What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 26 March 2020 09:22

မြန်မာနိုင်ငံအတွက် COVID-19 စစ်ဆေးရေးကိရိယာများ အလုံအလောက်ရှိဟု WHO ကိုယ်စားလှယ်ပြောကြား

90251442 832926683874316 4730726126572273664 n

COVID-19 ရောဂါ ကူးစက်ခံထားရသူ နှစ်ဦးရှိ ကြောင်း မတ် ၂၃ ရက်တွင် ကြေ ညာပြီးနောက် မြန်မာနိုင်ငံတွင် သံသယရှိလူနာများကို စစ်ဆေးရန် ကိရိယာများ (Kits)အလုံအလောက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အရာရှိတစ်ဦးက ပြောကြားသည်။

 

အတည်ပြုလူနာ သုံးဦးအထိရှိလာစဉ် မြန်မာနိုင်ငံ၌ စိုးရိမ်တကြီး စားသောက်ကုန်နှင့် ဆေးဝါးများဝယ်ယူမှုများရှိနေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် စတီဖန်ပေါလ်ဂျို့စ်က အထက်ပါကဲ့သို့ အာမခံပြောကြားခြင်းဖြစ်သည်။

 

ဖေဖော်ဝါရီလကုန်ပိုင်းအ ထိ မြန်မာနိုင်ငံရှိ သံသယလူနာ များထံမှ နမူနာများကို စစ်ဆေး ရန် ထိုင်းနိုင်ငံသို့ပို့ဆောင်ခဲ့ရ သည်။ သို့သော် ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံ ၏ အမျိုးသားကျန်းမာရေးဓာတ် ခွဲခန်းသို့ ထိုင်း၊ ဂျပန်၊ အမေရိ ကန်၊ စင်ကာပူနှင့် တရုတ်အပါ အဝင်နိုင်ငံများမှ လှူဒါန်းထား သော COVID-19 စစ်ဆေးရေး ကိရိယာများပေးအပ်ခဲ့သည်။

 

စစ်ဆေးရေးကိရိယာတစ် ခုစီသည် တစ်ခါသုံးဖြစ်သော် လည်း သံသယရှိလူနာတစ်ဦး အနေဖြင့် တိကျသေချာစေရေး အနည်းဆုံးသုံးကြိမ်စစ်ဆေးမှုခံ ယူရမည်ဖြစ်ကြောင်း ဒေါက်တာ ဂျို့စ်က ပြောကြားသည်။‘‘အခုအချိန်အတွက်တော့ မြန်မာနိုင်ငံမှာ လူ ၁,၇၀၀လောက်ကို စစ်ဆေးလို့ရမယ့် စစ်ဆေးရေးကိရိယာ ၅,၀၀၀ လောက် ဒါမှမဟုတ် အဲဒီထက်ပိုရှိပါတယ်’’ ဟု ၎င်းကပြောသည်။

 

Hospitals (Govmt) (အစိုးရဆေးရုံပေါင်း ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ျပည္သူ႕ေဆးရံု

 

‘‘မြန်မာနိုင်ငံမှာ မကြာခင် စစ်ဆေးကိရိယာတွေ ကုန်သွား မှာမဟုတ်ပါဘူး။ ပြီးတော့ စိုးရိမ် ကြောက်ရွံ့ဖို့မလိုအပ်ပါဘူး’’ ဟု ဒေါက်တာဂျို့စ်ကပြောကြားပြီး တောင်ကိုရီးယားမှ လှူဒါန်းနိုင် ခြေအပါအဝင် မြန်မာနိုင်ငံအ တွက် နောက်ထပ်စစ်ဆေးရေး ကိရိယာများ ရရှိရန် စီစဉ်လုပ် ဆောင်နေကြောင်း ၎င်းက ဖြည့် စွက်ပြောကြားသည်။ တောင်ကို ရီးယားတွင် မြန်မာနိုင်ငံသို့ လှူ ဒါန်းရန် စစ်ဆေးရန်ကာကွယ်ရေးပစ္စည်းများစွာရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

မြန်မာနိုင်ငံတွင် ယနေ့အထိ လူပေါင်း ၂၁၅ ဦးထက်မနည်းကို စစ်ဆေးထားပြီး တစ်နေ့လျှင် ပျမ်းမျှလူနှစ်ဦးနှုန်း စစ်ဆေးနေ သည်။မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ပစ္စည်း လိုအပ်ချက်များရှိသောကြောင့် တရုတ်တွင် ရောဂါစတင်ပျံ့နှံ့ပြီး ကတည်းက အရာရှိများက ဘေး ကင်းလုံခြုံအောင် ဆောင်ရွက်စီမံ ထားကြောင်း ဒေါက်တာဂျို့စ်က ပြောသည်။

 

‘‘မြန်မာက သူတို့ရဲ့လူထု ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို အားလျော့သွားစေလို့ မဖြစ် ဘူးဆိုတာကို သိပါတယ်။ ပြီး တော့ အဲဒီလိုဖြစ်ခွင့်မပြုခဲ့ပါဘူး’’ ဟု ဒေါက်တာဂျို့စ်က ပြောသည်။မြန်မာအတွက် ထိပ်တန်း ဦးစားပေးလုပ်ရန်မှာ စစ်ဆေးမှု ဆက်လက်တိုးချဲ့ရန် ထိတွေ့မှု များကို ဆက်လက်ခြေရာခံရန်၊ ကူးစက်သူကို သီးခြားထားရန်၊ ကူးစက်မှုကွင်းဆက်ကို ချိုးဖျက် ရန်ဖြစ်သည်ဟု ဒေါက်တာဂျို့စ် က အကြံပြုသည်။

7day.news

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

====

ျမန္မာႏိုင္ငံအတြက္ COVID-19 စစ္ေဆးေရးကိရိယာမ်ား အလုံအေလာက္ရွိဟု WHO ကိုယ္စားလွယ္ေျပာၾကား

 

COVID-19 ေရာဂါ ကူးစက္ခံထားရသူ ႏွစ္ဦးရွိ ေၾကာင္း မတ္ ၂၃ ရက္တြင္ ေၾက ညာၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ သံသယရွိလူနာမ်ားကို စစ္ေဆးရန္ ကိရိယာမ်ား (Kits)အလုံအေလာက္ရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)အရာရွိတစ္ဦးက ေျပာၾကားသည္။


အတည္ျပဳလူနာ သုံးဦးအထိရွိလာစဥ္ ျမန္မာႏိုင္ငံ၌ စိုးရိမ္တႀကီး စားေသာက္ကုန္ႏွင့္ ေဆးဝါးမ်ားဝယ္ယူမႈမ်ားရွိေနခ်ိန္တြင္ ျမန္မာႏိုင္ငံဆိုင္ရာ WHO ကိုယ္စားလွယ္ စတီဖန္ေပါလ္ဂ်ိဳ႕စ္က အထက္ပါကဲ့သို႔ အာမခံေျပာၾကားျခင္းျဖစ္သည္။

 

ေဖေဖာ္ဝါရီလကုန္ပိုင္းအ ထိ ျမန္မာႏိုင္ငံရွိ သံသယလူနာ မ်ားထံမွ နမူနာမ်ားကို စစ္ေဆး ရန္ ထိုင္းႏိုင္ငံသို႔ပို႔ေဆာင္ခဲ့ရ သည္။ သို႔ေသာ္ ေဖေဖာ္ဝါရီ ၂၀ ရက္ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ ၏ အမ်ိဳးသားက်န္းမာေရးဓာတ္ ခြဲခန္းသို႔ ထိုင္း၊ ဂ်ပန္၊ အေမရိ ကန္၊ စင္ကာပူႏွင့္ တ႐ုတ္အပါ အဝင္ႏိုင္ငံမ်ားမွ လႉဒါန္းထား ေသာ COVID-19 စစ္ေဆးေရး ကိရိယာမ်ားေပးအပ္ခဲ့သည္။

 

စစ္ေဆးေရးကိရိယာတစ္ ခုစီသည္ တစ္ခါသုံးျဖစ္ေသာ္ လည္း သံသယရွိလူနာတစ္ဦး အေနျဖင့္ တိက်ေသခ်ာေစေရး အနည္းဆုံးသုံးႀကိမ္စစ္ေဆးမႈခံ ယူရမည္ျဖစ္ေၾကာင္း ေဒါက္တာ ဂ်ိဳ႕စ္က ေျပာၾကားသည္။‘‘အခုအခ်ိန္အတြက္ေတာ့ ျမန္မာႏိုင္ငံမွာ လူ ၁,၇၀၀ေလာက္ကို စစ္ေဆးလို႔ရမယ့္ စစ္ေဆးေရးကိရိယာ ၅,၀၀၀ ေလာက္ ဒါမွမဟုတ္ အဲဒီထက္ပိုရွိပါတယ္’’ ဟု ၎ကေျပာသည္။

 

Hospitals (Govmt) (အစိုးရေဆးရံုေပါင္း ၆၀ ေက်ာ္ကို ၾကည္႔ရန္ ႏွိပ္ပါ)

Image result for ျပည္သူ႕ေဆးရံု

 

‘‘ျမန္မာႏိုင္ငံမွာ မၾကာခင္ စစ္ေဆးကိရိယာေတြ ကုန္သြား မွာမဟုတ္ပါဘူး။ ၿပီးေတာ့ စိုးရိမ္ ေၾကာက္႐ြံ႕ဖို႔မလိုအပ္ပါဘူး’’ ဟု ေဒါက္တာဂ်ိဳ႕စ္ကေျပာၾကားၿပီး ေတာင္ကိုရီးယားမွ လႉဒါန္းႏိုင္ ေျခအပါအဝင္ ျမန္မာႏိုင္ငံအ တြက္ ေနာက္ထပ္စစ္ေဆးေရး ကိရိယာမ်ား ရရွိရန္ စီစဥ္လုပ္ ေဆာင္ေနေၾကာင္း ၎က ျဖည့္ စြက္ေျပာၾကားသည္။ ေတာင္ကို ရီးယားတြင္ ျမန္မာႏိုင္ငံသို႔ လႉ ဒါန္းရန္ စစ္ေဆးရန္ကာကြယ္ေရးပစၥည္းမ်ားစြာရွိေၾကာင္း ၎က ဆက္ေျပာသည္။

 

ျမန္မာႏိုင္ငံတြင္ ယေန႔အထိ လူေပါင္း ၂၁၅ ဦးထက္မနည္းကို စစ္ေဆးထားၿပီး တစ္ေန႔လွ်င္ ပ်မ္းမွ်လူႏွစ္ဦးႏႈန္း စစ္ေဆးေန သည္။ျမန္မာႏိုင္ငံ၏ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္တြင္ ပစၥည္း လိုအပ္ခ်က္မ်ားရွိေသာေၾကာင့္ တ႐ုတ္တြင္ ေရာဂါစတင္ပ်ံ႕ႏွံ႔ၿပီး ကတည္းက အရာရွိမ်ားက ေဘး ကင္းလုံၿခဳံေအာင္ ေဆာင္႐ြက္စီမံ ထားေၾကာင္း ေဒါက္တာဂ်ိဳ႕စ္က ေျပာသည္။

 

‘‘ျမန္မာက သူတို႔ရဲ႕လူထု က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ကို အားေလ်ာ့သြားေစလို႔ မျဖစ္ ဘူးဆိုတာကို သိပါတယ္။ ၿပီး ေတာ့ အဲဒီလိုျဖစ္ခြင့္မျပဳခဲ့ပါဘူး’’ ဟု ေဒါက္တာဂ်ိဳ႕စ္က ေျပာသည္။ျမန္မာအတြက္ ထိပ္တန္း ဦးစားေပးလုပ္ရန္မွာ စစ္ေဆးမႈ ဆက္လက္တိုးခ်ဲ႕ရန္ ထိေတြ႕မႈ မ်ားကို ဆက္လက္ေျခရာခံရန္၊ ကူးစက္သူကို သီးျခားထားရန္၊ ကူးစက္မႈကြင္းဆက္ကို ခ်ိဳးဖ်က္ ရန္ျဖစ္သည္ဟု ေဒါက္တာဂ်ိဳ႕စ္ က အႀကံျပဳသည္။

7day.news

Read times
Rate this item
(0 votes)