What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 09 October 2021 21:00

မြန်မာသို့ ကိုဗစ်ရှီး ကာကွယ်ဆေး ၁ သန်း အိန္ဒိယဆေးကုမ္ပဏီ တင်ပို့ရန် အိန္ဒိယအစိုးရ ခွင့်ပြု

အိန္ဒိယနိုင်ငံရဲ့ ‘Vaccine Maitri’ ကာကွယ်ရေး စီမံကိန်းအရ အိန္ဒိယအစိုးရက Serum Institute of India (SII) ဆေးကုမ္ပဏီကို

မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွက် ကိုဗစ်ရှီး ကာကွယ်ဆေး ၁၀ သိန်းစီ အောက်တိုဘာလအတွင်း တင်ပို့ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

Bharat Biotech ဆေးကုမ္ပဏီဟာလည်း အီရန်နိုင်ငံကို ကိုဗက်ဆင်း ဆေး ၁၀ သိန်း တင်ပို့ခွင့် ရမှာ ဖြစ်တယ်လို့ အိန္ဒိယအစိုးရ သတင်းရပ်ကွက်က ကြာသပတေးနေ့က ပြောပါတယ်။

ကိုဗစ်ရှီး ကာကွယ်ဆေးကို အောက်စဖို့ဒ်ဆေးလို့ လူသိများတဲ့ အက်ထရာဇန်နက်ကာရဲ့ လိုင်စင်နဲ့ (SII) အိန္ဒိယဆေးကုမ္ပဏီက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအတွက် အိန္ဒိယကနေ ကိုဗစ်ရှီးကာကွယ်ဆေး သန်း ၃၀ ကနဦးက ဝယ်ယူခဲ့ပေမယ့် လှူတာနဲ့ ဝယ်တာအပါအဝင် ဆေး သုံးသန်းခွဲ ရောက်လာပြီးနောက်ပိုင်း အိန္ဒိယမှာ ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်လာတာကြောင့် ကိုဗစ်ရှီးဆေးတွေ ထပ်မရောက်လာခဲ့ပါဘူး။ အဲဒီနောက် စစ်တပ်က အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း တရုတ်နဲ့ ရုရှားထုတ် ကာကွယ်ဆေးတွေကိုပဲ အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။

 
Read times Last modified on Sunday, 10 October 2021 00:22
Rate this item
(0 votes)