What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 03 February 2020 15:24

၁၀ ရက်နဲ့ အပြီးတည်ဆောက်ခဲ့တဲ့ ဝူဟန် ဆေးရုံ နှင့် အခြေအနေများ

တရုတ်နိုင်ငံ coronavirus စတင်ရာ ဝူဟန်မြို့တွင် ကူးဆက်ခံရသူ များပြားလာ သောကြောင့် ကူးဆက်ခံရ သူများကုသရန်အတွက် ဟူဘိုင်းပြည်နယ်၊ ဝူဟန်မြို့တွင် သီးသန့်ဆေးရုံ တည်ဆောက်နေပါတယ်။

တရုတ်နိုင်ငံ တွင် ရောဂါကူးဆက်ခံရသူ ၁၇,၀၀၀ ဦး အထက်နှင့် သေဆုံးသူ ၃၆၁ ဦး ရှိနေပါပြီ။ ပြီးခဲ့သော တနင်္ဂနွေနေ့ ဖီလင်ပိုင်နိုင်ငံရောက် အသက်(၄၄)နှစ် တရုတ်နိင်ငံသားတစ်ဦး ဝူဟန် virus ကြောင့်သေဆုံး သွားကြောင်း အတည်ပြုလိုက်ပါတယ်။

 

ဝူဟန်မြို့ ခုံတင်(၁,၀၀၀) ဟောင်ရှမ်းရှန် ဆေးရုံကို စုစုပေါင်း (၈) ရက်နဲ့ အပြီးစီးတည်ဆောက်ခဲ့ပါတယ်။ ဒီဆေးရုံက ကူးဆက်ခံရသူများကုသရန် တည်ဆောက်သော ဆေးရုံနှစ်ခု အနက်တစ်ခုလည်းဖြစ်တယ်။ ဆေးရုံကို တနင်္လာနေ့က စတင်ဖွင့်လှစ် ခဲ့ပါတယ်။ အဆိုပါ ဆေးရုံတွင် သံသယရှိသူ( ၂၁,၅၅၈) ဦး ၊ စောင်ကြည့်စစ်ဆေးသူပေါင်း (၁၅၂,၇၀၀) ဦး နဲ့ ဆေးရုံမှ ပြန်လည်ဆင်းနိုင်သူ( ၄၇၅)ဦး နှင့် တရုတ်နှိုင်ငံ အပြင်အခြားနိုင်ငံများတွင်လည်း ရောဂါကူးဆက် ပြန်နှံ့ သူပေါင်း (၁၅၀) ဦးရှိကြောင်းတရုတ်နိုင်ငံ ကျန်းမာရေးဆိုင်ရာကော်မရှင်မှ တနင်္လာနေ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

 

တရုတ်ပြည်တွင်း ရုံသံလိုင်းကြောညာချက်အရ ကူးဆက်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်စစ်သား ဆေးဘက်ဆိုင်ရာဝန်ထမ်း ဆရာဝန်စုစုပေါင်း (၁,၄၀၀) ဝူဟန်သို့ရောက်ရှိနေပါပြီ။ ဝါရှင်တန်ပို့စ် အရ ဒီဆေးရုံ ကဝန်ထမ်းများမှာ ရေချိုးရန်မချိန်မရှိသောကြောင့် ကလေးငယ်များသုံး ပလပ်စတစ်စ များကို ဝတ်ထားနေရပါတယ်။ ဆေးရုံမှာလည်း ဆေးဝါးပြတ်လပ်မှု့နဲ ရင်ဆိုင်နေရပါတယ်။

 

ဝူဟန်မြို့တွင် ရောဂါကူးဆက် ခံ (၇၅,၀၀၀) ဦး နှင့်အထက်ရှိနေသည်ဟု ပြောကြားထားပါတယ်။ ဒါပေမဲ့ ဟောင်ကောင်တက္ကသိုလ် တစ်ခု ၏ ပြောကြားချက်အရ တရားဝင်ကြော်ညာထားသည့် လူဦးရေထက် ပိုနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Written By Health Products Directory

Ref; BBC

 

(Zawgyi)

----------


 


 


 


 


 



Ref; BBC

Read times Last modified on Monday, 03 February 2020 21:13
Rate this item
(1 Vote)