What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 September 2021 18:25

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ဘေးရှောင်များ၊ တရုတ်တစ်ရှူးငှက်ပျော လုပ်သားများအပါအဝင် အုပ်စု ၂၃ အုပ်စုကို တရုတ် အကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်များ၊ တရုတ်တစ်ရှူး ငှက်ပျောလုပ်သားများအပါအဝင် အုပ်စု ၂၃ အုပ်စုကို

တရုတ်အကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ တင့်နိုင်က ပြောကြားသည်။

ကာကွယ်ဆေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်ရှန်းပြည်နယ်ခွဲအစိုးရ နယ်စပ်နှင့် ထိစပ်နေသည့် ဒေသများသို့ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ပါးစေရေးနှင့် စီးပွားရေး လုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်း ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဦးစားပေးကာ အကူအညီပေးခြင်းဖြစ်ကြောင်း သိရသည်။

၀ိုင်းမော်၊ မြစ်ကြီးနား အဓိကမြို့နယ် နှစ်ခုရှိ လူဦးရေ ၇၅၂၀၀ အတွက် လှူဒါန်းထားကြောင်း၊ ယင်းကာကွယ်ဆေးများ ရက်ပိုင်းတွင် ရောက်မည်ဖြစ်ကြောင်း၊ အုပ်စု ၂၃ စုကို အဓိကထားပြီး စုဖွဲ့အလုပ်သမားများ၊စစ်ဘေးရှောင်များ၊ ကုန်စုံဆိုင်များ၊ အသက် ၄၀ နှင့်အထက်အုပ်စုများ ပါမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ဆိုသည်။

ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ တင့်နိုင်က “ကချင်ပြည်နယ်မှာ တတိယလှိုင်းက ကူးစက်၊ သေဆုံးနှုန်း ကျသွားပြီ။ တွေ့နှုန်း က ၁၀ ရာခိုင်နှုန်းတော့ ရှိသေးတယ်။ ကျေးရွာ တွေမှာတော့ ကျန်နေတယ်။ အိန္ဒယကိုဗစ်ရှီး နဲ့ တရုတ် Sinopharm ပေါင်းထိုးပြီးတာ တစ်သိန်းကျော်ပါပြီ။ အခုက တရုတ်က နယ်စပ်ဒေ သတွေမှာ ကူးစက်မှုဖြစ်ရင် သူ့ဆီရိုက်ခတ်တော့ မြစ်ကြီးနား၊ ၀ိုင်းမော်အတွက် လူဦးရေ ၇၅၂၀၀ စာကို ပေါင်ရှန်းပြည်နယ်က လှူပေးတယ်။ ဒီရက်ပိုင်းရောက်တာနဲ့ ထိုးမယ်။ ဗန်းမော်ခရိုင်နဲ့ ရှမ်းမြောက်အတွက်လည်း တယ်ဟုန်ဘက်က လှူမယ်လို့ သတင်းရတယ်။ ကျွန် တော်တို့က စစ်ရှောင်တွေ အားလုံးပါတယ်။အလုပ်သမားတွေ၊ ငှက်ပျောခင်းလုပ်သားတွေ အုပ်စု ၂၃ စုပေါ့။ အားလုံးနီးပါးပဲ ထိုးမှာပါ။အခြားဆေးတွေ ရွေးစရာမရှိရင် ရတဲ့ဆေးထိုးရမှာပေါ့။ အထူးသဖြင့် ဘယ်ကိုဗစ်ဗိုင်းရပ်စ် ဖြစ်ဖြစ် အသက်အန္တရာယ်ခြိမ်းခြောက်မှုကို လျှော့ချနိုင်တယ်လို့ တွေ့ချက်ရှိတာကိုး။ ဖြစ် ပြီးတာနဲ့ ကိုယ်ခံအားနဲ့ အချိန်အကြာကြီး အပြည့်အဝ ကာကွယ်နိုင်တယ်လို့ မတွေ့ထားဘူးလေ။ အရင်လှိုင်းတွေတုန်းက ကူးစက်ခံရသူ တွေ နောက်လှိုင်းမှာလည်း အပြင်းအထန်ခံရ တာတွေ ရှိတယ်။ ရတဲ့ ကိုဗစ်ကာကွယ်ဆေးက ထိုးကိုထိုးထားရမှာ” ဟု ပြောကြားသည်။

ကာကွယ်ဆေးများကို ကချင်ပြည်နယ် တွင် ယခင် NLD အစိုးရလက်ထက်က အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးကို လူ ၅၃၄၀၅ ဦး နှစ်ကြိမ် ပြည့်ထိုးနှံခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင်လမှ စတင် ကာ လူ ၉၇၉၂၀ ကို တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးနှင့် အကျဉ်းကျ သူများနှင့် အချုပ်ကျသူများကို Sinovac ဆေး ထိုးနိုင်ခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးမှူးက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနစာရင်းများအ ရ ကချင်ပြည်နယ် ကိုဗစ်တတိယလှိုင်းတွင် ကူးစက်ခံရသူပေါင်း ၁၄၀၀၀ ကျော်ရှိခဲ့သည်။ သေဆုံးမှုနှုန်း လေးရာခိုင်နှုန်းနှင့် ငါးရခိုင် နှုန်းကြားရှိခဲ့ပြီး သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့ သည်။ လူမှုကူညီရေးစာရင်းများတွင်မူ သံ သယဖြင့် သေဆုံးသူမှာ အနည်းဆုံး ၁၀၀၀ ကျော်ရှိနေသည်။ လက်ရှိတွင် ကချင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဌာနက တရုတ်နိုင်ငံ ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို ပြည် ထောင်စုခွဲတမ်းအလိုက် ထိုးပေးနေကြောင်း သိရသည်။

 

news-eleven.com

Read times Last modified on Monday, 13 September 2021 18:33
Rate this item
(0 votes)