What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 June 2019 11:02

ပြင်းထန်လာတဲ့ H1N1 တုပ်ကွေးရောဂါ

H1N1 ဆိုတာကတော့ virus အမျိုးအစားဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ 

ဇွန် ၁၄ ရက် နှင့် ၁၉ ရက်နေ့ တွင် စတင်ဖြစ်ပေါ်လာတဲ့ H1N1 တုပ်ကွေးရောဂါကြောင့် ပြင်းထန်အဖျားကြောင့် ဆေးရုံရောက်သူ သံသယရှိ လူနာ ၂၀ ရှိပြီး ၎င်း ၂၀ ဦးအနက်မှ ၇ ဦး မှာ H1N1 Positive ဖြစ်နေပြီး မြောက်ဥက္ကလာ၊ အင်းစိန်နှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။

 

၎င်း ၂၀ ဦးအနက်မှ ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ခဲ့ပြီးနောက် H1N1 တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄ ဦးထိ ရှိလာကြောင့် သိရပါတယ်။ လက်ရှိ စောင့်ကြည့်နေတဲ့ ရောဂါသံသယရှိ လူနာ ၇ ဦးရှိနေတယ်လို့လည်း ကျန်းမာရေးဌာနမှ သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 ကူးစက်ရောဂါနဲ့ သေဆုံးသွားတယ်တဲ့ ရောဂါဝေဒနာရှင်တွေကို ရေဝေး သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ရန်ကုန် နာရေးကူညီမှု အသင်းက ထုတ်ပြန်ထားပါတယ်။

 

တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ ခေါ်တဲ့ ရောဂါကို H1N1 ဆိုတာကတော့ virus အမျိုးအစားဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီ virus ဟာ တုပ်ကွေး virus (influenza virus) ရဲ့ မျိုးစိတ်အသစ်ဖြစ်ပြီး ပုံမှန် တုပ်ကွေးရောဂါအမျိုးအစားကဲ့သို့ လက္ခဏာတွေပြတတ်ပါတယ်။ လက်ရှိမှာတော့ H1N1 virus ဟာ လူတွေမှာ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။

 

ရောဂါပိုးရှိတဲ့သူက နှာချေခြင်း ဒါမှမဟုတ် ချောင်းဆိုးခြင်းကနေ လေထဲမှာ မျက်စိဖြင့် မမြင်နိုင်တဲ့ အမှုန်အမွှားတွေ ပြန့်နှံ့သွားတက်ပြီး ၎င်းအမှုန်အမွှားတွေကို ရှုရှိက်မိခြင်းတာကနေလည်း ကူးစက်နိုင်ပါတယ်။ H1N1 တုပ်ကွေးရောဂါရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာကတော့ ဖျားခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာချေခြင်း ၊ နှာရည်ယိုခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကိုယ်လက်များကိုက်ခဲခြင်း ၊ ဝမ်းလျောခြင်း ၊ ချမ်းတုန်ခြင်း တို့ ဖြစ်တတ်ပါတယ်။ H1N1 တုပ်ကွေးဟာ လေထက်မှ တစ်ဆင့် အသက်ရှုလမ်းကြောင့်သို့ ဝင်ရောက် ကူးစက်တဲ့ ရောဂါ ဖြစ်တဲ့အတွက် အဆုတ်ရောင်ခြင်း ၊ အသက်ရှုလမ်းကြောင်းရောင်ခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် H1N1 တုပ်ကွေးရောဂါ မကူးစပ်အောင် ကာကွယ်ရမည်အချက်များကို ပုံ နှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

Image may contain: text

Image may contain: text

Image may contain: text

Image may contain: text

Image may contain: 2 people, hat

Image may contain: text

Image may contain: text

Image may contain: text

Image may contain: text

Image may contain: text

Image may contain: 2 people, text

Image may contain: text

Image may contain: one or more people and text

No photo description available.

No photo description available.

Image may contain: text

Image may contain: text

No photo description available.

No photo description available.

No photo description available.

Image may contain: text

Image may contain: 1 person, smiling, text

Image may contain: one or more people and text

Image may contain: text

Image may contain: 1 person, sitting

Img Source: Dr.Win Zaw

 

By Health Products Directory

Read times
Rate this item
(2 votes)