What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 July 2018 16:55

တရုတ်သမ္မတ နှင့်တကွ ပြည်သူလူထု အမျက်ဒေါသဖြစ်ခဲ့ရတဲ့ တရုတ်ကာကွယ်ဆေး

တရုတ်သမ္မတ နှင့်တကွ ပြည်သူလူထု အမျက်ဒေါသဖြစ်ခဲ့ရတဲ့ တရုတ်ကာကွယ်ဆေး Google.com

တရုတ်နိုင်ငံ Changsheng ကုမ္ပဏီက ထုတ်လုပ်တဲ့ ခွေးရူးပြန်ရောဂါ နှင့် ဆုံဆို့ မေးခိုင် ကြက်ညှာ ချောင်းဆိုး ကာကွယ်ဆေးတွေမှာ ချို့ယွင်းချက်များရှိနေတာကို အစားအစာ နှင့် ဆေးဝါးစီမံခန့်ခွဲမှုက ရှာဖွေတွေ့ရှိခဲ့ပြီး ပြည်သူလူထုများက ဒေါသထွက်ပေါ်လာခဲ့ရတဲ့ အပြင် တရုတ်သမ္မတ ကိုယ်တိုင်ပါ အမျက်ဒေါသထွက်ပြီး သတိပေးတဲ့အဆင့်ထိရောက်ခဲ့ရပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံက အစားအစာ နှင့် ဆေးဝါးစီမံခန့်ခွဲမှုက အဆိုပါ ကာကွယ်ဆေးများ ထုတ်လုပ်တဲ့ ကုမ္ပဏီကိုလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင်များကို ပိတ်ပင်ခဲ့ပါတယ်။

အဆိုပါလုပ်ငန်းဥက္ကဋ္ဌ အပါအဝင် ကုမ္ပဏီငါးခုမှ အကြီးတန်းအမှုဆောင် အရာရှိ များကို Changchun ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်သွားပြီး ၎င်းကုမ္ပကီများကို ပိတ်ပင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ အသုံးမပြုသင့်တဲ့ ကာကွယ်ဆေးကို ပြန်လည်ရုတ်သိမ်းပေးဖို့လဲ တရုတ်နိုင်ငံက အစားအစာ နှင့် ဆေးဝါးစီမံခန့်ခွဲမှုက ပြောကြားခဲ့ပါတယ်။

Image result for Chinese company recalls tainted heart medicine from stores worldwide

ကာကွယ်ဆေးများထုတ်လုပ်မှုနှင့်ပတ်သက်ပြီး အရှေ့မြောက်တရုတ်နိုင်ငံ Jilim အစားအစာ နှင့် ဆေးဝါးစီမံခန့်ခွဲမှုများက ပြည်သူများလုံခြုံရေးအတွက် ၎င်းကုမ္ပဏီကို ပြစ်မှုဆိုင်ရာ သံသယရှိသူများကို အရေးယူသွားမယ်လို အရှေ့မြောက်တရုတ်နိုင်ငံကလဲ ထပ်ဆင့် ပြောကြားခဲ့ပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ ပြည်သူများအတွက် ဘေးအန္တရာယ်ရှိတာကြောင့် အသုံးမပြုကြဖို့လဲ ဇီဝနည်းပညာအဖွဲ့အစည်းများက အင်တာနက်ပေါ်မှာ တုံ့ပြန်မှု သတင်းများ ကြော်ငြာခဲ့ပါတယ်။

အဆိုပါကာကွယ်ဆေးနဲ့ပတ်သက်ပြီး CFDA အရာရှိတဦးက ကာကွယ်ဆေးများထုတ်လုပ်သူများကို စစ်ဆေးမှုများကို ပြန်လည်ပြုလုပ်မည်ဖြင့်ကြောင်း ၊ မည်သည့်စည်းကမ်းများကိုမဆို ချိုးဖောက်မှုပြုလုပ်သော ဆေးဝါးကုမ္ပဏီများကို ဥပဒေစည်းမျဉ်များအရ အလေးအနက်ထားပြီး ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Image result for Chinese company recalls tainted heart medicine from stores worldwide

Jillin ပြည်နယ် အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှုများ၏ ပြောဆိုချက်အရ ၎င်း ကာကွယ်ဆေးများကို Control Center မှာစတင် ရောင်းချခဲ့ပြီး ကာကွယ်ဆေးပေါင်း 152,338 ခု လောက်မှာ ဆေးများပျက်ယွင်းနေတာကို တွေ့ခဲ့ရပါတယ်။ အလာတူပင် ကာကွယ်ဆေးများထုတ်လုပ်သော ဒုတိယကုမ္ပဏီမှာလဲ တစ်ဦးနှင့် တစ်ဦး ကာကွယ်ဆေးများကို မတူအောင် ထုတ်လုပ်နေတယ်လို ဝူဟန်တက္ကသိုလ် KDNG က ပြောဆိုခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီက ခွေးရူးပြန်ရောဂါ နှင့် ဆုံဆို့ မေးခိုင် ကြက်ညှာ ချောင်းဆိုး ကာကွယ်ဆေးများကို တရုတ်နိုင်ငံ ပြည်နယ်ပေါင်း ၈ ခုနှင့် မြို့နယ်တွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။ ဒါတွေအပြင် တခြား ပြည်နယ်တွေမှာ ဖြန့်ဝေခဲ့ခြင်း ရှိမရှိမသိရသေးဘူးလို့ တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။

အဆိုပါ Changsheng ကထုတ်တဲ့ ကာကွယ်ဆေးကို အာဏာပိုင်ကုမ္ပဏီများက လိမ်လည်မှုများပြုလုပ်၍ ရောင်းချခဲ့ခြင်းဖြစ်ပါတယ်လို့ CFDA တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ၎င်းကုမ္ပဏီ၏ မှားယွင်းတဲ့လုပ်ဆောင်ချက်ကို တရုတ်အစိုးရက 3.442.887 ယွမ် ($507,843) ဒဏ်ရိုက်ခဲ့ပါတယ်။ ဒါပြင် ကာကွယ်ဆေးကို တရုတ်နိုင်ငံအရှုပ်တော်ပုံများက ၎င်း ကြေညာချက်များကို ဝေဖန်ပြောဆိုခဲ့ခြင်းများရှိခဲ့ပြီး အငြင်းပွားစရာ တစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။

အဆိုပါ Changsheng ကုမ္ပဏီက ကာကွယ်ဆေးများအပြင် 2008ခုနှစ်တွင် ကလေးငယ်များအတွက်အသင့်ဖျော်နို့မှုန့်များကို ထုတ်ဝေဖြန့်ဖြူခဲ့ပါတယ်။ ၎င်းနို့မှုန့်များကို ဟောင်ကောင် နှင့် ပြည်နယ်အားလုံးတွေမှာ ကလေးထုတ်ကုန်များအဖြင့် ဖြန့်ဝေခဲ့ပါတယ်။

အဆိုပါ ကာကွယ်ဆေးများနှင့် နို့မှုန်များကို အသုံးပြုပြီးနောက်ပိုင်းမှာ ကျန်းမာရေး ထိခိုက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အဆိုပါ ပြဿနာရှိတဲ့ နို့မုန့်များ ပြည်တွင်း ဈေးကွက်ထဲ ရောက်ရှိလာတဲ့အတွက် သက်ဆိုင်ရာမှာ ကြေညာချက် ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်ခဲ့ရပါတယ်။

ဒါပြင် နောက်ထပ် ဖြစ်ပွားခဲ့တဲ့ တရုတ်ဆေးဝါး ပြဿနာကတော့ ဥရောပမှာ ဖြန့်ဖြူးထားတဲ့ သွေးတိုးကျဆေးနဲ့ နှလုံးရောဂါကိုကာကွယ်တားဆီးပေးတဲ့ဆေး Valsartan ဖြစ်ပါတယ်။ ၎င်း ဆေးကို တရုတ်နိုင်ငံရှိ Zhejiang Huahai Pharmaceuticals (ZHP) မှ ဥရောပ နှင့် မြောက်အမေရိက နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၎င်းဆေးတွေမှာ လူသားတွေအတွက် အန္တရာယ်ရှိတဲ့ N-nitrosodimethylamine (NDMA) ပါဝင်ကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် အဆိုပါသွေးတိုးကျဆေး နှင့် နှလုံးရောဂါကိုကာကွယ်ပေးတဲ့ဆေးတွေကိုလည်း ဈေးကွက်ထဲမှ ပြန်လည်ရုပ်သိမ်းဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

source:edition.cnn.com

Read:ရဲယိုသီးအကြောင်းသိကောင်းစရာ

ရဲယိုသီးအကြောင်းသိကောင်းစရာ

Read times Last modified on Tuesday, 31 July 2018 17:25
Rate this item
(1 Vote)