကျ တွက်ကြည့်လျှင်ရေရှည်အတွက် အာနိသင်သိပ်မထူးလှသည်ကိုတွေ့ရှိကြရမည်။ အကြောဆေးတစ်ခါသွင်းစာ ဂလူးကို့စ်တစ်လုံးတွင်၅ သို့ ၁၀ ဂရမ်သာ ပါလေ့ရှိပါတယ်။ ကီလိုကယ်လိုရီဆိုသော ယူနစ်နှင့်တွက်မယ်ဆိုရင် ၁၀ ဂရမ်တွင် မှ ၄၀ ကီလိုကယ်လိုရီသာ ရှိပါတယ်။

ထမင်းတစ်ခါစားသုံးတဲ့ အခါ ၃၀၀ ကီလိုကယ်လိုရီခန့်ရပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်ချက်သည် အကြမ်းအားဖြင့် ၂၀၀၀ ကီလိုကယ်လိုရီလိုအပ်ပါတယ်။ ထိုပမာဏကို ထမင်းအပြင် အဆီဓာတ်နှင့် အသားတွေ စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ ထိုကြောင့်အကြောထိုးဆေးမှရတဲ့ ကီလိုကယ်လိုရီသည် တစ်နေ့တာ လိုအပ်ချက်နှင့် ယှဉ်လျှင် ဘာမှမဟုတ်သည်ကို တွေ့နိုင်ပါတယ်။ ပုလင်းကြီးတစ်လုံး (၁၀ % ဂလူးကို့) တွင်ပင် ဂလူးကို့စ် ၅၀ ဂရမ်သာ ပါရာ ၂၀၀ ကီလိုကယ်လိုရီသာ ရပါလိမ့်မည်။ အကြောဆေး ဂလူးကို့စ်သည် အဓိကအားဖြင့်သွေးအတွင်း အချိုဓာတ်ကျနေသော လူများတွင် အဓိကသုံးကြခြင်းပါတယ်။

အကြောဆေးမှာ ဗီတာမင်ဓာတ်များသည် သွေးကြောထဲ တိုက်ရိုက်ရောက်သွားသည့် အတွက် အာနိသင် မြန်မြန်ရှိနိုင်ခြင်းမှာ မှန်သော်လည်း ပုံမှန်စားသောက်နိုင်သူတစ်ယောက်အတွက် ထိုးရလောက်အောင်မလိုအပ်ပါဘူး။ အစားအသောက်အတွင်း ပါသလောက်နှင့် လုံလောက်နိုင်သလို လိုအပ်ပါက အားဆေးသောက်လျှင်လည်း လုံလောက်နိုင်ပါတယ်။ ထို့ပြင် သွေးပေါင်ကျနေလျှင်လည်း ဂလူးကို့စ် အကြောဆေးသွင်းရုံနှင့်သွေးပေါင်ပြန်မတက်နိုင်ပါဘူး။

ဒါကြောင့် ပုံမှန်စားနိုင်သောက်နိုင်သူ တစ်ယောက်အတွက် သီးသန့်အကြောဆေးသွင်းရန် မလိုအပ်ပါဘူး။ အကြောဆေးသွင်းရန်လိုနေပြီဟုထင်နေကြသော နုံးခြင်း၊ အားမရှိခြင်းစသည့်လက္ခဏာ များကို အပေါ်တွင်ပြောခဲ့သလို ပိုတက်စီယမ်နည်းခြင်း ၊ ဆီးချိုဖြစ်ခြင်း စသည့်ရောဂါတစ်ခုခု၏ လက္ခဏာများဖြစ်နေတတ်ခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ထိုအခါမျိုးတွင်ဂလူးကို့စ်အကြောဆေးသွင်းလိုက်မှ ပိုဆိုးသွားတတ်ပါတယ်။ တခြားဘာရောဂါမျှမရှိလျှင်လည်း အကြောဆေးတွင်ပါသော ဓာတ်တစ်ခုခုကိုမတည့်ခြင်း ဖြစ်နိုင်ပါသေးတယ်။

ဆေးခန်းထိုင်ကြသော ဆရာဝန်များကြုံတွေ့နေကြရသော အခက်အခဲမှာ အကြောဆေးသွင်းလို၍ လာသောလူနာများတွင် ဖော်ပြပါရောဂါလက္ခဏာတစ်စုံတစ်ခု သံသယရှိ၍ ထပ်မံစစ်ဆေးလိုသည့်အခါ လူနာဘက်က အကြောဆေးသွင်းဖို့သာ အာရုံထားကြပြီး ဘာမှထပ်မစစ်ချင်ကြခြင်းဖြစ်ပါတယ်။ ဆရာဝန်က အကြောဆေးမသွင်းသင့်ဟု ရှင်းပြလိုက်လျှင်ပင်အကြောဆေးသွင်းပေးသော ရမ်းကုထံ ရောက်သွားတတ်ပါတယ်။ အကြောဆေးသွင်းခြင်းကို များစွာအကျိုးရှိသည်ဟု ထင်ကြခြင်း ဖြစ်ပါတယ်။ ထိုကြောင့်လည်း ယခုစာစုကို ရေးသားတင်ပြရခြင်း ဖြစ်ပါပါတယ်။

မလိုအပ်ဘဲ အကြောဆေးမသွင်းကြရန် ၊ ဆရာဝန်မှအကြောဆေးသွင်းရန် မသင့်တော်ကြောင်းရှင်းပြသည့်အခါ လက်ခံပြီး တခြားရောဂါများကို ဆက်ရှာရန် လိုအပ်လာပါက ဆက်လက်စစ်ဆေးမှုခံယူရန် အထူးအရေးကြီးကြောင်း တင်ပြလိုက်ပါတယ်။

source:Dr Pyae Phyo Kyaw (hellosayarwon)

Read:ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

Read times Last modified on Friday, 14 September 2018 15:43
Rate this item
(1 Vote)