ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားရာတွင် နာကျင်မှုမရှိဘဲ သဘာဝအတိုင်းမွေးဖွားနိုင်
ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားရာတွင် နာကျင်မှုမရှိဘဲ သဘာဝအတိုင်း မွေးဖွားနိုင်မည့် သားဖွားခြင်းကုထုံးကို မြန်မာနိုင်ငံတွင် ပထမဆုံးကုသပေးမည်ဖြစ်ပါတယ်။
ယင်းကုထုံးကို နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ကုသမှုမရှိသေးသောကြောင့် နာကျင်မှုကို လျှော့ချပေးနိုင်မည့် မွေးဖွားနည်းကုထုံးကို ဒီဇင်ဘာလလယ်ပိုင်းမှ စတင် ကုသပေးနိုင်မည်ဖြစ်ပါတယ်။
မွေးဖွားရာမှာ နာကျင်မှုကို ကြောက်ရွံ့ရတဲ့ မိခင်တွေ၏ သောကနှင့် သဘာဝအတိုင်း မွေးဖွားနည်းဖြစ်တဲ့ အတွက် ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်တွေကို လျှော့ချပေးနိုင်ပါတယ်။
နိုင်ငံတကာ၌ သားဖွားခြင်း၏ နာကျင်မှုကို ကိုယ်ဝန်ဆောင်မိခင်များက ကြောက်ရွံ့လာခြင်းကြောင့် သားဖွားနှုန်းများ ကျဆင်းလာပြီး လူဦးရေတိုးနှုန်းသည်လည်း ကျဆင်းလာပြီးနောက် နည်းလမ်းသစ်များ ရှာဖွေကာ သားဖွားသည့်အခါတွင် နာကျင်မှုမရှိစေဘဲ သဘာဝအတိုင်း မွေးဖွားနိုင်မည့်နည်းလမ်းကို သုံးလာကြသည်ကို တွေ့ရှိရပါတယ်။
ကိုယ်ဝန်ဆောင်များ မစားသင့်တဲ့ အစားအစာများ
- မာကျူရီဓာတ် ပါဝင်မှုများတဲ့ ငါး (တူနာငါး ၊ မက်ကရယ်ငါး)
- ဒိန်ခဲအပျော့စား (ပြင်သစ်ဒိန်ခဲပျော့) ။
- ကဖင်းဓာတ် (ကော်ဖီ ၊ လက်ဖက်ရည်) ။
- ကျက်အောင် ချက်မထားသော အသားအမျိုးမျိုး။
- သစ်သီးဖော်ရည် (လိမ္မော်ဖျော်ရည်) ။
- ငါးအစိမ်း (ဂျပန်အစားအစာ ဆူရှီ) ။
- ကွတ်ကီးမုန့်များ။
- ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်တဲ့ အသားပြား ၊ အသားလုံး။
- ဆေးကြောမထားတဲ့ အသီးအနှံများ။
-ကျပ်တိုက်ထားတဲ့ အသားနဲ့ငါး။
ကိုယ်ဝန်ဆောင်များ စားသင့်တဲ့ အစားအစာများ
- သစ်သီးများ ၊ ဟင်းသီးဟင်းရွက်များ ၊ ဂျုံ ၊ ပြောင်းအစရှိတဲ့အနှံများ စားသုံးခြင်း။
- အဆီနည်းသော နို့ထွက်ပစ္စည်းများ နှင့် အသားများ စားသုံးခြင်း။
- အဆီများသော အစားအစာများ ၊ သကြားများသော အစားအစာများ ၊ ငန်သော အစားအစာများ စသည်တို့ကို အနည်းငယ်မျှသာ စားသုံးခြင်း။
- အဆီမပါသော အသားများ ၊ ကြက်သား ၊ ငါးများ စားသုံးခြင်း။
- ပဲမျိုးစုံ ၊ မြေပဲ နှင့် အခြားသီးနှံအစေ့များကို စားသုံးခြင်း။
- အစိမ်းရောင်ရှိသော အရွက်များ စားသုံးခြင်း။
ကိုယ်ဝန်ဆောင်ချိန်စောင့်ရှောက်နည်းများ
- ကျန်းမာရေးဝန်ထမ်းနှင့်ပြ၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနည်းဆုံး (၄) ကြိမ် ခံယူပါ။
- မေးခိုင်ကာကွယ်ဆေး ( ၂) ကြိမ်ထိုးပါ။
- သံဓါတ် အားဆေးပြားကို မနက်တစ်လုံး ၊ ညတစ်လုံး သုံးလထက်မနည်း သောက်ပါ။
- အဟာရပြည့်ဝစွာ စားပါ။ အနားယူပါ။
- မူးယစ်ဆေးဝါး ၊ အရက် ၊ ဆေးလိပ်နှင့် ပင်ပမ်းခြင်းကို ရှောင်ကြဉ်ပါ။
- ကျန်းမာရေး ၀န်ထမ်းများ၏ ညွန်ကြားချက်ကို လိုက်နာပါ။
ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော လက္ခဏာများ
- မိန်းမကိုယ်မှ သွေဆင်းခြင်း။
- တက်ခြင်း ၊ သတိလစ်ခြင်း။
- ခေါင်းပြင်းထန်စွာ ကိုက်ခြင်း။
- ဖျားပြီး အိပ်ယာမှ မထနိုင်လောက်အောင် အားနည်းခြင်း။
- ၀မ်းဗိုက် အလွန်အမင်း နာကျင်ခြင်း။
- အသက်ရှုမြန်ခြင်း ၊ အသက်ရှုခက်ခဲခြင်း။
Source: daily eleven, myanmarkidworld, health information, ramonnya