What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 June 2019 11:04

ချောင်းဆိုးပြီးဆို "ဝုဒ် (Woods')" သောက်တဲ့သူတွေ သိထားသင့်သော အချက်များ

အခုနောက်ပိုင်း လူတွေကြားမှာ ရေပန်းစားနေတဲ့ ချောင်းဆိုးပျောက်ဆေးအရည်ကဘာလဲ မေးရင် ဝုဒ် (Woods') ချောင်းဆိုးပျောက်ဆေး အရည်လို့ ပြောလို့ ရပါတယ်။

ဝုဒ် (Woods') ချောင်းဆိုးပျောက်ဆေး အရည်မှာ ပုံစံ နှစ်မျိုးဖြင့် လာပါတယ်။ တစ်ခုက အပြာ ၊ နောက်တစ်ခုက အနီပဲ ဖြစ်ပါတယ်။

 

လူတစ်ချို့တွေက ချောင်းဆိုးပျောက်ဆေးအရည် ဝုဒ် (Woods') တော့ သိတယ်။ ဒီဆေးနှစ်မျိုးရဲ့ ကွာခြားချက်ကို သိတဲ့သူများ ရှိသလို မသိတဲ့သူတွေလည်းရှိပါတယ်။ ဒါကြောင့် ဒီ ဝုဒ် (Woods') ချောင်းဆိုးပျောက်ဆေး အရည် နှစ်မျိုးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ဝုဒ် (Woods') အပြာ " Woods' Peppermint Expectorant "

ဝုဒ် (Woods') အပြာ ဟာဆိုရင် ချောင်းဆိုးခြင်း အမျိုးမျိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့အပြင် ချွဲသလိပ်ကြပ်ခြင်း ၊ ချွဲသလိပ်ကြပ်၍ ချောင်းဆိုးခြင်း ၊ ချောင်းခြောက်ဆိုခြင်း များကို ထိရောက်စွာ သက်သာပျောက်ကင်းစေပါတယ်။

 

အဆိုပါ ဝုဒ် (Woods') အပြာ ကို အစာအိမ် နှင့် အူလမ်းကြောင်းအနာ ၊ အစာအိမ် နှင့် ပတ်သက်ပြီး တစ်စုံတစ်ခုခုဖြစ်ဖူးသော လူနာများ ဆရာဝန်များနဲ့ တိုင်ပင်ပြီး သောက်သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြုသောက်သုံးသင့်ပါတယ်။  ဝုဒ် (Woods') အပြာက Guaiphenesin ပါဝင်တဲ့ ဆေးဖြစ်တာကြောင့် ဆီးစစ်သည့်အဖြေဖြစ်သည့် urinary 5-hydroxyindoleacetic acid နှင့် vanylllilmandelic acid တို့ကို မှားယွင်းစွာ အဖြေထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်မတည့်သူများ သောက်သုံးတဲ့အခါ သတိပြုသင့်ပါတယ်။ ဝုဒ် (Woods') အပြာက ကိုယ်တိုင်ဝယ်ယူ သောက်သုံးနိုင် တဲ့ ဆေးတစ်မျိုးဖြစ်ပေမယ့်လည်း အကောင်းဆုံး အကြံပြုချက်ကတော့ မိမိ ချောင်ဆိုးခြင်း ဖြစ်ပေါ်လျှင် ဆရာဝန် နှင့် တိုင်ပင်ပြီး သောက်သုံးလို့ ရပါတယ်။

 

Read More : လက်ဖက်စိမ်း ကို ဘယ်လိုဖျော်မလဲ

လက်ဖက်စိမ်း ကို ဘယ်လိုဖျော်မလဲ

 

ဝုဒ် (Woods') အနီ " Woods' Peppermint Antitussive "

ဝုဒ် (Woods') အနီ မှာ Dextromethorphan HBr နှင့် Diphenhydramine HCL ပါဝင်ပြီး သူကတော့ လည်ချောင်းယားပြီး ချောင်းဆိုးခြင်း ၊ ချောင်းအဆက်မပျက်ဆိုးခြင်း အတွက် အသုံးပြုလို့ ရတဲ့ ချောင်းဆိုးပျောက်ဆေး အရည် တစ်မျိုးဖြစ်ပါတယ်။ ဝုဒ် (Woods') အနီ ကို အရက်သောက်ထားသူများ (သို့ ) စိတ်ငြိမ်ဆေးသောက်ထားသူများ အနေဖြင့် ဆရာဝန်များနှင့် တိုင်ပင်ပြီး သောက်သုံးသင့်ပါတယ်။

 

ဝုဒ် (Woods') အနီ ကို ဆရာဝန်၏ ညွှန်ကြားချက်မပါပဲ အသက် (၆) နှစ်အောက်ကလေးငယ်များအား တိုက်ကျွေးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ အသည်း နှင့် ပတ်သက်ပြီး ပြဿရှိသူများ ၊ အသည်းမကောင်းသူများ ၊ ချွဲသလိပ်ရှိပြီး ချောင်းဆိုးခြင်းသူများ အသုံးမပြုသင့်ပါ။ အထူးဂရုစိုက်သင့်တဲ့သူတွေကတော့ ဝုဒ် (Woods') အနီကို သောက်သုံးပြီး ယာဉ်မောင်းနှင်သူများ နှင့် စက်မှုလုပ်သားများ သတိထားသင့်ပါတယ်။ ဆေးသောက်သုံးပြီးနောက် မှိန်းခွေခြင်း ဒါမဟုတ် မှုမမှန်ခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်များ နှင့် ပြသင့်ပါတယ်။

ဆေးအချိန်အဆ များစွာသောက်သုံးပါက အသက်ရှုလမ်းကြောင်း နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းမှုဖြစ်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်ကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်စေနိုင်ပါတယ်။

 

Written By A.Win (Health Products Directory)

Read times Last modified on Friday, 12 July 2019 16:06
Rate this item
(1 Vote)