What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 October 2021 12:44

ဘာရိန်းနိုင်ငံက အသက် ၃နှစ် မှ ၁၁ နှစ် အရွယ် ကလေးများအတွက် Sinopharm ကာကွယ်ဆေးထိုးနှံရန် အတည်ပြု

ဘရိန်းနိုင်ငံအတွင်းရှိ အသက် ၃ နှစ် မှ ၁၁ နှစ် အရွယ်ကြား ကလေးများအားလုံးကို Sinopharm ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း

ဘာရိန်းနိုင်ငံကျန်းမာရေးအာဏာပိုင်များကအောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။
မှတ်ပုံတင်ခြင်းအား အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်မာရေးဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံရေးကော်မတီက ပြောကြားခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် "ဆေးဘက်ဆိုင်ရာ အကြံပြုချက်များ" အားလုံးကို လေ့လာပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
အသေးစိတ်အား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဆိုက်တွင်ကြေညာပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
၎င်းတို့၏မိသားစုများနှင့် လူ့အဖွဲ့အစည်းကို ကာကွယ်ရန် အထက်ဖော်ပြပါ အသက်အရွယ်အုပ်စုအား ကာကွယ်ဆေးထိုးရန် အရေးကြီးကြောင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဘာရိန်းအမျိုးသားဆေးဘက်ဆိုင်ရာအထူးလုပ်ငန်းအဖွဲ့က အလေးပေးပြောကြားခဲ့သည်။ (Xinhua

Read times
Rate this item
(0 votes)