What's New




Monday, 08 May 2023 17:00

နေ့စဉ်နေ့တိုင်းအတွက် မရှိမဖြစ် ဇင့် ကောင်းကျိုးအဖြာဖြာ

နေ့စဉ်နေ့တိုင်းအတွက် မရှိမဖြစ် ဇင့် ကောင်းကျိုးအဖြာဖြာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဇင့်သည် အရေးကြီးသော အာဟာရဖြစ်သော်လည်း ဇင့်ကို ဖြည့်စွက်စာ ဆေးဝါးများထံမှ မဟုတ်ဘဲ အစားအစာမှ ရယူသင့်သည်။

.

အရသာရှိသော အစားအစာများကို အရသာ သိပြီး အရသာခံနိုင်ဖို့ ဇင့်ဟုခေါ်သော သတ္တုဓာတ်က ကျေးဇူးပြုပေးပါသည်။

.

ဇင့်သည် အရသာ သိခြင်း ပိုကောင်းအောင် လုပ်ဆောင်ပေးသည့်အပြင် ကိုယ်ခန္ဓာမှာ လုပ်ကိုင်နေသည့် အလုပ်အမျိုးမျိုး အမျိုးပေါင်း ၁၀၀ ကျော်တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ 

.

ဇင့်က ဘာတွေ ကောင်းတာလဲ

ဇင့်သည်  ခန္ဓာကိုယ်အနှံ့ရှိ ဆဲလ်များတွင် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ ထိုသို့ မရှိမဖြစ် လိုအပ်ပါသော်လည်း ကိုယ်ခန္ဓာမှ ဇင့်ကို ထုတ်ပေးနိုင်ခြင်း မရှိချေ။ 

ဖြည့်စွက်စာအဖြစ် ဆေးဝါးမှီဝဲခြင်း၊  အစားအစာ စားသောက်ခြင်း နှင့် အဖျော်ယမကာများ သောက်သုံးခြင်းဖြင့် ဇင့်ကို ရရှိရမည်ဖြစ်သည်။

.

ဇင့်သည် DNA ဖန်တီးခြင်း၊ ဆဲလ်ကြီးထွားမှုနှင့် ပျက်စီးနေသောတစ်သျှူးများကို ကုသရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

Zinc သည် ကလေးများတွင် ပြင်းထန်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့်အခါ  ထိရောက်သော ကုထုံး တစ်မျိုး ဖြစ်သည်။

ဇင့်သည်  အသက်အရွယ်နှင့် ဆက်နွှယ်သော မျက်လုံးမှ ရက်တီနာ၏ အလယ်အပိုင်း macular ယိုယွင်းခြင်းကို နှေးကွေးစေသည်။

 macular degeneration ၏ တိုးတက်မှုကို နှေးကွေးစေသည်။

.

ဇင့်သည် ခံတွင်းပျက်ပြီး စားသမျှ အရသာ ကောင်းကောင်းမသိသည့်အခါ ဇင့်ဖြင့် ကုသပေးကြသည်။

.

ဇင့်ချို့တဲ့သည့်အခါ မျက်လုံးအမြင် ပြဿနာများ ပေါ်ပေါက်တတ်သည်။ အရသာ ကောင်းကောင်းမသိ ဖြစ်‌နေတတ်သည်။

ကိုယ်ခံအား လျော့ကျသည်။

ဆံပင် ကျွတ်သည်။ 

အားအင်ကုန်ခမ်းနေတတ်သည်။

စိတ်မှာလည်း အားယုတ်ပြီး စိတ်ဓာတ်ကျနေတတ်သည်။

.

ဇင့်ကို ဆေးဝါးဖြင့် မှီဝဲလျှင် တန်ဆေး လွန်ဘေး သတိပြုပါ။ ဇင့်က ကြေးသတ္တုဓာတ်၊ သံဓာတ်တို့ ရယူခြင်းကို နှောက်ယှက်ပါသည်။ 

ဇင့် ဆေးဝါး အသောက်များလျှင် "အဆိပ်" အဖြစ် ကိုယ်ခန္ဓာကို ဒုက္ခပေးပါသည်။ 

.

ဇင့်ကို အစားအစာများမှ ရရှိနိုင်ပါသည်။  

ပင်လယ်စာတွင် အခွံမာ ပင်လယ်သတ္တဝါများထံမှ ဇင့် ရရှိနိုင်ပါသည်။ အထူးသဖြင့် ကမာကောင်သည် ဇင့်ပါဝင်မှု မြင့်မားပါသည်။ ပုစွန်နှင့် ဂုံးတို့ထံမှလည်း ဇင့် ရရှိနိုင်ပါသည်။

.

ကြက်၊ ဝက်၊ အမဲ အသားများထံမှလည်း ဇင့် ရရှိနိုင်ပါသည်။ 

.

နွားနို့၊ ဒိန်ချဉ်တို့ထံမှလည်း ဇင့် ရရှိနိုင်ပါသည်။ 

.

ဖရုံစေ့၊ ထမင်း၊ ကြက်ဥတို့ ထံမှလည်း ဇင့် ရရှိနိုင်ပါသည်။

.

ဖြည့်စွက်စာ ဆေးဝါးများထက် အစားအသောက်ကို ဇင့် ရဖို့ အားကိုးသင့်ပါသည်။

Source Uma Naidoo, MD

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 08 May 2023 17:01
Rate this item
(0 votes)