What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 February 2022 10:58

ဆေးဝါးဖြန့်ချိရေးလုပ်ငန်း Hemas Group မြန်မာမှ ထွက်ခွာတော့မည်

ဆေးဝါးဖြန့်ချိရေးလုပ်ငန်း Hemas Group မြန်မာမှ ထွက်ခွာတော့မည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အခြေစိုက် Hemas Holdings PLC သည် လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ အုပ်ချုပ်မှုစနစ် ပြိုပျက်နေပြီး အကျပ်အတည်း ဒဏ်ခံနေရသော မြန်မာနိုင်ငံမှ နထွက်ခွာရန် အောက်ခြေသိမ်း ဆောင်ရွက်စရာများကို စတင်ကြောင်း ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ထို့အတွက် ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ လုပ်ငန်းတွင် Hemas ၏ ရှယ်ယာများကို ဖယ်ရှားရန် ၎င်း၏ ဖက်စပ်လုပ်ဖော်ကိုင်ဖက်နှင့် အရောင်း ဝယ်ယူ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။


“မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြောင့် HHL ရဲ့ အစုရှယ်ယာတွေကို မြန်မာနိုင်ငံကို ရောင်းချဖို့ ကျွန်ုပ်တို့ရဲ့ ဖက်စပ်လုပ်ငန်း လုပ်ဖော်ကိုင်ဖက်နဲ့ အရောင်းအဝယ် သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ပါတယ်” ဟု Hemas Group CEO Kasturi C. Wilson က ပြောကြားခဲ့သည်။

“ရလဒ်အနေနဲ့ကတော့ စတုတ္ထသုံးလပတ်ကစပြီး မြန်မာနိုင်ငံမှ လုပ်ငန်းလည်ပတ်မှုများမှ ထွက်ခွာတာကို ထိရောက်စွာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Hemas သည် မြန်မာနိုင်ငံတွင် ဆေးဝါးဖြန့်ဖြူးရေး လုပ်ငန်းကို Hemas Mandalar Pharmaceutical Limited လုပ်ငန်းဖြင့်
လုပ်ကိုင်လျက်ရှိပြီး ၎င်းဖက်စပ်လုပ်ငန်းတွင်
Hemas Holdings PLC က အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

ယခုလိုထွက်ခွာခြင်းကြောင့် လုပ်ငန်းစု၏ လုပ်ကိုင်နိုင်မှုအပေါ် သိသိသာသာ ထိခိုက်မှု ရှိမည် မဟုတ်ပေ။

Hemas သည် နိုင်ငံတကာသို့ ချဲ့ထွင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်တွင် အိမ်သုံးနှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ ရောင်းချလျက်ရှိသည်။

Read times
Rate this item
(0 votes)