What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 September 2021 15:18

တရုတ်က မြန်မာကို ကာကွယ်ဆေး တစ်သန်း ထပ်ပေးမယ်ပြော

တရုတ်က မြန်မာကို ကိုဗစ်ကာကွယ်ဆေး တစ်သန်း မကြာမီ ထပ်ပေးဖို့ရှိကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံးက ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့မှုဆိုင်ရာ အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကိုဗစ် ကာကွယ်ဆေး ၄ သန်းနီးပါး လှူဒါန်းထားတယ်လို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိုအပ်ချက်အရ ကိုဗစ်ကာကွယ်ဆေး လုံးရေ ၈.၆ သန်းထောက်ပံ့ထားခဲ့ပြီးအဲ့ဒီထဲက ၃.၉ သန်းဟာ အခမဲ့ထောက်ပံ့ပေးထားခဲ့တာလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လကုန်အထိ လူဦးရေ ၅ သန်းနီးပါး ကာကွယ်‌ဆေးထိုးထားပြီး လာမဲ့ နှစ်ကုန်မှာနိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နူန်း အထိ ကာကွယ်ဆေးထိုးဖို့ရည်မှန်းထားပါတယ်။

ဘီဘီစီ

Read times
Rate this item
(0 votes)