What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 December 2019 10:35

သူမ်ားထက္ပိုၿပီး ခ်မ္းေနရတဲ့ အေၾကာင္းရင္း ၇ ခု

သူမ်ားေတြအိုက္လို႔ အဲကြန္းေလးနဲ႔ အိပ္ေနစဥ္မွာ ေစာင္အထူႀကီးေအာက္မွ

ာ ၾကက္သီးတျဖန္းျဖန္းထေအာင္ ခ်မ္းတတ္တဲ့သူေတြ ရွိပါတယ္။ကြၽန္ေတာ္တို႔အားလုံးဟာ အပူ နဲ႔ အေအးကို ကြဲျပားျခားနားစြာခံစားရေပမယ့္ တခ်ိဳ႕လူေတြကသူမ်ား နဲ႔ မတူဘဲအခ်ိန္တိုင္းေအးသလို ခံစားၾကရၿပီး အေအးဒဏ္ကို ခံႏိုင္ရည္ မရွိၾကပါဘူး။ ဒါ့ေၾကာင့္ဒီလိုလူေတြဟာ ဘာအေၾကာင္းရင္းေတြေၾကာင့္ ဒီလိုပုံမွန္မဟုတ္တဲ့ အေျခအေနကို ေတြ႔ႀကဳံခံစားၾကရတာလဲဆိုတာကို သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

 

၁။ သိုင္း႐ြိဳက္ဂလင္းေတြ ေကာင္းစြာ အလုပ္မလုပ္တာေၾကာင့္

Hypothyroidism ဆိုတာ သိုင္း႐ြိဳက္ဂလင္းေတြကေန ေဟာ္မုန္းေတြကို အလုံအေလာက္မထုတ္ေပးႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္။ ဒါ့ေၾကာင့္အေအးဒဏ္ကို မခံႏိုင္ၾကပါဘူး။ သိုင္း႐ြိဳက္ေဟာ္မုန္းမ်ားက အပူခ်ိန္ႏွင့္ ဇီဝျဖစ္စဥ္ကို ထိန္းညႇိဖို႔ ကူညီေပးပါတယ္။ သူတို႔ကင္းမဲ့လာတဲ့အခါ အခ်ိန္တိုင္းေအးသလို ခံစားၾကရပါတယ္။ Hypothyroidism ရဲ႕ တျခားလကၡဏာမ်ားမွာ ႏွလုံးခုန္ႏႈန္း နိမ့္ျခင္းႏွင့္ ပင္ပန္းႏြမ္းနယ္ျခင္းတို႔ ပါဝင္ႏိုင္ပါတယ္။ ဘယ္လိုေျဖရွင္းမလဲ။ ဆရာဝန္ႏွင့္ျပသပါ။ ေဆးစစ္ျခင္းက သင့္ခႏၶာကိုယ္ထဲမွာ သိုင္း႐ြိဳက္ေဟာ္မုန္းရဲ႕ လိုအပ္တဲ့ ပမာဏရွိ မရွိဆိုတာကို ရွာေဖြေပးႏိုင္ပါတယ္။

 

၂။ ေရအလုံအေလာက္ မေသာက္တာေၾကာင့္

ေရဟာအပူႏွင့္ စြမ္းအင္မ်ားကို ဖန္တီးေပးသလို သင့္ခႏၶာကိုယ္ထဲမွာ အစားအစာ ၿဖိဳဖ်က္ျခင္းကိုလည္း ကူညီေပးၿပီး ဇီဝျဖစ္စဥ္ကို ျမင့္တတ္ေစပါတယ္။ ေရဓါတ္ခန္းေျခာက္ေနလွ်င္ သင့္ခႏၶာကိုယ္ကိုေႏြးေထြးေစတဲ့အပူႏွင့္ စြမ္းအင္ကင္းမဲ့ေစႏိုင္ပါတယ္။ ဘယ္လိုေျဖရွင္းမလဲ။ ေရအလုံအေလာက္ေသာက္ ေပးပါ။ ေရကို ႐ိုး႐ိုးမေသာက္ခ်င္ဘူးဆိုရင္အနံ႔ အရသာနဲ႔ ျပည့္စုံေအာင္သံပုရာ၊ပူစီနံ၊ပင္စိမ္း၊သခြားသီး စသျဖင့္ ႀကိဳက္ႏွစ္သက္ရာ ထည့္ေသာက္ပါ။

 

၃။ ေသြးအားနည္းေရာဂါ ရွိတာေၾကာင့္

ေသြးအားနည္းေရာဂါဟာ လက္ေတြ၊ ေျခေတြ ေအးစက္သလိုခံစားရႏိုင္တဲ့ က်န္းမာေရးအေျခအေနတစ္ခု ျဖစ္ပါတယ္။ ေသြးအားနည္းေရာဂါဟာ သင့္ခႏၶာကိုယ္မွာ ကိုယ္တြင္းအဂၤါႏွင့္ တစ္ရႈးမ်ားကို ေအာက္ဆီဂ်င္ပို႔ေဆာင္ေပးတဲ့ ေသြးနီဆဲလ္မ်ားကင္းမဲ့တဲ့ အခါျဖစ္ေပၚပါတယ္။ ရာသီလာေနစဥ္အတြင္း ၊ ကိုယ္ဝန္ေဆာင္စဥ္အတြင္းသို႔မဟုတ္ ေသြးဆုံးရႈံးတာေၾကာင့္ ၊ သံဓါတ္စုပ္ယူမႈ အားနည္းတာေၾကာင့္ ျဖစ္ေပၚတဲ့ သံဓါတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါေတြ ရွိပါတယ္။

 

ဗီတာမင္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါကအာဟာရခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္ေပၚပါတယ္။ေသြးအားနည္းေရာဂါ၏တျခားလကၡဏာေတြမွာအသားအေရျဖဴေဖ်ာ့ျခင္း၊ႏွလုံးခုန္ႏႈန္းျမန္ျခင္း၊ပင္ပန္းႏြမ္းနယ္ျခင္း၊ေခါင္းကိုက္ျခင္းတို႔ပါဝင္ပါတယ္။ဘယ္လိုေျဖရွင္းမလဲ။သင့္မွာေသြးအားနည္းေရာဂါရွိတယ္လို႔သံသယရွိလွ်င္ဆရာဝန္ႏွင့္ျပသၿပီးလိုအပ္တဲ့စမ္းသပ္မႈမ်ားျပဳလုပ္ဖို႔လိုပါတယ္။

 

"မိဘတုိင္း သိထားသင့္တဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ" ဖတ္ရႈရန္ ႏွိပ္ပါ။

မိဘတုိင္း သိထားသင့္တဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ

 

၄။ အလုံအေလာက္ မအိပ္တာေၾကာင့္

အိပ္ေရးဝဝအိပ္ျခင္းကခႏၶာကိုယ္အပူခ်ိန္ကိုထိန္းညႇိေပးျခင္းအတြက္အရမ္းအေရးပါတာေၾကာင့္အိပ္ေရးဝဝအိပ္ဖို႔ အေရးႀကီးပါတယ္။ဘယ္လိုေျဖရွင္းမလဲ။ေန႔စဥ္ ပုံမွန္အခ်ိန္ဇယားကို ျပန္လည္ဆန္းစစ္ပါ။သင့္ဖုန္းဘက္ထရီကို အားသြင္းသလို အိပ္စက္ခ်ိန္ကိုလည္းလုံေလာက္ဖို႔ ေသခ်ာပါေစ။

 

၅။ Raynaud’s Phenomenon ေၾကာင့္

Raynaud’s Phenomenon ဆိုတာ ေသြးေၾကာမ်ားကအေအးဒဏ္ကို တုံ႔ျပန္မႈလြန္ကဲတဲ့ျပႆနာျဖစ္ၿပီး ဆန္းစစ္ဖို႔ လြယ္ကူပါတယ္။သင့္လက္ေခ်ာင္းသို႔မဟုတ္ေျခေခ်ာင္းေလးေတြဟာ အျဖဴသို႔မဟုတ္အျပာကိုေျပာင္းလဲေစပါတယ္ေျခေခ်ာင္ းလက္ ေခ်ာင္းေလးေတြကိုေသြးစီးဆင္းမႈေလ်ာ့နည္းသားၿပီးေျခ ေခ်ာင္းလက္ေခ်ာင္းေတြမွာေအးစက္ေနတာကိုခံစားရေစတဲ့ ေသြး လႊတ္ေၾကာေတြကိုသက္ေရာက္မႈရွိေစေသာရွားပါးေရာဂါျဖစ္ပါတယ္။

 

ေသြးစီးဆင္းမႈေလ်ာ့ခ်တဲ့အခါလက္ေခ်ာင္း၊ေျခေခ်ာင္းေလးေတြဟာျဖဴေဖ်ာ့တာ၊အျပာေရာင္ေျပာင္းတာျဖစ္လာပါတယ္။တဖန္ေသြးေရာင္ျပန္လႊမ္းလာၿပီးထုံတာ၊နာက်င္တာကိုစတင္ခံစားရပါတယ္။ဘယ္လိုေျဖရွင္းမလဲ။ဆရာဝန္ဆီသြားျပပါ။Raynaud ဟာေအးတဲ့အပူခ်ိန္၊စိတ္ဖိစီးမႈ၊တခ်ိဳ႕ဓါတုပစၥည္းေတြနဲ႔ထိေတြ႕မႈႏွင့္တျခားအခ်က္ေတြေၾကာင့္ျဖစ္ေပၚႏိုင္ပါတယ္။ကုသမႈမွာေဆးေသာက္တာ၊ခြဲစိတ္တာႏွင့္အစပ်ိဳးျခင္းကိုဖယ္ရွားေပးတဲ့လူေနမႈပုံစံကိုေျပာင္းလဲတာတို႔ပါဝင္ပါတယ္။

 

၆။ အရမ္းပိန္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္

ပုံမွန္ထက္ကိုယ္အေလးခ်ိန္ေအာက္ ေရာက္ေနတဲ့အခါအေအးကို ကာကြယ္ထားဖို႔လုံေလာက္တဲ့ခႏၶာကိုယ္အဆီမရွိပါဘူး။သင္ဟာကိုယ္ေလးခ်ိန္ခ်ေနတာ၊ကယ္လိုရီစားသုံးမႈေလ်ာ့ခ်ေနတာ( သို႔)အလုံအေလာက္စားေနတာမဟုတ္လွ်င္ဒါကသင့္ရဲ႕ဇီဝျဖစ္စဥ္ကိုၿဖိဳဖ်က္ႏိုင္ၿပီးသင့္အပူခ်ိန္ထိန္းညႇိမႈကိုထိခိုက္ေစႏိုင္ပါတယ္။ဘယ္လိုေျဖရွင္းမလဲ။သင့္အသက္အ႐ြယ္၊က်န္းမာေရးအေျခ အေနႏွင့္ကိုက္ညီမယ့္က်န္းမာမွ်တေသာအစားအစာမ်ားကို စားဖို႔စဥ္းစားပါ။

 

၇။ ေသြးလည္ပတ္မႈ နည္းပါးတာေၾကာင့္

Peripheralေသြးလႊတ္ေၾကာေရာဂါဟာေသြးေၾကာႏွင့္ေသြးလႊတ္ေၾကာေတြက်ဥ္းသြားၿပီးကိုယ္တြင္းအဂၤါမ်ားနဲ႔တစ္ရႉးမ်ားကိုေသြးပို႔ေဆာင္မႈပ်က္ကြက္ေစပါလိမ့္မယ္။ဒီအခါမွာေအးစက္တာကိုခံစားရေစပါတယ္။ေသြးလႊတ္ေၾကာထဲမွာအဖက္ေတြစုပုံလာတဲ့အခါေသြးလႊတ္ေၾကာကိုက်ဥ္းေျမာင္းလာေစပါတယ္၊ေျခလက္ေတြမွာေသြးေကာင္းေကာင္းမစီးဆင္းေတာ့ပဲထုံက်င္တာ၊ေအးစက္တာကိုျဖစ္ေပၚေစပါတယ္။ဘယ္လိုေျဖရွင္းမလဲ။

 

ဆရာဝန္ႏွင့္ျပသပါ။peripheral ေသြးလႊတ္ေၾကာေရာဂါကိုကုသမႈမွာေဆးဝါးကုသမႈေတြႏွင့္ခြဲစိတ္မႈေတြ အပါအဝင္ေဆးလိပ္ျဖတ္ျခင္းကဲ့သို႔လူေနမႈပုံစံေျပာင္းလဲျခင္းေတြပါဝင္ပါတယ္။အခ်ိန္တိုင္းခ်မ္းစိမ့္ေနတာကိုခံစားရလွ်င္ေနာက္ကြယ္မွာေဆးကုသမွရမယ့္အေျခအေနေတြရွိႏိုင္တာေၾကာင့္ဆရာဝန္ကိုသြားျပတာအ ေကာင္းဆုံးပါ။ သင့္ခႏၶာကိုယ္ကိုေႏြးေထြးေနေစဖို႔ အႀကံေပးခ်က္အနည္းငယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။ခႏၶာကိုယ္အပူကိုဆက္လက္ထိန္းသိမ္းဖို႔ ႏွင့္အဝတ္စားအထပ္ထပ္ဝတ္ဖို႔ႀကိဳးစားပါသိုးေမႊးလို အဝတ္ အစားမ်ိဳးကိုေ႐ြးခ်ယ္ပါ။ေခ်ာကလက္အပူႏွင့္လက္ဖက္ရည္ကဲ့သို႔ ေဖ်ာ္ရည္ေႏြးေႏြးေလးေတြေသာက္ေပးပါ။ေအးတဲ့ရာသီတြင္အျပင္ဘက္မွာအခ်ိန္အၾကာႀကီးျဖဳန္းျခင္းကိုေရွာင္ၾကဥ္ပါ။

 

အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ပို ေအးတတ္ၾကပါတယ္

အမ်ိဳးသမီးေတြဟာအမ်ိဳးသားေတြထက္ပိုခ်မ္းေလ့ရွိေၾကာင္းေလ့လာမႈေတြမွာ ျပသခဲ့ပါတယ္၊အမ်ိဳးသမီးေတြအတြက္ သက္ေတာင့္သက္သာျဖစ္တဲ့အခန္းအပူခ်ိန္ဟာ၇၇ဒီဂရီဖာရင္ဟိုက္ျဖစ္ၿပီးအမ်ိဳးသားေတြအတြက္ ၇၁ ဒီဂရီဖာရင္ဟိုက္ျဖစ္တယ္လို႔ဆိုပါတယ္။သိပၸံပညာကဒီျဖစ္စဥ္အတြက္ရွင္းလင္းခ်က္ေတြအမ်ားႀကီးရွိခဲ့ပါတယ္။ အမ်ိဳးသမီးေဟာ္မုန္းအီစ႐ိုဂ်င္ဟာေသြးကိုအနည္းငယ္ပ်စ္ေစတာေၾကာင့္ေသြးေၾကာမွ်င္ေလးေတြဆီကိုေသြးစီးဆင္းမႈ ေလွ်ာ့ခ်တာျဖစ္ႏိုင္ပါတယ္။ဇီဝျဖစ္စဥ္ႏႈန္းကအခန္းက႑တစ္ခုအျဖစ္ပါဝင္ႏိုင္ပါတယ္။အမ်ိဳးသမီးေတြဟာအမ်ိဳးသားေတြထက္ဇီဝျဖစ္စဥ္ႏႈန္းနိမ့္က်ေလ့ရွိၿပီးခႏၶာကိုယ္ကိုေႏြးေထြးေစဖို႔အနည္းငယ္သာကယ္လိုရီေလာင္ကြၽမ္းေလ့ရွိပါတယ္။

Lifestyle_Myanmar

 

{Unicode}

=======

သူများတွေအိုက်လို့ အဲကွန်းလေးနဲ့ အိပ်နေစဉ်မှာ စောင်အထူကြီးအောက်မှာ ကြက်သီးတဖြန်းဖြန်းထအောင် ချမ်းတတ်တဲ့သူတွေ ရှိပါတယ်။ကျွန်တော်တို့အားလုံးဟာ အပူ နဲ့ အအေးကို ကွဲပြားခြားနားစွာခံစားရပေမယ့် တချို့လူတွေကသူများ နဲ့ မတူဘဲအချိန်တိုင်းအေးသလို ခံစားကြရပြီး အအေးဒဏ်ကို ခံနိုင်ရည် မရှိကြပါဘူး။ ဒါ့ကြောင့်ဒီလိုလူတွေဟာ ဘာအကြောင်းရင်းတွေကြောင့် ဒီလိုပုံမှန်မဟုတ်တဲ့ အခြေအနေကို တွေ့ကြုံခံစားကြရတာလဲဆိုတာကို သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

 

၁။ သိုင်းရွိုက်ဂလင်းတွေ ကောင်းစွာ အလုပ်မလုပ်တာကြောင့်

Hypothyroidism ဆိုတာ သိုင်းရွိုက်ဂလင်းတွေကနေ ဟော်မုန်းတွေကို အလုံအလောက်မထုတ်ပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်အအေးဒဏ်ကို မခံနိုင်ကြပါဘူး။ သိုင်းရွိုက်ဟော်မုန်းများက အပူချိန်နှင့် ဇီဝဖြစ်စဉ်ကို ထိန်းညှိဖို့ ကူညီပေးပါတယ်။ သူတို့ကင်းမဲ့လာတဲ့အခါ အချိန်တိုင်းအေးသလို ခံစားကြရပါတယ်။ Hypothyroidism ရဲ့ တခြားလက္ခဏာများမှာ နှလုံးခုန်နှုန်း နိမ့်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်နိုင်ပါတယ်။ ဘယ်လိုဖြေရှင်းမလဲ။ ဆရာဝန်နှင့်ပြသပါ။ ဆေးစစ်ခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းရဲ့ လိုအပ်တဲ့ ပမာဏရှိ မရှိဆိုတာကို ရှာဖွေပေးနိုင်ပါတယ်။

 

၂။ ရေအလုံအလောက် မသောက်တာကြောင့်

ရေဟာအပူနှင့် စွမ်းအင်များကို ဖန်တီးပေးသလို သင့်ခန္ဓာကိုယ်ထဲမှာ အစားအစာ ဖြိုဖျက်ခြင်းကိုလည်း ကူညီပေးပြီး ဇီဝဖြစ်စဉ်ကို မြင့်တတ်စေပါတယ်။ ရေဓါတ်ခန်းခြောက်နေလျှင် သင့်ခန္ဓာကိုယ်ကိုနွေးထွေးစေတဲ့အပူနှင့် စွမ်းအင်ကင်းမဲ့စေနိုင်ပါတယ်။ ဘယ်လိုဖြေရှင်းမလဲ။ ရေအလုံအလောက်သောက် ပေးပါ။ ရေကို ရိုးရိုးမသောက်ချင်ဘူးဆိုရင်အနံ့ အရသာနဲ့ ပြည့်စုံအောင်သံပုရာ၊ပူစီနံ၊ပင်စိမ်း၊သခွားသီး စသဖြင့် ကြိုက်နှစ်သက်ရာ ထည့်သောက်ပါ။

 

၃။ သွေးအားနည်းရောဂါ ရှိတာကြောင့်

သွေးအားနည်းရောဂါဟာ လက်တွေ၊ ခြေတွေ အေးစက်သလိုခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ သွေးအားနည်းရောဂါဟာ သင့်ခန္ဓာကိုယ်မှာ ကိုယ်တွင်းအင်္ဂါနှင့် တစ်ရှုးများကို အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးနီဆဲလ်များကင်းမဲ့တဲ့ အခါဖြစ်ပေါ်ပါတယ်။ ရာသီလာနေစဉ်အတွင်း ၊ ကိုယ်ဝန်ဆောင်စဉ်အတွင်းသို့မဟုတ် သွေးဆုံးရှုံးတာကြောင့် ၊ သံဓါတ်စုပ်ယူမှု အားနည်းတာကြောင့် ဖြစ်ပေါ်တဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါတွေ ရှိပါတယ်။

 

ဗီတာမင်ချို့တဲ့ သွေးအားနည်းရောဂါကအာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်ပါတယ်။သွေးအားနည်းရောဂါ၏တခြားလက္ခဏာတွေမှာအသားအရေဖြူဖျော့ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းတို့ပါဝင်ပါတယ်။ဘယ်လိုဖြေရှင်းမလဲ။သင့်မှာသွေးအားနည်းရောဂါရှိတယ်လို့သံသယရှိလျှင်ဆရာဝန်နှင့်ပြသပြီးလိုအပ်တဲ့စမ်းသပ်မှုများပြုလုပ်ဖို့လိုပါတယ်။

 

"မိဘတိုင်း သိထားသင့်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ" ဖတ်ရှုရန် နှိပ်ပါ။

မိဘတုိင္း သိထားသင့္တဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ

 

၄။ အလုံအလောက် မအိပ်တာကြောင့်

အိပ်ရေးဝဝအိပ်ခြင်းကခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးခြင်းအတွက်အရမ်းအရေးပါတာကြောင့်အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။ဘယ်လိုဖြေရှင်းမလဲ။နေ့စဉ် ပုံမှန်အချိန်ဇယားကို ပြန်လည်ဆန်းစစ်ပါ။သင့်ဖုန်းဘက်ထရီကို အားသွင်းသလို အိပ်စက်ချိန်ကိုလည်းလုံလောက်ဖို့ သေချာပါစေ။

 

၅။ Raynaud’s Phenomenon ကြောင့်

Raynaud’s Phenomenon ဆိုတာ သွေးကြောများကအအေးဒဏ်ကို တုံ့ပြန်မှုလွန်ကဲတဲ့ပြဿနာဖြစ်ပြီး ဆန်းစစ်ဖို့ လွယ်ကူပါတယ်။သင့်လက်ချောင်းသို့မဟုတ်ခြေချောင်းလေးတွေဟာ အဖြူသို့မဟုတ်အပြာကိုပြောင်းလဲစေပါတယ်ခြေချောင် းလက် ချောင်းလေးတွေကိုသွေးစီးဆင်းမှုလျော့နည်းသားပြီးခြေ ချောင်းလက်ချောင်းတွေမှာအေးစက်နေတာကိုခံစားရစေတဲ့ သွေး လွှတ်ကြောတွေကိုသက်ရောက်မှုရှိစေသောရှားပါးရောဂါဖြစ်ပါတယ်။

 

သွေးစီးဆင်းမှုလျော့ချတဲ့အခါလက်ချောင်း၊ခြေချောင်းလေးတွေဟာဖြူဖျော့တာ၊အပြာရောင်ပြောင်းတာဖြစ်လာပါတယ်။တဖန်သွေးရောင်ပြန်လွှမ်းလာပြီးထုံတာ၊နာကျင်တာကိုစတင်ခံစားရပါတယ်။ဘယ်လိုဖြေရှင်းမလဲ။ဆရာဝန်ဆီသွားပြပါ။Raynaud ဟာအေးတဲ့အပူချိန်၊စိတ်ဖိစီးမှု၊တချို့ဓါတုပစ္စည်းတွေနဲ့ထိတွေ့မှုနှင့်တခြားအချက်တွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ကုသမှုမှာဆေးသောက်တာ၊ခွဲစိတ်တာနှင့်အစပျိုးခြင်းကိုဖယ်ရှားပေးတဲ့လူနေမှုပုံစံကိုပြောင်းလဲတာတို့ပါဝင်ပါတယ်။

 

၆။ အရမ်းပိန်တာကြောင့် ဖြစ်နိုင်ပါတယ်

ပုံမှန်ထက်ကိုယ်အလေးချိန်အောက် ရောက်နေတဲ့အခါအအေးကို ကာကွယ်ထားဖို့လုံလောက်တဲ့ခန္ဓာကိုယ်အဆီမရှိပါဘူး။သင်ဟာကိုယ်လေးချိန်ချနေတာ၊ကယ်လိုရီစားသုံးမှုလျော့ချနေတာ( သို့)အလုံအလောက်စားနေတာမဟုတ်လျှင်ဒါကသင့်ရဲ့ဇီဝဖြစ်စဉ်ကိုဖြိုဖျက်နိုင်ပြီးသင့်အပူချိန်ထိန်းညှိမှုကိုထိခိုက်စေနိုင်ပါတယ်။ဘယ်လိုဖြေရှင်းမလဲ။သင့်အသက်အရွယ်၊ကျန်းမာရေးအခြေ အနေနှင့်ကိုက်ညီမယ့်ကျန်းမာမျှတသောအစားအစာများကို စားဖို့စဉ်းစားပါ။

 

၇။ သွေးလည်ပတ်မှု နည်းပါးတာကြောင့်

Peripheralသွေးလွှတ်ကြောရောဂါဟာသွေးကြောနှင့်သွေးလွှတ်ကြောတွေကျဉ်းသွားပြီးကိုယ်တွင်းအင်္ဂါများနဲ့တစ်ရှူးများကိုသွေးပို့ဆောင်မှုပျက်ကွက်စေပါလိမ့်မယ်။ဒီအခါမှာအေးစက်တာကိုခံစားရစေပါတယ်။သွေးလွှတ်ကြောထဲမှာအဖက်တွေစုပုံလာတဲ့အခါသွေးလွှတ်ကြောကိုကျဉ်းမြောင်းလာစေပါတယ်၊ခြေလက်တွေမှာသွေးကောင်းကောင်းမစီးဆင်းတော့ပဲထုံကျင်တာ၊အေးစက်တာကိုဖြစ်ပေါ်စေပါတယ်။ဘယ်လိုဖြေရှင်းမလဲ။

 

ဆရာဝန်နှင့်ပြသပါ။peripheral သွေးလွှတ်ကြောရောဂါကိုကုသမှုမှာဆေးဝါးကုသမှုတွေနှင့်ခွဲစိတ်မှုတွေ အပါအဝင်ဆေးလိပ်ဖြတ်ခြင်းကဲ့သို့လူနေမှုပုံစံပြောင်းလဲခြင်းတွေပါဝင်ပါတယ်။အချိန်တိုင်းချမ်းစိမ့်နေတာကိုခံစားရလျှင်နောက်ကွယ်မှာဆေးကုသမှရမယ့်အခြေအနေတွေရှိနိုင်တာကြောင့်ဆရာဝန်ကိုသွားပြတာအ ကောင်းဆုံးပါ။ သင့်ခန္ဓာကိုယ်ကိုနွေးထွေးနေစေဖို့ အကြံပေးချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ခန္ဓာကိုယ်အပူကိုဆက်လက်ထိန်းသိမ်းဖို့ နှင့်အဝတ်စားအထပ်ထပ်ဝတ်ဖို့ကြိုးစားပါသိုးမွှေးလို အဝတ် အစားမျိုးကိုရွေးချယ်ပါ။ချောကလက်အပူနှင့်လက်ဖက်ရည်ကဲ့သို့ ဖျော်ရည်နွေးနွေးလေးတွေသောက်ပေးပါ။အေးတဲ့ရာသီတွင်အပြင်ဘက်မှာအချိန်အကြာကြီးဖြုန်းခြင်းကိုရှောင်ကြဉ်ပါ။

 

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပို အေးတတ်ကြပါတယ်

အမျိုးသမီးတွေဟာအမျိုးသားတွေထက်ပိုချမ်းလေ့ရှိကြောင်းလေ့လာမှုတွေမှာ ပြသခဲ့ပါတယ်၊အမျိုးသမီးတွေအတွက် သက်တောင့်သက်သာဖြစ်တဲ့အခန်းအပူချိန်ဟာ၇၇ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီးအမျိုးသားတွေအတွက် ၇၁ ဒီဂရီဖာရင်ဟိုက်ဖြစ်တယ်လို့ဆိုပါတယ်။သိပ္ပံပညာကဒီဖြစ်စဉ်အတွက်ရှင်းလင်းချက်တွေအများကြီးရှိခဲ့ပါတယ်။ အမျိုးသမီးဟော်မုန်းအီစရိုဂျင်ဟာသွေးကိုအနည်းငယ်ပျစ်စေတာကြောင့်သွေးကြောမျှင်လေးတွေဆီကိုသွေးစီးဆင်းမှု လျှော့ချတာဖြစ်နိုင်ပါတယ်။ဇီဝဖြစ်စဉ်နှုန်းကအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နိုင်ပါတယ်။အမျိုးသမီးတွေဟာအမျိုးသားတွေထက်ဇီဝဖြစ်စဉ်နှုန်းနိမ့်ကျလေ့ရှိပြီးခန္ဓာကိုယ်ကိုနွေးထွေးစေဖို့အနည်းငယ်သာကယ်လိုရီလောင်ကျွမ်းလေ့ရှိပါတယ်။

Read times
Rate this item
(1 Vote)