What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 December 2019 17:03

ျခင္ေဆးေခြကို အသံုးျပဳရင္ ေရွာင္ၾကဥ္ရမည့္ အခ်က္မ်ား

ျခင္ေပါတဲ့ ျမန္မာႏိုင္ငံမွာ ျခင္ကိုက္ခံရတာကေန ကာကြယ္ဖို႔အတြက္ မ်ားေသာအားျဖင့္ ျခင္ေဆးေခြကို အလြယ္တကူ သံုးစြဲတက္ၾကပါတယ္။ 

ခုေခတ္မွာ ျခင္႐ိုက္တံ၊ ျခင္လိမ္းေဆးရည္စသျဖင့္ အမ်ားႀကီးေပၚေနေသာ္လည္း လူအေတာ္မ်ားမ်ားဟာ ျခင္ေဆးေခြကို သုံးေနၾကဆဲပါပဲ။

 

ျခင္ေဆးေခြကို ၁၈၉၅ ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံက Eiichiro Ueyama ဆိုသူက စတင္တီထြင္ခဲ့ပါတယ္။ ဓါတုေဗဒနည္းပညာေတြဖြံ႕ၿဖိဳးလာၿပီးတဲ့ေနာက္မွာ ျခင္ေဆးေခြမွာပါတဲ့ပါဝင္ပစၥည္းေတြကလည္း ဓါတုပစၥည္းေတြ အမ်ားႀကီးပါဝင္လာပါတယ္။ သုေတသနပညာရွင္ေတြရဲ႕ ေတြ႔ရွိခ်က္အရ ျခင္ေဆးေခြအခ်ိဳ႕မွာ အျပင္းထန္ဆုံး ဓါတုပစၥည္းေတြျဖစ္တဲ့ ပိုးသတ္ေဆး S-2၊ ေဖာ္မယ္ဒီဟိုက္၊ ဘန္ဇင္း၊ မီဖာလူသရင္းစတဲ့ ဓါတုပစၥည္းေတြ ပါဝင္ေနတယ္လို႔ ေျပာထားပါတယ္။

 

ဘန္ဇင္းဓါတုပစၥည္းဟာ ကာစီႏိုဂ်င္(ကင္ဆာျဖစ္ေစမႈကိုအားေပးတဲ့ပစၥည္း) ျဖစ္ၿပီး အာ႐ုံေၾကာမွစကာ ႐ိုးတြင္းခ်ဥ္ဆီထိပါ အဆိပ္သင့္ႏိုင္ပါတယ္။ ျခင္ေဆးေခြတေခြက ထြက္လာတဲ့အဆိပ္ေငြ႕ဟာ ေဆးလိပ္အလိပ္၁၀၀ေက်ာ္မွထြက္တဲ့အဆိပ္ေငြ႕နဲ႔ညီတယ္လို႔လည္း တခ်ိဳ႕သုေတသနပညာရွင္ေတြက ေျပာၾကပါတယ္။

 

ဒါ့အျပင္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တဲ့ ေလႁပြန္ေရာင္ေရာဂါ၊ ပန္းနာရင္ၾကပ္ေရာဂါနဲ႔ အဆုတ္ကင္ဆာအထိပါ ျဖစ္ေစႏိုင္ၿပီး အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေဝဒနာ ခံစားေနရသူေတြအေနနဲ႔ ပိုမိုဆိုး႐ြားလာႏိုင္ပါတယ္။ ဒါေၾကာင့္ ျခင္ေဆးေခြကို အသံုးျပဳမယ္ဆိုရင္ ေရွာင္ၾကဥ္ရမယ္႔ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

 

ကေလးငယ္ေလးေတြ ၊ေမြးကင္းစကေလးေတြ၊ နာတာရွည္အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါသည္ေတြရွိတဲ႔ အိမ္ေတြမွာ ျခင္ေဆးေခြကို လုံးဝမသုံးသင့္ပါဘူး။ အလုံပိတ္ခန္း၊ ေလဝင္ေလထြက္နည္းတဲ့ ေနရာေတြမွာဆိုရင္လည္း ျခင္ေဆးေခြမထြန္းသင့္ပါ။ အခုေနာက္ပိုင္းမွာ ျခင္မကိုက္ေအာင္ လိမ္းေဆး၊ ျဖန္းေဆးေတြလည္း မ်ားစြာေပၚထြက္လာျပီျဖစ္လုိ႕ ကေလးေရာလူၾကီးပါ လိမ္းႏိုင္သံုးႏိုင္မယ္႔ အရည္ေသြးေကာင္းတဲ႔ လိမ္းေဆး၊ ျဖန္းေဆးေတြကို ေရြးခ်ယ္အသံုးျပဳရင္း ျခင္ေဆးေခြ အသံုးျပဳမႈကို ေလ်ာ႔ခ်ႏိုင္ပါတယ္။

 

{Unicode}

======

ခြင်ဆေးခွေကို အသုံးပြုမယ်ဆိုရင် ရှောင်ကြဉ်ရမည့် အချက်များ

ခြင်ပေါတဲ့ မြန်မာနိုင်ငံမှာ ခြင်ကိုက်ခံရတာကနေ ကာကွယ်ဖို့အတွက် များသောအားဖြင့် ခြင်ဆေးခွေကို အလွယ်တကူ သုံးစွဲတက်ကြပါတယ်။ ခုခေတ်မှာ ခြင်ရိုက်တံ၊ ခြင်လိမ်းဆေးရည်စသဖြင့် အများကြီးပေါ်နေသော်လည်း လူအတော်များများဟာ ခြင်ဆေးခွေကို သုံးနေကြဆဲပါပဲ။ ခြင်ဆေးခွေကို ၁၈၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံက Eiichiro Ueyama ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။ ဓါတုဗေဒနည်းပညာတွေဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ခြင်ဆေးခွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။

 

သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ခြင်ဆေးခွေအချို့မှာ အပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး S-2၊ ဖော်မယ်ဒီဟိုက်၊ ဘန်ဇင်း၊ မီဖာလူသရင်းစတဲ့ ဓါတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ပြောထားပါတယ်။ ဘန်ဇင်းဓါတုပစ္စည်းဟာ ကာစီနိုဂျင်(ကင်ဆာဖြစ်စေမှုကိုအားပေးတဲ့ပစ္စည်း) ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါ အဆိပ်သင့်နိုင်ပါတယ်။ ခြင်ဆေးခွေတခွေက ထွက်လာတဲ့အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ်၁၀၀ကျော်မှထွက်တဲ့အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း တချို့သုတေသနပညာရှင်တွေက ပြောကြပါတယ်။

 

ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ အဆုတ်ကင်ဆာအထိပါ ဖြစ်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် ခြင်ဆေးခွေကို အသုံးပြုမယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကလေးငယ်လေးတွေ ၊မွေးကင်းစကလေးတွေ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည်တွေရှိတဲ့ အိမ်တွေမှာ ခြင်ဆေးခွေကို လုံးဝမသုံးသင့်ပါဘူး။ အလုံပိတ်ခန်း၊ လေဝင်လေထွက်နည်းတဲ့ နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါ။

 

အခုနောက်ပိုင်းမှာ ခြင်မကိုက်အောင် လိမ်းဆေး၊ ဖြန်းဆေးတွေလည်း များစွာပေါ်ထွက်လာပြီဖြစ်လို့ ကလေးရောလူကြီးပါ လိမ်းနိုင်သုံးနိုင်မယ့် အရည်သွေးကောင်းတဲ့ လိမ်းဆေး၊ ဖြန်းဆေးတွေကို ရွေးချယ်အသုံးပြုရင်း ခြင်ဆေးခွေ အသုံးပြုမှုကို လျော့ချနိုင်ပါတယ်။

Read times
Rate this item
(0 votes)