What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 August 2019 11:58

နားထင်ထောက် ကိုယ်အပူချိန်တိုင်း ကိရိယာ - HA500 Temple Thermometer

နားထင်ထောက် ကိုယ်အပူချိန်တိုင်း ကိရိယာကို

ဆွစ်ဇာလန်နိုင်ငံမှ အရည်သွေးပြည့်ဝသော ဆေးပစ္စည်းများကို ထုတ်လုပ်နေသော Rossmax ကုမ္ပဏီက အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး နားထင်ကို ထောက်ရုံဖြင့် ကိုယ်အပူချိန်ကို တိုင်းတာနိုင်အောင် ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

 

နားထင်ထောက် ကိုယ်အပူချိန်တိုင်း ကိရိယာကို အသက်အရွယ်မရွေး ကလေး နှင့် လူကြီး ဘယ်အရွယ်မဆို အသုံးပြုနိုင်တဲ့ စက်တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့ခေတ် မိသားစုဝင်တိုင် ဆောင်ထားသင့်တဲ့ ပစ္စည်းဆိုလည်း မမှားနိုင်ပါဘူး။

 

နားထင်ထောက် ကိုယ်အပူချိန်တိုင်း ကိရိယာဟာဆိုရင် ပေါ့ပါးပြီး သွားလာရာနေရာတိုင်း အလွယ်သယ်ဆောင်သွားနိုင်အောင် ထုတ်လုပ်ထားပြီး အဖျားတိုင်းလိုသူ၏ နားထင်မှ 1 cm အကွာ တိုင်းတာလိုက်ရုံဖြင့် အလိုအလျောက်တိုင်းနိုင်သော စက်ဖြစ်တာကြောင့် LCD Display မှာ ရလဒ်အဖြေကို တိတိကျကျ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

စက်၏ အလုပ်လုပ်ပုံကတော့ ရိုးရင်းပြီး အာရုံခံစနစ်ဖြင့် ထုတ်လုပ်ထားတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို နားထင်နားတွင် အရေပြား နှင့် အရမ်းထိကပ်စရာမလိုဘဲ 1 cm အကွာကနေ စက်၏ အနီအောက်ရောင်ခြည်ဖြင့် ထိတွေ့လိုက်ယုံဖြင့် ကိုယ်အပူချိန်ကို တိုင်းတာနိုင်မှာလည်း ဖြစ်ပါတယ်။

 

အဆိုပါ စက်ကို သုံးခြင်း၏ အားသာချက်ကတော့ ရိုးရိုးသာမိုမီတာကို မကြည့်တတ်သူတို့အတွက် တိကျတဲ့ တိုင်းတာချက်ရလဒ်အဖြေကို အလွယ်တကူ ကြည့်ရှုနိုင်ပြီး အချိန်ကုန်သက်သာစေပါတယ်။ လွယ်လွယ်ပြောရရင် ဖျားတာကို တိုင်းဖို့အတွက် ဆေးခန်းပြေးနေစရာ မလိုတော့ဘူးပေါ့ ။

 

အသုံးပြုပုံကတော့ အပူချိန်တိုင်းတာစက်မှာ ပါဝင်တဲ့ (On) ခလုတ်ကို ဖွင့်ပြီး နားထင်မှ 1 cm ခွာ၍ တိုင်းတာနိုင်ပြီး တိကျတဲ့ အဖြေရလဒ်ကို အလိုအလျောက် စက်၏မျက်နှာပြင် LCD Display တွင် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

နားထင်ထောက် ကိုယ်အပူချိန်တိုင်း ကိရိယာကို Rossmax ထိုင်ဝမ် ကုမ္ပဏီ မှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံ Yee Shin ကုမ္ပဏီ မှ တင်သွင်းဖြန့်ချိ ပါတယ်။

 

နားထင်ထောက် ကိုယ်အပူချိန်တိုင်း ကိရိယာ၏ ဈေးနှုန်းကတော့ ၃,၈၀၀၀ မှ ၄,၀၀၀၀ ဝန်းကျင်ရှိပါတယ်။

 

Yee Shin Co.Ltd

https://www.healthproducts.com.mm/digital-packages/files/2d7e76ef-c10e-4698-9075-8e5bc0322c7d/Logo/Yee-Shin-CO-LTD_Medical_%28A%29_47-logo.jpg ကြည့်ရှုရန် နှိပ်ပါ။

 

Written by Aung Win (Health Products Directory)

Read times Last modified on Thursday, 01 August 2019 12:07
Rate this item
(1 Vote)