What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 November 2021 07:27

ကုမ္ပဏီ ဒါရိုက်တာများ၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်အသိပေးကြေညာချက်

ကုမ္ပဏီရှိ ဒါရိုက်တာများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် DICA တို့ကပူးပေါင်း၍ ထိုးနှံပေးသွားမည့်ကိစ္စအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။



ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)၏ MyCO စနစ်၌ ရန်ကုန် တိုင်းဒေသကြီးလိပ်စာဖြင့် မှတ်ပုံတင်၍ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသော ကုမ္ပဏီများအနေဖြင့် ကိုဗစ်ရောဂါ ဘေးအန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းများ လွယ်ကူချောမွေ့ စွာလည်ပတ်နိုင်ရန် ရည်ရွယ်ပြီး ကုမ္ပဏီရှိ ဒါရိုက်တာများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် DICA တို့ကပူးပေါင်း၍ ထိုးနှံပေးသွားမည်ဖြစ်ပါသည်။
၂။ ကာကွယ်ဆေးထိုးနှံလိုသည့် ကုမ္ပဏီ ဒါရိုက်တာများ၊ ဝန်ထမ်းများအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၂၂ ရက်နေ့မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အောက်ဖော်ပြပါ link တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး ဆေးထိုးရမည့် နေ့ရက်၊ အချိန် နှင့် နေရာကို ထပ်မံကြေညာ ပေးသွားမည်ဖြစ်ပါသည်။
၃။ ကာကွယ်ဆေးထိုးနှံရန်အတွက် စာရင်းပေးသွင်းရာတွင် ၂ ကြိမ် ကာကွယ်ဆေး ထိုးပြီးသူများ ထပ်မံစာရင်းသွင်းခြင်းမပြုလုပ်ပါရန်နှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူများသာ စာရင်းပေးသွင်း ပါရန် အသိပေးကြေညာအပ်ပါသည်။

 

Link: http://dicamycovaccineyangon.com/

 

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Read times
Rate this item
(0 votes)