What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 May 2019 11:55

လုံးဝ မပေါ့ဆသင့်တဲ့ အစာအိမ်ရောဂါ

ခန္ဓာကိုယ်အတွက် အစာအိမ်သည် အရေးပါသော အင်္ဂါအစိတ်အပိုင်း တခုဖြစ်ပါတယ်။

ပါးစပ်မှတဆင့် စားလိုက်သောအစာများကို ခေတ္တသိုလှောင်ပေးပြီး ပရိုတိန်းများကို တပိုင်းတစ ချေဖျက်ပေးပါတယ်။ ကုဗိုဟိုက်ဒရိတ်နှင့် အဆီများကိုမူ အူနှင့်ပန် ကရိယ (pancreas)တို့က အဓိကချေဖျက်ပေးပါတယ်။ အစာအိမ်မှထွက်ရှိသော အစာချေရည်တွင် အက်စစ်နှင့် ပက်(ပ)ဆင် အင်ဇိုင်းတို့ ပါဝင်ပါတယ်။

 

အစာအိမ်အတွင်း အစာအိမ်နံရံ၏ ခုခံအား လျော့နည်းကျဆင်းနေသောအခါ အက်စစ်ဓာတ် များကြောင့် အစာအိမ်တွင် အနာဖြစ်တတ်ပါပြီး အစာအိမ်မှ အက်စစ်အများအပြား အူသိမ် ထဲသို့ ရောက်ရှိသွားပါက အူသိမ်တွင် အနာဖြစ်တတ်ပါတယ်။ ယခင်က အစာအိမ်ရောဂါ ဖြစ်ရခြင်းမှာ အက်စစ်ဓာတ် လွန်ကဲမှုကြောင့် (သို့မဟုတ်) အစာ အိမ်နံရံ မျက်နှာပြင် အလွှာ၏ ခုခံအားညံပဖျင်းမှုကြောင့်ဟု ယူဆခဲ့ကြပါတယ်။ အစာအိမ်နာနှင့် အူသိမ်နာတို့မှာ Helicobacter pylori ပိုးနှင့် ဆက်နွယ်လျက်ရှိကြောင်း တွေ့ရှိလာရပါတယ်။

 

အူသိမ်အနာ၏ ရောဂါလက္ခဏာမှာ ညဘက်အချိန်နှင့် အစာမရှိချိန်များတွင် ဝမ်းဗိုက် နာကျင်ခြင်း၊ အစာစားလိုက်လျှင် နာကျင်မှု သက်သာသွားခြင်းတို့ဖြစ်တယ်။ အစာအိမ်အနာ၏ ရော ဂါလက္ခဏာမှာ ဝမ်းဗိုက်နာကျင်ခြင်း၊ အစာစားလျှင် မသက်သာဘဲ နာကျင်မှု ပိုဆိုးခြင်း၊ ပျို့အန် လိုက်မှ နာကျင်မှု သက်သာသွားခြင်းတို့ ဖြစ်တယ်။ အူသိမ်အနာနှင့် အစာအိမ်အနာ နှစ်မျိုးစ လုံးတွင် အက်စစ်ဓာတ်ချေဖျက်ပေးသော ဆေးများသောက်သုံးပါက နာကျင်မှုကို သက်သာေ စလေတယ်။ အစာအိမ်အနာနှင့် အူသိမ်နာတို့၏ အခြားသောလက္ခဏာများမှာ ရင်ပူခြင်း၊ ပါးစပ် အတွင်းသို့ အစာပြွန် အောက်ပိုင်းမှ တံတွေး(Saliva) နှင့် အက်စစ် (Acid) တို့ ပြန်ပျို့တက်ခြင်း တို့ဖြစ်တယ်။ အူသိမ်အနာရှိသူများတွင် နာကျင်မှုသက်သာစေရန် အစာ ပိုမိုစားသဖြင့် ခန္ဓာ ကိုယ်အလေးချိန် တက်နိုင်ပါတယ်။ အစာအိမ်အနာရှိသူတွင်မူ အစားအသောက် ပျက်ခြင်းေ ကြာင့် ကိုယ်အလေးချိန် လျော့ကျခြင်း ဖြစ်နိုင်ပါတယ်။

 

အစာအိမ်ရောဂါ၏ ထူးခြားချက်မှာ ဝေဒနာလက္ခဏာများသည် အလိုအလျောက် ပျောက် ကွယ် သွားတတ် သကဲ့သို့ အလိုအလျောက် ပြန်ပေါ်လာတတ်ခြင်းပင် ဖြစ်တယ်။ လူတယောက်၌ အ စာအိမ်ရောဂါ ရှိ-မရှိကို (Barium Meal)ဓာတ်မှန်ရိုက်ကြည့်ခြင်း၊ အစာအိမ်အား မှန်ပြောင်းဖြင့် ကြည့်ခြင်းတို့ဖြင့် လွယ်ကူစွာ သိရှိနိုင်ပါတယ်။ အစာအိမ်ရောဂါ ရှိသူများအား ဆရာဝန်များအနေဖြင့် အောက်ပါ ဆေးဝါးများအနက် သင့်ေ လျှာ်ကောင်းမွန်မည့် ဆေးဝါးများကို ညွှန်ကြားလေ့ရှိပါတယ်။

(၁) အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်ကို ချေဖျက်ပေးသည့်ဆေးများ။

(၂) အစာအိမ်မှ အက်စစ်ထွက်မှု လျော့နည်းစေသည့်ဆေးများ။

(၃) အစာအိမ်အတွင်း လေပွလေထခြင်းနှင့် အစာမကြေခြင်းတို့ကို သက်သာစေသည့် ဆေးများ။

(၄) အစာအိမ်နှင့် အူသိမ်ကြွက်သားများ အလွန်အမင်း လှုပ်ရှားမှုကို လျော့ပါးစေသော ဆေးများ။

(၅) အစာအိမ်နံရံ၏ ခုခံစွမ်းအား ပြန်လည်ကောင်းမွန်စေသော ဆေးများ စသည်တို့ ဖြစ်ပါတယ်။

 

အစာအိမ်ရောဂါရှိသူတဦး အနေဖြင့် ဆေးလိပ် လုံးဝ မသောက်သင့်ပေ။ ဆေးဝါးများ မှန်မှန် မှီ ဝဲနေသော်လည်း ဆေးလိပ်သောက်နေပါက အကျိုးမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဆေး လိ ပ်သောက်သုံးခြင်းသည် အစာအိမ်နာ ပျောက်ကင်းစေခြင်းကို အဟန့်အတား ဖြစ်စေခြင်းကြောင့် ဖြစ်တယ်။

 

အစာအိမ်ရောဂါကို ကုသနေစဉ်အတွင်း အရက်သေစာ သောက်စားခြင်းကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။ အရက်သည် အစာအိမ်နှင့် အူလမ်းကြောင်းတလျှေြက် နံရံများ၏ ခုခံစွမ်းအားကို လျော့နည်းစေသောကြောင့် ဖြစ်ပါတယ်။ အစာအိမ်သည် ခန္ဓာကိုယ်အတွက် မည်မျှအရေးကြီးကြောင်း အာလုံးသိရှိပြီးဖြစ်တယ်။ ထို့ကြောင့် အစာအိမ်ရောဂါ ဖြစ်ပွားနေတယ်လို့ သိရှိပါက လုံးဝမပေါ့ဆဘဲ အလျင်အမြန် ပျောက် ကင်းအောင် ကုသသင့်ပါတယ်။ ထိုသို့မဟုတ်ပါက အစာအိမ်ရောဂါ၏ နောက်ဆက်တွဲ ဆိုး ကျိုး များဖြစ်သောသွေးအန်ခြင်း၊သွေးဝမ်းသွားခြင်း၊အစာအိမ်ပေါက်ခြင်း၊အစာအိမ်လမ်းကြောင်းပိတ်ဆို့ခြင်းနှင့်နောက်ဆုံးအဆင့်ဖြစ်သောလူသားတို့၏အသက်ကိုရန်ရှာနိုင်သည့်အစာအိမ်ကင်ဆာရောဂါတို့ဖြစ်ပွားနိုင်သောကြောင့် ဖြစ်တယ်။

ကျန်းမာရေးဆိုင်ရာနည်းလမ်းကောင်းများနှင့် ဗဟုသုတများ

(Zawgyi)

----------

လံုးဝ မေပါ့ဆသင့္တဲ့ အစာအိမ္ေရာဂါ

 

ခႏၶာကိုယ္အတြက္ အစာအိမ္သည္ အေရးပါေသာ အဂၤါအစိတ္အပိုင္း တခုျဖစ္ပါတယ္။ ပါးစပ္မွတဆင့္ စားလိုက္ေသာအစာမ်ားကို ေခတၱသိုေလွာင္ေပးျပီး ပရိုတိန္းမ်ားကို တပိုင္းတစ ေခ်ဖ်က္ေပးပါတယ္။ ကုဗိုဟိုက္ဒရိတ္ႏွင့္ အဆီမ်ားကိုမူ အူႏွင့္ပန္ ကရိယ (pancreas)တို႔က အဓိကေခ်ဖ်က္ေပးပါတယ္။ အစာအိမ္မွထြက္ရွိေသာ အစာေခ်ရည္တြင္ အက္စစ္ႏွင့္ ပက္(ပ)ဆင္ အင္ဇိုင္းတို႔ ပါဝင္ပါတယ္။

 

အစာအိမ္အတြင္း အစာအိမ္နံရံ၏ ခုခံအား ေလ်ာ့နည္းက်ဆင္းေနေသာအခါ အက္စစ္ဓာတ္ မ်ားေၾကာင့္ အစာအိမ္တြင္ အနာျဖစ္တတ္ပါျပီး အစာအိမ္မွ အက္စစ္အမ်ားအျပား အူသိမ္ ထဲသို႔ ေရာက္ရွိသြားပါက အူသိမ္တြင္ အနာျဖစ္တတ္ပါတယ္။ ယခင္က အစာအိမ္ေရာဂါ ျဖစ္ရျခင္းမွာ အက္စစ္ဓာတ္ လြန္ကဲမႈေၾကာင့္ (သို႔မဟုတ္) အစာ အိမ္နံရံ မ်က္ႏွာျပင္ အလႊာ၏ ခုခံအားညံပဖ်င္းမႈေၾကာင့္ဟု ယူဆခဲ့ၾကပါတယ္။ အစာအိမ္နာႏွင့္ အူသိမ္နာတို႔မွာ Helicobacter pylori ပိုးႏွင့္ ဆက္ႏြယ္လ်က္ရွိေၾကာင္း ေတြ႔ရွိလာရပါတယ္။

 

အူသိမ္အနာ၏ ေရာဂါလကၡဏာမွာ ညဘက္အခ်ိန္ႏွင့္ အစာမရွိခ်ိန္မ်ားတြင္ ဝမ္းဗိုက္ နာက်င္ျခင္း၊ အစာစားလိုက္လွ်င္ နာက်င္မႈ သက္သာသြားျခင္းတို႔ျဖစ္တယ္။ အစာအိမ္အနာ၏ ေရာ ဂါလကၡဏာမွာ ဝမ္းဗိုက္နာက်င္ျခင္း၊ အစာစားလွ်င္ မသက္သာဘဲ နာက်င္မႈ ပိုဆိုးျခင္း၊ ပ်ိဳ႔အန္ လိုက္မွ နာက်င္မႈ သက္သာသြားျခင္းတို႔ ျဖစ္တယ္။ အူသိမ္အနာႏွင့္ အစာအိမ္အနာ ႏွစ္မ်ိဳးစ လံုးတြင္ အက္စစ္ဓာတ္ေခ်ဖ်က္ေပးေသာ ေဆးမ်ားေသာက္သံုးပါက နာက်င္မႈကို သက္သာေ စေလတယ္။ အစာအိမ္အနာႏွင့္ အူသိမ္နာတို႔၏ အျခားေသာလကၡဏာမ်ားမွာ ရင္ပူျခင္း၊ ပါးစပ္ အတြင္းသို႔ အစာျပြန္ ေအာက္ပို္င္းမွ တံေတြး(Saliva) ႏွင့္ အက္စစ္ (Acid) တို႔ ျပန္ပ်ိဳ႔တက္ျခင္း တို႔ျဖစ္တယ္။ အူသိမ္အနာရွိသူမ်ားတြင္ နာက်င္မႈသက္သာေစရန္ အစာ ပိုမိုစားသျဖင့္ ခႏၶာ ကိုယ္အေလးခ်ိန္ တက္ႏိုင္ပါတယ္။ အစာအိမ္အနာရွိသူတြင္မူ အစားအေသာက္ ပ်က္ျခင္းေ ၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္း ျဖစ္ႏိုင္ပါတယ္။

Read More : ေသြးအတြင္း အဆီဓာတ္နည္းေအာင္ ဘယ္လိုလုပ္မလဲ

ေသြးအတြင္း အဆီဓာတ္နည္းေအာင္ ဘယ္လိုလုပ္မလဲ

 

အစာအိမ္ေရာဂါ၏ ထူးျခားခ်က္မွာ ေဝဒနာလကၡဏာမ်ားသည္ အလိုအေလ်ာက္ ေပ်ာက္ ကြယ္ သြားတတ္ သကဲ့သို႔ အလိုအေလ်ာက္ ျပန္ေပၚလာတတ္ျခင္းပင္ ျဖစ္တယ္။ လူတေယာက္၌ အ စာအိမ္ေရာဂါ ရွိ-မရွိကို (Barium Meal)ဓာတ္မွန္ရိုက္ၾကည့္ျခင္း၊ အစာအိမ္အား မွန္ေျပာင္းျဖင့္ ၾကည့္ျခင္းတို႔ျဖင့္ လြယ္ကူစြာ သိရွိႏိုင္ပါတယ္။ အစာအိမ္ေရာဂါ ရွိသူမ်ားအား ဆရာဝန္မ်ားအေနျဖင့္ ေအာက္ပါ ေဆးဝါးမ်ားအနက္ သင့္ေ လွ်ာ္ေကာင္းမြန္မည့္ ေဆးဝါးမ်ားကို ညႊန္ၾကားေလ့ရွိပါတယ္။

 

(၁) အစာအိမ္အတြင္းရွိ အက္စစ္ဓာတ္ကို ေခ်ဖ်က္ေပးသည့္ေဆးမ်ား။

(၂) အစာအိမ္မွ အက္စစ္ထြက္မႈ ေလ်ာ့နည္းေစသည့္ေဆးမ်ား။

(၃) အစာအိမ္အတြင္း ေလပြေလထျခင္းႏွင့္ အစာမေၾကျခင္းတို႔ကို သက္သာေစသည့္ ေဆးမ်ား။

 

(၄) အစာအိမ္ႏွင့္ အူသိမ္ၾကြက္သားမ်ား အလြန္အမင္း လႈပ္ရွားမႈကို ေလ်ာ့ပါးေစေသာ ေဆးမ်ား။

(၅) အစာအိမ္နံရံ၏ ခုခံစြမ္းအား ျပန္လည္ေကာင္းမြန္ေစေသာ ေဆးမ်ား စသည္တို႔ ျဖစ္ပါတယ္။

 

အစာအိမ္ေရာဂါရွိသူတဦး အေနျဖင့္ ေဆးလိပ္ လံုးဝ မေသာက္သင့္ေပ။ ေဆးဝါးမ်ား မွန္မွန္ မွီ ဝဲေနေသာ္လည္း ေဆးလိပ္ေသာက္ေနပါက အက်ိဳးမရွိေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ေဆး လိ ပ္ေသာက္သံုးျခင္းသည္ အစာအိမ္နာ ေပ်ာက္ကင္းေစျခင္းကို အဟန္႔အတား ျဖစ္ေစျခင္းေၾကာင့္ ျဖစ္တယ္။

 

အစာအိမ္ေရာဂါကို ကုသေနစဥ္အတြင္း အရက္ေသစာ ေသာက္စားျခင္းကိုလည္း ေရွာင္ၾကဥ္ သင့္ပါတယ္။ အရက္သည္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းတေလွ်ၾက္ နံရံမ်ား၏ ခုခံစြမ္းအားကို ေလ်ာ့နည္းေစေသာေၾကာင့္ ျဖစ္ပါတယ္။ အစာအိမ္သည္ ခႏၶာကိုယ္အတြက္ မည္မွ်အေရးႀကီးေၾကာင္း အာလံုးသိရွိျပီးျဖစ္တယ္။ ထို ႔ေၾကာင့္ အစာအိမ္ေရာဂါ ျဖစ္ပြားေနတယ္လို႕ သိရွိပါက လံုးဝမေပါ့ဆဘဲ အလ်င္အျမန္ ေပ်ာက္ ကင္းေအာင္ ကုသသင့္ပါတယ္။ ထိုသို႔မဟုတ္ပါက အစာအိမ္ေရာဂါ၏ ေနာက္ဆက္တြဲ ဆိုး က်ိဳး မ်ားျဖစ္ေသာေသြးအန္ျခင္း၊ေသြးဝမ္းသြားျခင္း၊အစာအိမ္ေပါက္ျခင္း၊အစာအိမ္လမ္းေၾကာင္းပိတ္ဆို႔ျခင္းႏွင့္ေနာက္ဆံုးအဆင့္ျဖစ္ေသာလူသားတို႔၏အသက္ကိုရန္ရွာႏိုင္သည့္အစာအိမ္ကင္ဆာေရာဂါတို႔ျဖစ္ပြားႏိုင္ေသာေၾကာင့္ ျဖစ္တယ္။

 

Source: က်န္းမာေရးဆိုင္ရာနည္းလမ္းေကာင္းမ်ားႏွင့္ ဗဟုသုတမ်ား

Read times Last modified on Thursday, 30 January 2020 18:06
Rate this item
(3 votes)