What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 August 2019 16:52

ရောဂါမရှိပဲ ရင်တုန်ခြင်း

ရင်တုန်ခြင်းဆိုတာက လူတိုင်းလိုလို ဖြစ်ဖူးမယ်လို့ ထင်ပါတယ်။

ရင်တုန်ခြင်းမှာ အမျိုးမျိုး ရှိပါတယ်။ လူအများစုက စိုးရိမ်စိတ်များ ပြင်းထန်ခြင်း ဖြစ်တဲ့အခါမှာ ရင်တုန်လေ့ရှိပါတယ်။ တစ်ချို့လူအများစုကတော့ ကော်ဖီ ၊ ယမကာ နဲ့ စိတ်တိုခြင်း ၊ စိတ်ဖိစီးမှုများးခြင်း ၊ စိတ်တိုခြင်းများ ဖြစ်တဲ့ အခါ ရင်တုန်တာမျိုးကို ခံစားရတတ်ပါတယ်။ ရောဂါမရှိဘဲ ရင်တုန်တာက ခဏတစ်ဖြုတ်ပဲခံစားရပြီး ပျောက်သွားတတ်ပါတယ်။

 

တစ်ချို့သောလူတွေမှာကတော့ နှလုံးခုန် မမှန်ခြင်း ၊ နှလုံးခုန်နှုန်းမြန်ခြင်း တို့ကြောင့် ရင်တုန်ခြင်းကို ခံစားရတတ်ပါတယ်။ ဒီလို ရင်တုန်ခြင်းတွေထဲက နှလုံးရောဂါကြောင့် မဟုတ်တဲ့ ရင်တုန်ခြင်းများကတော့ လေ့ကျင့်ခန်းများကို လဘက်ရည် ၊ ကော်ဖီ ၊ အရက် နှင့် တစ်ချို့သောဆေးဝါးများ အလွန်အကျွံ သုံးစွဲခြင်း ၊ စိုးရိမ်စိတ်များ ပြင်းထန်ခြင်း ၊ ဒေါသထွက်ခြင်း ၊ စိတ်ဖိစီးမှုများကြောင့် ဖြစ်လေ့ ရှိတဲ့ ရင်တုန်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။

 

ဒါ့အပြင် တစ်ချို့သော ရောဂါများဖြစ်တဲ့ သိုင်းရွိုက်ရောဂါ ၊ သွေးပေါင်းကျခြင်း ၊ အဖျားတတ်ခြင်း ၊ သွေးအားနည်းခြင်း စတဲ့ ရောဂါ ရှိတဲ့သူတွေမှာလည်း ရင်တုန်ခြင်းကို ဖြစ်ပေါ်တတ်ပါတယ်။

 

ပြေးစက်ပေါ်မှာပြေးတဲ့ Exercise Stress Test ဆိုတာ ဖတ်ရှုရန် နှိပ်ပါ 

ပြေးစက်ပေါ်မှာပြေးတဲ့ Exercise Stress Test ဆိုတာ

 

တခြားသော ရင်တုန်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အချက်များကတော့ သိုင်းရွိုက်ဟော်မုန်း များခြင်း ၊ သွေးချိုဓါတ် ကျလွန်ခြင်း ၊ သွေးအားနည်းခြင်း ၊ သွေးပေါင်ကျခြင်း ၊ အဖျားကြီးခြင်း ၊ ရေဓါတ်ခန်းခြောက်ခြင်း ၊ ဓါတ်ဆားဓါတ်များ ဆုံးရှုံး သို့ လွန်ကဲခြင်း ၊ နှလုံးရောဂါများ စတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။ ဒါကတော့ ဖော်ပြပါ ရောဂါခံစားနေရသူတွေမှာလည်း ရင်တုန်ခြင်းကို ဖြစ်နိုင်တယ်ဆိုတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

 

ရောဂါမရှိတဲ့ သူတစ်ယောက် အနေဖြင့် ရင်တုန်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် စားသောက်ပုံစံ နဲ့ နေထိုင်မှု ပုံစံတွေကို ပြောင်းလဲပေးသင့်ပါတယ်။ ဒါ့အပြင် နေ့စဉ် နာရီဝက် သို့မဟုတ် တစ်နာရီ ခန့်မျှ လမ်းလျှောက်ခြင်း နဲ့ လေ့ကျင်းခန်းများ ပြုလုပ်ပေးခြင်းဖြစ် ရင်တုန်ခြင်းကို လျော့ချနိုင်ပါတယ်။

 

ကျန်းမာရေး နှင့် ညီညွတ်သော အစားအသောက်တွေကို ရွေးချယ်စားသုံးဖို့လိုပါတယ်။ အထူးဂရုပြုသင့်တဲ့ အစားအသောက်ကတော့ အဆီ နဲ့ အငန်တို့ကို လွန်ကဲစွာ စားသုံးခြင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

 

နှလုံးခုန်နှုန်းမမှန်တာ ၊ နှလုံးခုန်နှုန်းနှေးတာ နဲ့ မြန်တာ စတဲ့ နှလုံးကျန်းမာရေးအခြေအနေ တွေကြောင့် ရင်တုန်တတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါရှိရင် ရောဂါကိုထိန်းချုပ်နိုင်အောင် ဆရာဝန်နဲ့ ပုံမှန်ပြပြီး ဂရုစိုက်သင့်ပါတယ်။

 

Written by Aung Win ( Health Products Directory )

Read times
Rate this item
(1 Vote)