What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 September 2019 12:56

သွေးစစ်ခြင်းဖြင့် ဆီးအကြိတ်ကင်ဆာ ရှိမရှိ ဆန်းစစ်နိုင်သည်

ကိုယ်ခန္ဓာထဲ သွေးများ လှည့်လည်စီးဆင်းနေရာ၌ tumor cell များ ရှာဖွေကြည့်ခြင်းဖြင့် ဆီးအကြိတ်ကင်ဆာ ရောဂါဆန်းစစ်ရှာဖွေခြင်းကို ယခုအခါ ပိုသေချာအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်၍ ဘိုင်အိုစီ လုပ်နေဖို့ လုပ်တော့မည် မဟုတ်ချေ။

Prostate-specific antigen (PSA) နှင့် ပေါင်းစပ်ထားသော ဆေးစစ်နည်းသစ်တွင် ဆီးအကြိတ် ပရော့စတိတ်ကင်ဆာ ဖြစ်ပွားဖွယ် ရှိသည်ဟူ အဖြေထွက်သည်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် မှန်ကန်မှု ရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ဆီးအကြိတ်ကင်ဆာ ရောဂါဆန်းစစ်သည့် နည်းလမ်းတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်။ 

 

လှည့်ပတ်နေသော tumor cell များသည် ကင်ဆာဆဲလ်များ ဖြစ်ပြီး မူရင်း tumor မှ ထွက်ခွာလာသော ဆဲလ်များ ဖြစ်သည်။ ထိုဆဲလ်တို့သည် သွေးစီးကြောင်းထဲ လိုက်ပါကြသည်။ ထိုသို့ သွေးစီးကြောင်းထဲ tumor cell များ ရောက်ရှိပါက ကိုယ်ခန္ဓာ၏ အခြားနေရာများသို့ ကင်ဆာ ပြန့်ပွားမည် ဖြစ်သည်။

 

Prostate-specific antigen (PSA) သည် ဆီးအကြိတ်မှ ထုတ်သည့် ပရိုတင်းဖြစ်သည်။ ဆီးအကြိတ်တွင် ကင်ဆာ ဖြစ်ပွားသည့်အခါ ဆီးအကြိတ်သည် ပရိုတင်းများကို ယခင်ကထက် ပိုမို ထုတ်လုပ်ပြီး သွေးထဲသို့ လွှတ်ထုတ်သည်။ သို့ဖြစ်ရာ သွေးထဲတွင် PSA ရေချိန် ပိုမြင့်မားနေသည်။ ဤသည်မှာ ဆီးအကြိတ်ကင်တာ ဖြစ်ပွားနေခြင်း ရောဂါလက္ခဏာ တစ်ရပ် ဖြစ်သည်။ 

 

သို့သော် ထိုအချက်တစ်ချက်တည်းဖြင့် အတည်ပြုရန် မသင့်ချေ။ အကြောင်းမှာ ဆီးအကြိတ်တွင် ကင်ဆာကြောင့် မဟုတ်ဘဲ ဂလင်းရောင်ရမ်းလျှင်လည်း PSA ရေချိန် သွေးထဲမှာ မြင့်တက်စေမည်။ သို့ဖြစ်ရာ ဆီးအကြိတ်တွင် ကင်ဆာ ရှိနေနိုင်သည်ဟု သံသယ ထားရှိပြီး ဘိုင်အိုစီ ပြုလုပ်ကာ အတည်ပြုချက် လုပ်ဆောင်ရသည်။ ဘိုင်အိုစီ လုပ်သည့်အခါ ခွဲစိတ်ပြီး ဆီးအကြိတ်မှ တစ်ရှူးနမူနာကို ရယူရသည်။ ရလာသည့် တစ်ရှူးနမူနာများကို ဆန်းစစ်ကြည့်ရသည်။ သို့ဖြစ်ရာ လူနာသည် သံသယ ရှိခြင်းကြောင့် ခွဲစိတ်ခံလိုက်ရပြီ ဖြစ်သည်။

 

ထိုသို့ ခွဲစိပ်ရာ၌ သွေးထွက်လွန်ခြင်းနှင့် ရောဂါပိုး ဝင်ခြင်းများ ဖြစ်ပွားနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်ကို စွန့်စားရခြင်း ဖြစ်သည်။ ထိုသို့ ဆီးအကြိတ်ကို ဘိုင်အိုစီ လုပ်ပြီးသောအခါ ကင်ဆာရှိကြောင်း အတည်ပြုပြီးသောအခါ၌လည်း tumor သည် aggressive မဖြစ်သည်က များသည်။ သို့ဖြစ်ရာ သေဆုံးအောင် ပြုမည် မဟုတ်ပေ။ 

 

သို့ဖြစ်ရာ ဆီးအကြိတ် ကင်ဆာ ရောဂါဆန်းစစ်ရန် PSA စစ်ဆေးပြီးသည့်နောက် ဘိုင်အိုစီ လုပ်ကိုင်ပြီး ကင်ဆာရှိကြောင်း အတည်ပြုသော်ငြားလည်း အသက် မစိုးရိမ်ရသည့်အဖြစ်များ အများအပြား ရှိနေသည်။ မလိုအပ်ဘဲ ခွဲစိတ်ကုသမှု ခံရခြင်း၊ စရိတ်စကများ ထောင်းခြင်းတို့သည် လူနာအပေါ် ကျရောက်သည်။ အခန့်မသင့်ပါက ရောဂါပိုးဝင်ဦးမည် ဖြစ်သည်။ 

 

ထိုသို့သော အကြောင်းများကြောင့် ယခု တွေ့ရှိထားသည့် tumor cell များ လှည့်ပတ်သွားနေခြင်းကို စစ်ဆေးသည့်နည်းလမ်းသစ်ဖြင့် ဆီးအကြိတ်ကင်ဆာ ရောဂါရှာဖွေခြင်းကို သုံးကြရလိမ့်မည် ဖြစ်သည်။

Written By Health Products Directory

 

(Zawgyi)

----------

ေသြးစစ္ျခင္းျဖင့္ ဆီးအႀကိတ္ကင္ဆာ ရွိမရွိ ဆန္းစစ္ႏုိင္သည္

 

ကုိယ္ခႏၶာထဲ ေသြးမ်ား လွည့္လည္စီးဆင္းေနရာ၌ tumor cell မ်ား ရွာေဖြၾကည့္ျခင္းျဖင့္ ဆီးအႀကိတ္ကင္ဆာ ေရာဂါဆန္းစစ္ရွာေဖြျခင္းကုိ ယခုအခါ ပုိေသခ်ာေအာင္ လုပ္ႏုိင္ခဲ့ၿပီ ျဖစ္၍ ဘုိင္အုိစီ လုပ္ေနဖုိ႔ လုပ္ေတာ့မည္ မဟုတ္ေခ်။ Prostate specific antigen (PSA) ႏွင့္ ေပါင္းစပ္ထားေသာ ေဆးစစ္နည္းသစ္တြင္ ဆီးအႀကိတ္ ပေရာ့စတိတ္ကင္ဆာ ျဖစ္ပြားဖြယ္ ရွိသည္ဟူ အေျဖထြက္သည္တုိ႔တြင္ ၉၀ ရာခုိင္ႏႈန္းေက်ာ္ မွန္ကန္မႈ ရွိေၾကာင္း ေတြ႕ရသည္ဟု ဆုိသည္။ သုိ႔ျဖစ္ရာ ဆီးအႀကိတ္ကင္ဆာ ေရာဂါဆန္းစစ္သည့္ နည္းလမ္းတြင္ ႀကီးမားေသာ အေျပာင္းအလဲတစ္ခု ျဖစ္လာလိမ့္မည္။

 

လွည့္ပတ္ေနေသာ tumor cell မ်ားသည္ ကင္ဆာဆဲလ္မ်ား ျဖစ္ၿပီး မူရင္း tumor မွ ထြက္ခြာလာေသာ ဆဲလ္မ်ား ျဖစ္သည္။ ထုိဆဲလ္တုိ႔သည္ ေသြးစီးေၾကာင္းထဲ လုိက္ပါၾကသည္။ ထုိသုိ႔ ေသြးစီးေၾကာင္းထဲ tumor cell မ်ား ေရာက္ရွိပါက ကုိယ္ခႏၶာ၏ အျခားေနရာမ်ားသုိ႔ ကင္ဆာ ျပန္႔ပြားမည္ ျဖစ္သည္။

 

Prostate specific antigen (PSA) သည္ ဆီးအႀကိတ္မွ ထုတ္သည့္ ပရုိတင္းျဖစ္သည္။ ဆီးအႀကိတ္တြင္ ကင္ဆာ ျဖစ္ပြားသည့္အခါ ဆီးအႀကိတ္သည္ ပရုိတင္းမ်ားကုိ ယခင္ကထက္ ပုိမုိ ထုတ္လုပ္ၿပီး ေသြးထဲသုိ႔ လႊတ္ထုတ္သည္။ သုိ႔ျဖစ္ရာ ေသြးထဲတြင္ PSA ေရခ်ိန္ ပုိျမင့္မားေနသည္။ ဤသည္မွာ ဆီးအႀကိတ္ကင္တာ ျဖစ္ပြားေနျခင္း ေရာဂါလကၡဏာ တစ္ရပ္ ျဖစ္သည္။ 

 

သုိ႔ေသာ္ ထုိအခ်က္တစ္ခ်က္တည္းျဖင့္ အတည္ျပဳရန္ မသင့္ေခ်။ အေၾကာင္းမွာ ဆီးအႀကိတ္တြင္ ကင္ဆာေၾကာင့္ မဟုတ္ဘဲ ဂလင္းေရာင္ရမ္းလွ်င္လည္း PSA ေရခ်ိန္ ေသြးထဲမွာ ျမင့္တက္ေစမည္။ သုိ႔ျဖစ္ရာ ဆီးအႀကိတ္တြင္ ကင္ဆာ ရွိေနႏုိင္သည္ဟု သံသယ ထားရွိၿပီး ဘုိင္အုိစီ ျပဳလုပ္ကာ အတည္ျပဳခ်က္ လုပ္ေဆာင္ရသည္။ ဘုိင္အုိစီ လုပ္သည့္အခါ ခြဲစိတ္ၿပီး ဆီးအႀကိတ္မွ တစ္ရွဴးနမူနာကုိ ရယူရသည္။ ရလာသည့္ တစ္ရွဴးနမူနာမ်ားကုိ ဆန္းစစ္ၾကည့္ရသည္။ သုိ႔ျဖစ္ရာ လူနာသည္ သံသယ ရွိျခင္းေၾကာင့္ ခြဲစိတ္ခံလုိက္ရၿပီ ျဖစ္သည္။ 

 

ထုိသုိ႔ ခြဲစိပ္ရာ၌ ေသြးထြက္လြန္ျခင္းႏွင့္ ေရာဂါပုိး ၀င္ျခင္းမ်ား ျဖစ္ပြားႏုိင္သည့္ အႏၱရာယ္မ်ားလည္း ရွိေနသည္ကုိ စြန္႔စားရျခင္း ျဖစ္သည္။ ထုိသုိ႔ ဆီးအႀကိတ္ကုိ ဘုိင္အုိစီ လုပ္ၿပီးေသာအခါ ကင္ဆာရွိေၾကာင္း အတည္ျပဳၿပီးေသာအခါ၌လည္း tumor သည္ aggressive မျဖစ္သည္က မ်ားသည္။ သုိ႔ျဖစ္ရာ ေသဆုံးေအာင္ ျပဳမည္ မဟုတ္ေပ။ 

 

သုိ႔ျဖစ္ရာ ဆီးအႀကိတ္ ကင္ဆာ ေရာဂါဆန္းစစ္ရန္ PSA စစ္ေဆးၿပီးသည့္ေနာက္ ဘုိင္အုိစီ လုပ္ကုိင္ၿပီး ကင္ဆာရွိေၾကာင္း အတည္ျပဳေသာ္ျငားလည္း အသက္ မစုိးရိမ္ရသည့္အျဖစ္မ်ား အမ်ားအျပား ရွိေနသည္။ မလုိအပ္ဘဲ ခြဲစိတ္ကုသမႈ ခံရျခင္း၊ စရိတ္စကမ်ား ေထာင္းျခင္းတုိ႔သည္ လူနာအေပၚ က်ေရာက္သည္။ အခန္႔မသင့္ပါက ေရာဂါပိုး၀င္ဦးမည္ ျဖစ္သည္။ 

 

ထုိသုိ႔ေသာ အေၾကာင္းမ်ားေၾကာင့္ ယခု ေတြ႕ရွိထားသည့္ tumor cell မ်ား လွည့္ပတ္သြားေနျခင္းကုိ စစ္ေဆးသည့္နည္းလမ္းသစ္ျဖင့္ ဆီးအႀကိတ္ကင္ဆာ ေရာဂါရွာေဖြျခင္းကုိ သုံးၾကရလိမ့္မည္ ျဖစ္သည္။

Written By Health Products Directory

Read times Last modified on Wednesday, 05 February 2020 12:26
Rate this item
(1 Vote)