အမျိုးသမီးများဟာ သွေးမဆုံးမီ ကာလမှာ လစဉ်သားဥအိမ် မှ သားဥ မျိုးစေ့ထွက်ပါတယ်။ ယေဘူယျအား ဖြင့်၊ ရာသီစလာ တဲ့ နေ့မှ ၁၄ ရက် အကြာ မှ ထွက်လေ့ရှိပါတယ်။
ဒီအချိန်ဟာ ကိုယ်ဝန်ရှိရန် အနီးစပ်ဆုံး အချိန်လဲ ဖြစ်ပါတယ်။ သားဥဟာ သားဥပြွန်ထဲ ကျသွားပြီး၊ ကျန်ခဲ့တဲ့နေ ရာမှာ ၊ များသောအားဖြင့် အရေကြည်လေးဖြစ်ပြီ ကျန်ခဲ့လေ့ ရှိပါတယ်။ ဟော်မုန်းတွေကြောင့် တစ်ခါတရံ ဒီရေအိပ် ( ovarian cyst ) ဟာ ကြီးလာ တတ်ပါတယ်။
အချို့အခါမျိုးမှာ သွေးအနည်းငယ်လည်း ဒီရေ အိပ်အတွင်းမှာ ရှိတတ်ပါတယ်။ corpus luteum cyst လို့ခေါ်ပါတယ်။ ဒီလိုဟာမျိုး cyst ဟာ ၂ လ ၊ ၃ လ လောက် ကြာရင် သူ့ အလိုလို သေး လာ ပြီး ပျောက် သွား တတ် ပါ တယ်။ တစ်ခါတရံ အဆင်မသင့်တဲ့ အခါ ၊ ယိုထွက် ခြင်း ကြောင့် သော်လည်းကောင်း ၊ ပေါက်ခြင်းကြောင့် သော်လည်းကောင်း ဗိုက်နာလာတတ်ပါတယ်။ ပြန်ချုံပြီးပြောရမယ်ဆိုရင် ovarian cyst ဟာ အမျိုးမျိုး ရှိပါတယ်။
၁. Follicle cyst ( အထဲမှာ ရေပဲရှိတာ မျိုး ) ဟာ များသောအားဖြင့် သူ့ ဟာသူ ပြန်ရှုံ့ သွားပါတယ်။ ဘာမှလုပ်စရာ မလိုပါ။ ခွဲစရာ မလိုသလို ၊ ပဋိသန္ဓေ တားဆေးများလည်း သောက်စရာ မလိုပါ။
၂. Corpus luteum cyst အထဲမှာ သွေး အနည်းငယ်ရှိ နေတာမျိုးကလဲ ခွဲစရာမလိုပါ။ သူ့ဟာသူ ကောင်းသွားတာ များပါတယ်။ အထက်ပါ cyst နှစ်မျိုးက သားဥထွက်ပေးရ ခြင်း ကြောင့်ဖြစ်တဲ့ cyst တွေ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း လိုလိုမှာ ရှိပါတယ်။ ကင်ဆာ မဟုတ်ပါ။
Read More : အစာအိမ် အနာဖြစ်နေစဉ် ရှောင်ကြဉ်ရမည့် အစားအသောက်များ
၃။ သွေးဆုံးပြီး နှစ်အနည်းငယ် ကြာတဲ့အခါမှာ ဖြစ်တဲ့ cyst ကြတော့ သတိထားရမှာ ဖြစ်ပါတယ်။ သွေးဆုံးပြီးတဲ့အခါ သားဥမထုတ်တော့တာမို့ ၊ သားဥ ထွက်ခြင်းကြောင့်ဖြစ်တဲ့ cyst မျိုးမဟုတ် တော့ပါ ။ အထူးသဖြင့် ultrasound မှာ complex cyst လို့ဖတ်ရင် စဉ်းစားစရာဖြစ် လာပါတယ်။ ဒီအခါ မခွဲခင် Ca 125 tumor marker ဖောက်ကြည့် သင့်ပါတယ်။ လိုအပ်ရင်လဲ CT scan ရိုက်ရမှာပါပဲ။
၎. တစ်ခါတစ်ရံ သွေးအိပ် လို့ခေါ်တဲ့ endometriosis လဲ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ကိုယ့်အခြေအနေပေါ် မူတည်ပြီး ကိုယ့် ဆရာဝန် နဲ့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။ ကင်ဆာ တော့ မဟုတ်ပါ ။
၅. အခြား complex cysts များလဲရှိပါ သေး တယ်။ Dermoid cyst, and other varieties အကောင်းဆုံးကတော့ OG နဲ့ အချိန်ယူပြီး ဆွေးရမှာ ဖြစ်ပါတယ်။ တစ်ခါတရံ ခွဲရတဲ့အခါ adhesions လို့ခေါ်တဲ့ အမြှင်တွေ နဲ့ ကပ်ကုန်တတ် ပါတယ်။ ဒီ adhesions တွေကြောင့် ခဏခဏ ထပ်ခွဲခံရသူ တွေလဲ ရှိပါတယ်။
အကောင်းဆုံးကတော့ ကိုယ့် OG နဲ့ တိုင်ပင်ပြီး လိုရင်လဲခွဲ ၊ မလိုရင် လဲ မခွဲ ကြ နဲ့ ပေါ့။ ခွဲတယ်ဆိုတာ က လဲ ပြဿနာတွေ ရှိနိုင်တာ ပါ ပဲ။ ကင်ဆာ မဟုတ် ဖူး ဆိုရင်တော့ သေသေချာချာ စဉ်းစား စေ ချင် ပါ တယ်။
Source:ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း
Health Products Directory