What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 August 2019 14:19

သင့္ကို ရင္တုန္ေစေသာ အရာေတြက

လူတစ္ေယာက္ အသက္ရွင္ ေနထိုင္ဖို႔ ပုံမွန္အလုပ္လုပ္ေနတဲ့ အရာေတြ ရွိပါတယ္။

အဲဒီအရာေတြထဲမွာ ႏွလုံး ၊ အဆုတ္ေတြလည္း ပါဝင္ပါတယ္။ အခ်ိန္တိုင္း အသက္ရႉေနၾကတယ္၊ အခ်ိန္တိုင္း ႏွလုံးခုန္ေနေပမယ့္ လူေတာ္ေတာ္မ်ားမ်ား သတိမျပဳမိၾကပါဘူး။ ဒီအလုပ္ေတြက သူ႔အလိုအေလၽွာက္ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအရာေတြကို သတိထားမိတဲ့ အခါေတြမွာေတာ့ ကေမာက္ကမေတြ ျဖစ္လာပါေတာ့တယ္။ ႏွလုံးခုန္တာကို သတိထားမိတဲ့အခါမွာ ရင္တုန္သလို ခံစားရတာ ၊ အသက္ရႉတာကို သတိထားမိလာတဲ့အခါမွာ အသက္ရႉမဝသလို ခံစားလာရတာေတြ ျဖစ္လာပါေတာ့တယ္။

 

ရင္တုန္တယ္ ၊ ႏွလုံးတုန္တယ္ဆိုတဲ့ ေနရာမွာ ပုံမွန္ ႏွလုံးခုန္တာကို သတိထားမိတာ ရွိသလို ၊ ႏွလုံးခုန္ျမန္တာ ၊ ႏွလုံးခုန္တာ ပုံမွန္စည္းခ်က္ မမွန္တာေၾကာင့္ ရင္တုန္သလို ခံစားရတာေတြ ရွိတယ္။ မ်ားေသာအားျဖင့္ ရင္တုန္ျခင္းကို ျဖစ္ေစတာကေတာ့ ကဖင္းဓာတ္ပါတဲ့ အစားအစာေတြ ( ဥပမာ ေကာ္ဖီ၊ လက္ဖက္ရည္) ေတြ အစားမ်ားတာ၊ အပူအစပ္ေတြစားတာ၊ ေလ့က်င့္ခန္းတစ္ခုခု ျပင္းျပင္းထန္တန္လုပ္ၿပီးရင္ ခႏၶာကိုယ္ရဲ့ ဇီဝျဖစ္စဥ္ေတြကို ျမန္ေစတဲ့အတြက္ ႏွလုံးခုန္ျမန္ေစပါတယ္။ အိပ္ေရးမဝျခင္း ၊ ေဆးလိပ္ေသာက္ျခင္းႏွင့္ အရက္ေသစာ စားသုံးျခင္းေတြေၾကာင့္လည္း ႏွလုံးခုန္ ျမန္တတ္ပါတယ္။

 

ေနာက္တစ္ခုက စိတ္ဖိစီးမႈ႔ေတြ ၊ စိတ္လႈပ္ရွားမႈေတြကလည္း ရင္တုန္တတ္ပါတယ္။ တစ္ခုခုကို ေၾကာက္လန႔္ေနတဲ့အခ်ိန္မွာ ရင္ေတြ တဒိန္းဒိန္းနဲ႔ တုန္လာတာမ်ိဳးေတြ ရွိပါတယ္။ ငယ္ငယ္က စာေမးခံရမွာစိုးလို႔ ရင္ေတြတုန္တာမ်ိဳး ၊ အလုပ္အင္တာဗ်ဴးေျဖရင္း ရင္ေတြတုန္ေနတာမ်ိဳးေတြ ျဖစ္ဖူးၾကမွာပါ။ ဒါေတြက စိတ္လႈပ္ရွားလို႔ ျဖစ္ရတာပါ။ စိတ္ဖိစီးမႈ႔ေတြ ရွိေနတဲ့သူေတြဆိုလည္း ရင္တုန္သလို ခံစားရပါတယ္။ ဒီလိုေတြ မျဖစ္ေအာင္ တရားထိုင္တာမ်ိဳး ၊ အသက္ရႉေလ့က်င့္ခန္း လုပ္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

 

သင္ေသာက္ေနတဲ့ ေဆးေတြေၾကာင့္လည္း ရင္ေတြ တုန္နိုင္ပါေသးတယ္။ အမ်ားသိတာကေတာ့ ရင္ၾကပ္ေပ်ာက္ေဆးျဖစ္တဲ့ အမိုင္နိုေသာက္ရင္ ရင္တုန္တယ္ဆိုတာ အမွန္ကေတာ့ အမိုင္နိုတင္ မကပါဘူး။ မွိုသတ္ေဆးေတြ ၊ ႏွာေစးေပ်ာက္ေဆးေတြ နဲ႔ ပိုးသတ္ေဆးေတြေၾကာင့္လည္း ရင္တုန္နိုင္ပါေသးတယ္။ တခ်ိဳ႕ေသြးေပါင္က်ေဆးေတြကလည္း ရင္တုန္ျခင္းကို ျဖစ္ေစတတ္တယ္။

 

အမ်ိဳးသမီးမ်ားအဖို႔ ေဟာ္မုန္း အေျပာင္းအလဲ အခ်ိန္ေတြျဖစ္တဲ့ ရာသီလာခ်ိန္မ်ိဳး ၊ ကိုယ္ဝန္ရွိခ်ိန္မ်ိဳး နဲ႔ ေသြးဆုံးခါနီး အခ်ိန္ေတြမွာ ရင္တုန္ျခင္းကို ခံစားရနိုင္ပါေသးတယ္။ ၿပီးေတာ့ ခ်မ္းတုန္ဖ်ားတဲ့ အခါမ်ိဳး ၊ အဖ်ားႀကီးတဲ့ အခါမ်ိဳး ၊ ခႏၶာကိုယ္ရဲ့ ေနရာတစ္ခုခုကို ပိုးဝင္လို႔ ေသြးဆိပ္သင့္ေနတဲ့ အခ်ိန္မ်ိဳးေတြမွာလည္း ႏွလုံးခုန္ျမန္ၿပီး ရင္ေတြ တုန္တတ္ပါတယ္။

 

ရင္တုန္ျခင္းကို ျဖစ္ေစတဲ့ ေရာဂါေတြကေတာ့ လည္ပင္းအက်ိတ္က အဆိပ္ထုတ္တာမ်ားတဲ့ လည္ပင္းႀကီးေရာဂါ ၊ ေသြးအားနည္း ေရာဂါ နဲ႔ ေသြးေပါင္က်ျခင္းေတြေၾကာင့္လည္း ရင္တုန္တတ္ပါတယ္။ ဒါ့အျပင္ ေသြးထဲမွာ သၾကားဓာတ္နည္းတာ ( ဘာမွ မစားျဖစ္တဲ့ အေျခအေနေတြ ၊ ဆီးခ်ိဳေရာဂါသည္ေတြ ေဆးမ်ားသြားတဲ့ အေျခအေနေတြ ၊ လူမမာေတြမွာ) ျဖစ္ေလ့ရွိပါတယ္။

 

ႏွလုံးေရာဂါေတြကလည္း ရင္တုန္ျခင္းနဲ႔ ေရာဂါလကၡဏာ ျပတာမ်ိဳး ရွိပါတယ္။ ႏွလုံးခုန္မမွန္ျခင္း ၊ ႏွလုံးခုန္ ပရမ္းပရာျဖစ္ျခင္းေတြက တစ္ခါတစ္ေလမွာ ရင္တုန္ျခင္းကို ျဖစ္ေစ႐ုံသာမက ေမ့လဲတာေတြ ၊ အသက္အႏၲရာယ္ထိ ျဖစ္ေစတာေတြ ရွိပါတယ္။ အဲဒီအတြက္ ႏွလုံးခုန္ ရင္တုန္ၿပီဆိုရင္ ရင္ဘတ္ေအာင့္တာ ၊ ေဇာေခၽြးေတြ ျပန္လာတာမ်ိဳးေတြနဲ႔ တြဲေနရင္ မေပ့ါဆပဲ တတ္ကၽြမ္းနားလည္တဲ့သူေတြနဲ႔ ေသခ်ာတိုင္ပင္ ကုသၾကပါလို႔ တိုက္တြန္းရင္း 

 

ondoctor

{Unicode}

=========

သင့်ကို ရင်တုန်စေသော အရာတွေက


လူတစ်ယောက် အသက်ရှင် နေထိုင်ဖို့ ပုံမှန်အလုပ်လုပ်နေတဲ့ အရာတွေ ရှိပါတယ်။ အဲဒီအရာတွေထဲမှာ နှလုံး ၊ အဆုတ်တွေလည်း ပါဝင်ပါတယ်။ အချိန်တိုင်း အသက်ရှူနေကြတယ်၊ အချိန်တိုင်း နှလုံးခုန်နေပေမယ့် လူတော်တော်များများ သတိမပြုမိကြပါဘူး။ ဒီအလုပ်တွေက သူ့အလိုအလျှောက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကို သတိထားမိတဲ့ အခါတွေမှာတော့ ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။ နှလုံးခုန်တာကို သတိထားမိတဲ့အခါမှာ ရင်တုန်သလို ခံစားရတာ ၊ အသက်ရှူတာကို သတိထားမိလာတဲ့အခါမှာ အသက်ရှူမဝသလို ခံစားလာရတာတွေ ဖြစ်လာပါတော့တယ်။

 

ရင်တုန်တယ် ၊ နှလုံးတုန်တယ်ဆိုတဲ့ နေရာမှာ ပုံမှန် နှလုံးခုန်တာကို သတိထားမိတာ ရှိသလို ၊ နှလုံးခုန်မြန်တာ ၊ နှလုံးခုန်တာ ပုံမှန်စည်းချက် မမှန်တာကြောင့် ရင်တုန်သလို ခံစားရတာတွေ ရှိတယ်။ များသောအားဖြင့် ရင်တုန်ခြင်းကို ဖြစ်စေတာကတော့ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ( ဥပမာ ကော်ဖီ၊ လက်ဖက်ရည်) တွေ အစားများတာ၊ အပူအစပ်တွေစားတာ၊ လေ့ကျင့်ခန်းတစ်ခုခု ပြင်းပြင်းထန်တန်လုပ်ပြီးရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို မြန်စေတဲ့အတွက် နှလုံးခုန်မြန်စေပါတယ်။ အိပ်ရေးမဝခြင်း ၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာ စားသုံးခြင်းတွေကြောင့်လည်း နှလုံးခုန် မြန်တတ်ပါတယ်။

 

နောက်တစ်ခုက စိတ်ဖိစီးမှု့တွေ ၊ စိတ်လှုပ်ရှားမှုတွေကလည်း ရင်တုန်တတ်ပါတယ်။ တစ်ခုခုကို ကြောက်လန့်နေတဲ့အချိန်မှာ ရင်တွေ တဒိန်းဒိန်းနဲ့ တုန်လာတာမျိုးတွေ ရှိပါတယ်။ ငယ်ငယ်က စာမေးခံရမှာစိုးလို့ ရင်တွေတုန်တာမျိုး ၊ အလုပ်အင်တာဗျူးဖြေရင်း ရင်တွေတုန်နေတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါတွေက စိတ်လှုပ်ရှားလို့ ဖြစ်ရတာပါ။ စိတ်ဖိစီးမှု့တွေ ရှိနေတဲ့သူတွေဆိုလည်း ရင်တုန်သလို ခံစားရပါတယ်။ ဒီလိုတွေ မဖြစ်အောင် တရားထိုင်တာမျိုး ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

 

သင်သောက်နေတဲ့ ဆေးတွေကြောင့်လည်း ရင်တွေ တုန်နိုင်ပါသေးတယ်။ အများသိတာကတော့ ရင်ကြပ်ပျောက်ဆေးဖြစ်တဲ့ အမိုင်နိုသောက်ရင် ရင်တုန်တယ်ဆိုတာ အမှန်ကတော့ အမိုင်နိုတင် မကပါဘူး။ မှိုသတ်ဆေးတွေ ၊ နှာစေးပျောက်ဆေးတွေ နဲ့ ပိုးသတ်ဆေးတွေကြောင့်လည်း ရင်တုန်နိုင်ပါသေးတယ်။ တချို့သွေးပေါင်ကျဆေးတွေကလည်း ရင်တုန်ခြင်းကို ဖြစ်စေတတ်တယ်။

 

အမျိုးသမီးများအဖို့ ဟော်မုန်း အပြောင်းအလဲ အချိန်တွေဖြစ်တဲ့ ရာသီလာချိန်မျိုး ၊ ကိုယ်ဝန်ရှိချိန်မျိုး နဲ့ သွေးဆုံးခါနီး အချိန်တွေမှာ ရင်တုန်ခြင်းကို ခံစားရနိုင်ပါသေးတယ်။ ပြီးတော့ ချမ်းတုန်ဖျားတဲ့ အခါမျိုး ၊ အဖျားကြီးတဲ့ အခါမျိုး ၊ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုခုကို ပိုးဝင်လို့ သွေးဆိပ်သင့်နေတဲ့ အချိန်မျိုးတွေမှာလည်း နှလုံးခုန်မြန်ပြီး ရင်တွေ တုန်တတ်ပါတယ်။

 

ရင်တုန်ခြင်းကို ဖြစ်စေတဲ့ ရောဂါတွေကတော့ လည်ပင်းအကျိတ်က အဆိပ်ထုတ်တာများတဲ့ လည်ပင်းကြီးရောဂါ ၊ သွေးအားနည်း ရောဂါ နဲ့ သွေးပေါင်ကျခြင်းတွေကြောင့်လည်း ရင်တုန်တတ်ပါတယ်။ ဒါ့အပြင် သွေးထဲမှာ သကြားဓာတ်နည်းတာ ( ဘာမှ မစားဖြစ်တဲ့ အခြေအနေတွေ ၊ ဆီးချိုရောဂါသည်တွေ ဆေးများသွားတဲ့ အခြေအနေတွေ ၊ လူမမာတွေမှာ) ဖြစ်လေ့ရှိပါတယ်။

 

နှလုံးရောဂါတွေကလည်း ရင်တုန်ခြင်းနဲ့ ရောဂါလက္ခဏာ ပြတာမျိုး ရှိပါတယ်။ နှလုံးခုန်မမှန်ခြင်း ၊ နှလုံးခုန် ပရမ်းပရာဖြစ်ခြင်းတွေက တစ်ခါတစ်လေမှာ ရင်တုန်ခြင်းကို ဖြစ်စေရုံသာမက မေ့လဲတာတွေ ၊ အသက်အန္တရာယ်ထိ ဖြစ်စေတာတွေ ရှိပါတယ်။ အဲဒီအတွက် နှလုံးခုန် ရင်တုန်ပြီဆိုရင် ရင်ဘတ်အောင့်တာ ၊ ဇောချွေးတွေ ပြန်လာတာမျိုးတွေနဲ့ တွဲနေရင် မပေ့ါဆပဲ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ သေချာတိုင်ပင် ကုသကြပါလို့ တိုက်တွန်းရင်း။

 

ondoctor

Read times Last modified on Monday, 30 December 2019 17:17
Rate this item
(1 Vote)