What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 May 2019 18:06

သွေးအတွင်း အဆီဓာတ်နည်းအောင် ဘယ်လိုလုပ်မလဲ

ကိုလက်စထရောဟာ အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး အသည်းက ထုတ်လုပ်တယ်။

ဆဲလ်တွေအတွက် အရေးပါအရာရောက်တယ်။ သွေးထဲမှာ ကိုလက်စထရော မြင့်မားနေလို့ ကိုလက်စထရောလျော့အောင် အားကစားလုပ်ခြင်းနဲ့ ကိုလက်စထရောနည်းတဲ့ အစာကျွေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။  နှစ်စဉ်ဗြိတိန်နိုင်ငံမှာ လေဖြတ်ခြင်း သို့မဟုတ် နှလုံးရုတ်တရက် တိုက်ခိုက် ခံရခြင်းခံရတဲ့ လူဦးရေ ၂၀၀၀၀၀ မှာ ၆၀ရာခိုင်နှုန်းဟာ သွေးအတွင်း ကိုလက်စထရော မြင့်တက်ခြင်းနဲ့ ဆက်စပ်လျက်ရှိတယ်။

 

သွေးအတွင်း ကိုလက်စထရော သိပ်သည်းဆမြင့်သော အဆီ (High Density Lipoprotein) နဲ့ သိပ်သည်းဆနည်းသောအဆီ (Low Density Lipoprotein) လို့ခွဲခြားနိုင်တယ်။ HDL ဟာ ကောင်းတဲ့အဆီဓာတ်ဖြစ်လို့ သွေးထဲမှာရှိဖို့ လိုအပ် တယ်။ သိပ်သည်းဆနည်းတဲ့ ကိုလက်စထရောဟာ သွေးအတွင်းမှာ မြင့်မားနေရင် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း ခံရတာတွေ ဖြစ်စေတယ်။ မကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့ LDL မြင့်မားခြင်းကို လျှော့ချရမယ်။

 

စုစုပေါင်းအဆီဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းမှာ ၄၀ ရာခိုင်နှုန်းဟာ HDL ဖြစ်တယ်။ သိပ်သည်းဆ အလွန်နည်းသော အဆီတစ်မျိုးဟာ မကောင်းတဲ့ အဆီဓာတ် ဖြစ်တယ်။ ပုံမှန်အားဖြင့် သွေးအတွင်းရှိ စုစုပေါင်းအဆီဓာတ်ဟာ ၃၀မှ၅၀မီလီဂရမ်ရာခိုင်နှုန်းသာ ရှိရမယ်။ ဒီထက်များရင် နှလုံးရောဂါဖြစ်စေတယ်။ လျော့နည်းရင်လည်း အသည်း လုပ်ငန်းတွေကောင်းစွာမလုပ်နိုင်လို့ ခန္ဓာကိုယ်က အစားအသောက်ကို လက်မခံနိုင်တဲ့ အမည်ဖော်ရခက်တဲ့ ရောဂါ တစ်မျိုးနဲ့ လည်း ပတ်သက်နိုင်တယ်။ သွေးအတွင်းမှာ အဆီဓာတ်မြင့်တဲ့အခါ အသည်းက မကောင်းတဲ့ အဆီဓာတ်ကို မဖျက်ဆီးနိုင်ပါဘူး။ အသည်းကို အစဉ်အမြဲ ကျန်းမာစေဖို့ ထိန်းသိမ်းထားသင့်ပါတယ်။

 

Read More : စားတက်ရင် ဆေး ၊ မစားတက်ရင် ဘေးဆိုတဲ့ ဒူးရင်းသီး

စားတက်ရင် ဆေး ၊ မစားတက်ရင် ဘေးဆိုတဲ့ ဒူးရင်းသီး

 

လူတချို့မှာ မျိုးရိုးဗီဇအရ အဆီဓာတ်လျော့နည်းတဲ့ အစားအသောက်တွေ စားပေမယ့်လည်း သွေးအတွင်းမှာ အဆီဓာတ်ကပုံမှန်အတိုင်း ရှိကြတယ်။ ဝက်ဆီ၊ ဝက်သားနဲ့ ပြည့်ဝဆီများတဲ့ အစားအစာကို လျှော့နိုင်သမျှ လျှော့စားခြင်းဟာ အရေးကြီးတယ်။ ပြည့်ဝဆီများဟာ LDL မြင့်မားပြီး ပျော်ဝင် အမျှင်ဓာတ် နည်းစေတယ်။ သွေးအတွင်းအဆီဟာ အသက် ၁၀ နှစ်အရွယ်မှာပင် သွေးကြော ပိတ်ဆို့ နိုင်တယ်။ ကျန်းမာတဲ့ အစားအသောက်ကို စားသုံးပေမယ့် သွေးအတွင်း အဆီဓာတ် တောက်လျှောက်မြင့်မားနေရင် သိုင်းရွှိုက်လုပ်ငန်း ကျဆင်းခြင်းနဲ့ ပတ်သက် နေပါတယ်။ 

 

ရှောင်ကြဉ်သင့်တဲ့အစာများမှာ ဝက်သား၊ ဝက်ဆီ၊ ဝက်အူချောင်း၊ အစာသွတ်မုန့်များ၊ ဒိန်ခဲ၊ ထောပတ်၊ ကြက်သားအရေခွံ၊ ရေခဲမုန့်၊ မလိုင်ပါတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ လျှော့စားရမယ်။ သကြားဓာတ်လျှော့စားရမယ်။ ခန္ဓာကိုယ်မှာ ချေဖျက်ရန် ခက်ခဲတဲ့အဆီအဖြစ်သို့ ပြောင်းလဲတတ်လို့ သကြားဓာတ်လွန်ကဲတဲ့ အဖျော်ယမကာများ၊ အရက်၊ ဘီယာ လျှော့ရမယ်။ ဆေးလိပ်နဲ့ ကွမ်းဖြတ်ရမယ်။ ကော်ဖီကြမ်းသောက်ရမယ်။

 

စားသုံးသင့်တဲ့အစာများကတော့ အမျှင်ဓာတ်များတဲ့ အုတ်စပါး၊ နှမ်း၊ မြေပဲ၊ နေကြာဆီ စတဲ့ မပြည့်ဝဆီနဲ့ စီမံထားတဲ့ထမင်းနဲ့ဟင်းစားနိုင်တယ်။ ပန်းသီး ပိုစား သင့်တယ်။ ပင်လယ်ငါးစားသင့်တယ်။ ကြက်သွန်ဖြူဟာ LDL လျော့နည်းစေလို့ စားသုံးသင့်တယ်။ သက်သက်လွတ်စားရင် သွေးအတွင်း အဆီဓာတ် လျော့နည်း စေတယ်။ ပဲအမျိုးမျိုး၊ ထောပတ်နဲ့ ပဲနီလေးတို့မှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပိုမို ရှိနိုင်တယ်။ ကြက်ဥအကာ စားနိုင်တယ်။ အဆီနဲ့ မလိုင်ထုတ်ထားတဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေ စားသင့်တယ်။ ပဲအမျိုးမျိုး စားသုံးသင့်တယ်။ အစာနည်းနည်းနဲ့ အကြိမ် များများ စားသုံးသင့်တယ်။ အိပ်ရေးမပျက်သင့်၊ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း လုပ်ရပါမယ်။

 

Source: Dr. LT (ondoctor)

Read times
Rate this item
(1 Vote)