What's New




Sunday, 12 November 2023 00:04

ဝိတ်ချဆေးမှာပါသည့် ဓာတုပစ္စည်း အဆိပ်စာရင်းသွင်း၊ စင်ကာပူတွင် ရောင်းချခြင်း တားမြစ်

ဝိတ်ချဆေးမှာပါသည့် ဓာတုပစ္စည်း အဆိပ်စာရင်းသွင်း၊ စင်ကာပူတွင် ရောင်းချခြင်း တားမြစ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကိုယ်အလေးချိန်ကျစေသောဆေးဝါးအချို့တွင် ပါဝင်သည့် ဓာတုပစ္စည်းများတွင် ဓာတုပစ္စည်းတမျိုးကို အဆိပ်ဟု သတ်မှတ်ပြီး အဆိပ်စာရင်းတွင် စာရင်းသွင်းထားသည်။ ၎င်းအဆိပ်ဓာတုပစ္စည်း ပါဝင်သည့်ဆေးဝါးများကို  စင်ကာပူတွင် ရောင်းချခြင်း မပြုရန် တားမြစ်ထားသည်။

 

2,4-Dinitrophenol (DNP) နှင့် ၎င်း၏ ဆားဓာတ်များကို လူသုံးစွဲရန် ရည်ရွယ်ပါက အဆိပ်အက်ဥပဒေ Poisons Act ဖြင့် အရေးယူရမည့် စာရင်းထဲသို့ နိုဝင်ဘာလ ၁ ရက်တွင် ထည့်သွင်းခဲ့သည်။ 

 

 အဆိပ်များစာရင်းတွင် သတ်မှတ်ထားသည့် ဓာတုပစ္စည်းများပါရှိသော ကျန်းမာရေးဖြည့်စွက်ဆေးများနှင့် တိုင်းရင်းဆေးများကဲ့သို့သော ကျန်းမာရေးမြှင့်တင်‌သော ထုတ်ကုန်များ တင်သွင်းခြင်းနှင့် ပေးသွင်းခြင်းတို့ကို ထိန်းချုပ်ရန် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားသည်။

 

“(DNP) သည် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းဖြစ်သည်။ လူစားသုံးရန် မသင့်လျော်သဖြင့် စင်ကာပူရှိ ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ အားလုံးတွင် သုံးစွဲခြင်း မပြုရန် တားမြစ်ထားသည်။" ဟု ကျန်းမာရေးသိပ္ပံအာဏာပိုင် Health Sciences Authority (HSA) က ဆိုထားသည်။

 

 e-commerce ပလက်ဖောင်းများတွင် DNP ပါသည့် ကိုယ်အလေးချိန်ကျစေသော ဆေးဝါးများအဖြစ် ရောင်းချနေကြောင်း HSA က ပြောကြားသည်။

DNP ဓာတုပစ္စည်းကို ဖောက်ခွဲရေးပစ္စည်းများတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ 

ထို့နောက် ပိုးသတ်ဆေးများတွင် အသုံးပြုခဲ့ကြသည်။

၁၉၃၀ ပြည့်လွန်နှစ်များတွင် ဝိတ်ချဆေးများမှာ ထည့်သွင်း အသုံးပြုခဲ့ကြရာ ၎င်းဆေးဝါး သုံးစွဲသူများ အသက်ဆုံးရှုံးခြင်း၊ မျက်မမြင်ဖြစ်သွားခြင်းများ ဖြစ်ပွားခဲ့ပါသည်။

 

DNP ကို ဝိတ်ချဆေးတွင် ထည့်သွင်းကြခြင်းမှာ DNP သည် ကိုယ်ခန္ဓာအတွင်း စွမ်းအင်ထုတ်လုပ်မှုကို အနှောက်အယှက်ပေးသဖြင့် စွမ်းအင် ထုတ်လုပ်ရာတွင် ကယ်လိုရီများ ပိုမိုလောင်ကျွမ်းပေးရသဖြင့် ဝိတ်ကျစေသည်။ 

DNP က စွမ်းအင်ကို အပူစွမ်းအင် အဖြစ်သို့ ပြောင်းလဲပစ်သဖြင့် အပူချိန်လွန်ကဲပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးသည်။ 

DNP ပါသောဆေးဝါးသည် ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မြောခြင်းနှင့် တက်ခြင်းကဲ့သို့သော အန္တရာယ်ရှိသော ဆိုးကျိုးများကို ခံစားရနိုင်သည်၊

 

Source straitstimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 12 November 2023 00:06
Rate this item
(0 votes)