What's New




Tuesday, 14 November 2023 17:46

သဘာဝ အုန်းစိမ်းရည် အကျိုးကျေးဇူးများနှင့် သောက်သုံးရန် မသင့်သူများ

.သဘာဝ အုန်းစိမ်းရည် အကျိုးကျေးဇူးများနှင့် သောက်သုံးရန် မသင့်သူများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

သဘာဝ အုန်းစိမ်းရည်တွင် မရှိမဖြစ် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ပါ၀င်ပြီး ကြွက်သားနှင့် အာရုံကြောများ လုပ်ဆောင်မှုကို ထောက်ပံ့ပေးသည်။ ခန္ဓာကိုယ်အတွင်း အရည်များကို ဟန်ချက်ညီအောင် ကူညီပေးသည်။

 

အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့သော ခန္ဓာကိုယ်အတွင်း ရေပမာဏ ရုတ်ချည်းပြောင်းလဲသွားသောအခါတွင် အလက်ထရိုလိုက် မညီမျှမှု ဖြစ်ပေါ်နိုင်သည်။

သို့ဖြစ်ရာ သဘာဝ အုန်းစိမ်းရည်သည် ဝမ်းလျှောခြင်း သို့မဟုတ် အော့အန်ခြင်း ဖြစ်ပွားပြီးနောက် ခန္ဓာကိုယ်တွင် အရည်များ ပြန်လည်ဖြည့်တင်းရန်အတွက် အထူးသင့်လျော်ပါသည်။

ကာယလေ့ကျင့်ခန်းလုပ်ပြီးရင် ကြွက်သားများကို ရေဓာတ် အာဟာရ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဖျော်ရည်တစ်မျိုးလည်း ဖြစ်ပါသည်။ 

 

သဘာဝ အုန်းစိမ်းရည်သည် အလက်ထရိုလိုက် electrolyte ပါဝင်မှု မြင့်မားသည်။ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ် ကဲ့သို့သော သဘာဝ အလက်ထရိုလိုက်များစွာ ပါဝင်ပါသည်။

 

 အလက်ထရိုလိုက် များသည် ခန္ဓာကိုယ်အတွင်းရှိ ရေပမာဏကို မျှတစေရန်အတွက် မရှိမဖြစ် လိုအပ်သော သတ္တုဓာတ်များဖြစ်သည်။

ဆဲလ်များအတွင်းမှ အညစ်အကြေးများကို စွန့်ထုတ်ရာ၌ ရွှေ့ပြောင်းပေးသည်။ ကြွက်သားနှင့် အာရုံကြောများ၏ လုပ်ဆောင်မှုကို ပံ့ပိုးပေးသည်။ သွေးဖိအားကို တည်ငြိမ်စေပါသည်။

 

သဘာဝ အုန်းစိမ်းရည်သည် သကြားဓာတ်နည်းသည်။ ဆိုဒီယမ်လည်း နညး်ပါသည်။

 

သဘာဝ အုန်းစိမ်းရည်သည် အလက်ထရိုလိုက်များအပြင် အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ပါ၀င်သည် ။

 သွေးဖိအားကို လျှော့ချပေးသည်။ သဘာဝ အုန်းစိမ်းရည်တစ်ခွက်မှာ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်  ပါဝင်ပါသည်။ ပိုတက်စီယမ်သည် သွေးဖိအားကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုသည်။

ဖရီးရယ်ဒီကယ်များကို ကာကွယ်ပေးသည်။ 

 ဆဲလ်ပျက်စီးမှုကို 

သဘာဝ အုန်းစိမ်းရည်မှာပါသည့် antioxidants များက ခန္ဓာကိုယ်မှာရှိသည့် ဆဲလ်များပျက်စီးမှုကို ကာကွယ်ရန် ကူညီပေးသည်။

ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။

သဘာဝ အုန်းစိမ်းရည်မှ ရေသည် ပိုလျှံနေသော သတ္တုဓာတ်များ စုရုံးပြီး ကျောက်တည်ခြင်း မဖြစ်အောင် ၎င်းဓာတ်များကို ဆီးထဲပါသွားစေရန် လုပ်ဆောင်ပေးသည်။

 

အရိုးများနှင့် သွားများကို သန်မာစေသည်။ သဘာဝ အုန်းစိမ်းရည်တွင် ဖော့စဖိတ်နှင့် ကယ်လ်စီယမ် ပေါင်းစပ်မှုသည် အရိုးနှင့် သွားများကို သန်မာစေရန် ကူညီပေးသည်။

 

သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေသည်။ သဘာဝ အုန်းစိမ်းရည်မှာ ပါသည့် မဂ္ဂနီဆီယမ်က သွေးတွင်းဂလူးကို့စ် (သကြား) ကို ကူထိန်းပေးနိုင်ပါသည်။

 

သဘာဝ အုန်းစိမ်းရည်တခွက်တွင် 

 

ကယ်လိုရီ 44

အဆီ  မပါပါ

ဆိုဒီယမ်  64 milligrams (mg)

ကာဘွန်ဟိုက်ဒရိတ်  10.4 g

ဖိုင်ဘာ 0 g

သကြား  9.6 g

ပရိုတင်း  0.5 g

ဗီတာမင်စီ  24.3 mg

ပိုတက်ဆီယမ် 404 mg

ပါဝင်သည်။

 

ပိုတက်စီယမ် Potassium: 404 mg ပါဝင်ခြင်းကြောင့် ကျောက်ကပ်မကောင်းလျှင် သဘာဝ အုန်းစိမ်းရည် မသောက်သင့်ပါ။ ကျေုက်ကပ်မကောင်းသည့်အခါ ပိုလျှံနေသည့် သတ္တုဓာတ်များကို ဖယ်ရှားပေးပြီး ဆီးထဲသို့ ထည့်မပေးနိုင်သဖြင့် သဘာဝ အုန်းစိမ်းရည်တွင် ပါဝင်မှု မြင့်မားသည့် ပိုတက်စီယမ်ကို ကျောက်ကပ်က ဖယ်ရှားစွန့်ပစ်ပေးနိုင်မည် မဟုတ်ပါ။

ထိုအခါ အသက်ကို အန္တရာယ်ပြုနိုင်သည့် သွေးထဲ ပိုတက်ဆီယမ်များ အလွန်အမင်းများခြင်း hyperkalemia ဖြစ်ပွားစေတတ်ပါသည်။

 

အူလမ်းကြောင်း မူမမ‌ှန်ခြင်း irritable bowel syndrome (IBS) ဖြစ်ပွားသူသည် သဘာဝ အုန်းစိမ်းရည် မသောက်သင့်ပါ။  အစာခြေခြင်းဆိုင်ရာ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည့် ကာဘိုဟိုက်ဒရိတ်တမျိုး သဘာဝအုန်းစိမ်းရည်တွင် ပါဝင်သောကြောင့် ရှောင်သင့်ပါသည်။

 

သဘာဝ အုန်းသီး အစိမ်းကို ခွဲပြီး ရလာသည့် သဘာဝအုန်းစိမ်းရည်စစ်စစ် လတ်လတ်ဆတ်ဆတ်ကို သောက်ပါ။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 14 November 2023 17:48
Rate this item
(0 votes)