What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 24 August 2022 15:31

B ပိုးကာကွယ်ဆေး ဘာကြောင့် ထိုးဖို့လိုသလဲ

B ပိုးကာကွယ်ဆေး ဘာကြောင့် ထိုးဖို့လိုသလဲ The Lancet

ဘီပိုးကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိသွားနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် ဘီပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ။

 

ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ်။ လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး တစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ်။

 

  1. အိမ်သားထဲက တစ်ယောက်ယောက်မှာ ဘီပိုး ရှိတဲ့အခါ
  2. ဘီပိုးရောဂါသည်တွေများတဲ့ ဆေးရုံလိုနေရာမျိုးမှာ အလုပ်လုပ်နေရတဲ့သူတွေ
  3. ဘီပိုးရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေက ကာကွယ်ဆေး အထိုးသင့်ဆုံး သူတွေပါ။
  4. ခုနောက်ပိုင်း တိုးတက်လာတော့ မွေးကင်းစကလေးတွေထိုးရတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးမှာ ဘီပိုးကာကွယ်ဆေးက ပါပြီးသားပါ။

BI1.jpg

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ်။ ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် လိုအပ်ရင် ပဋိဇီဝပစ္စည်းကို ပြန်စစ်ပြီး ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ်။

 

ဒါတွေကတော့ ဘီပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့ အကြောင်းအရာတွေပါ။ ဘီပိုးကာကွယ်ဆေးထိုးတဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင်၊ အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ။ ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါ အူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့။

 

Source: Hello Health Group

Myanmar Health Products Guide

BI.jpg

Read times Last modified on Wednesday, 24 August 2022 15:40
Rate this item
(0 votes)