What's New




Wednesday, 28 December 2022 23:26

ပိုးသတ်ဆေး မဖြုံသည့်ခြင်များ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် တွေ့ရှိ

ပိုးသတ်ဆေး မဖြုံသည့်ခြင်များ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် တွေ့ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနှင့် ဂါနာတို့မှ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်သည့် ဂျပန်ရှိ အဖွဲ့အစည်းအများအပြားနှင့် ချိတ်ဆက်ထားသော သုတေသီအဖွဲ့တစ်ဖွဲ့သည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးတွင် ပိုးသတ်ဆေးများကို ခံနိုင်ရည်မြင့်မားသည့် ခြင်များကို တွေ့ရှိခဲ့သည်။

 

ခြင်ကဲ့သို့သော အင်းဆက်ပိုးမွှားများသည် သွေးလွန်တုပ်ကွေးနှင့် အသားဝါအဖျားမှ ဇီကာဗိုင်းရပ်စ်နှင့် ငှက်ဖျားအထိ ကူးစက်ရောဂါများစွာကို သယ်ဆောင်ကြသည်။

ထို့ကြောင့် သိပ္ပံပညာရှင်များသည် ခြင်များကို သတ်ရန် သို့မဟုတ် နှင်ထုတ်ရန် ရည်ရွယ်သည့် ဓာတုပစ္စည်းအများအပြားကို တီထွင်ခဲ့ပြီး အများစုကို  pyrethroids ဟု ခေါ်‌ဝေါ်ကြသည်။ ခြင်၏ ဗဟိုအာရုံကြောစနစ်ကို ပစ်မှတ်ထားသည်။

 

 pyrethroids များကို ခံနိုင်ရည်မြင့်မားလာစေရန် မျိုးရိုးဗီဇ ပြောင်းထားသည်ကို ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ခြင်များတွင် တွေ့ရသည်။ 

 ၎င်းခြင်များ၏ မွေးရာပါပင်ကိုအရ ပိုးသတ်ဆေးများကို ခံနိုင်ရည် ရှိနေကြသည်။

ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂါနာနှင့် ထိုင်ဝမ်တို့တွင် ခြင်များကုိ အရှင်ဖမ်းယူပြီး စုဆောင်းခဲ့ကြသည်။

 

ထို့နောက် သုတေသီများသည် နမူနာတစ်ခုစီကို ပိုးသတ်ဆေးဖြင့် ဖျန်းကြသည်။ ခြင်ဖမ်းယူခဲ့သည့် ဒေသတွင် အသုံးများသော ပိုးသတ်ဆေးများဖြင့် ဖျန်းပေးခြင်းဖြစ်သည်။

 

 ဗီယက်နမ်မှ စုဆောင်းထားသော ခြင်များ၏ ၂၀% မျှသာ သေဆုံးကြောင်း တွေ့ရှိခဲ့သည်။

မသေသည့်ခြင်များ၏ မျိုးရိုးဗီဇကို စစ်ဆေးကြည့်ရာ ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိသည့် မျိုးရိုးဗီဇအသစ်တစ်မျိုး ဖြစ်နေသည်ကို တွေ့ရသည်။

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ စုဆောင်းထားသော ခြင်များတွင်  ၇၈% သည် pyrethroid ကိုခံနိုင်ရည်ရှိကြောင်း သုတေသီများက ခန့်မှန်းထားသည်။

 အခြားနိုင်ငံများတွင်လည်း ခြင်များ၏ ပိုးသတ်ဆေး ခံနိုင်ရည်အားကို စမ်းသပ်သင့်သည်ဟု သုတေသီများက အကြံပြုထားသည်။

Source Phys.org

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Wednesday, 28 December 2022 23:27
Rate this item
(0 votes)