Tom Hanks နဲ့ သူ၏ အမျိုးသမီးဖြစ်သူ Rita Wilson တို့ နှစ်ဦးသားဟာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က သြစတေးလျမှာကိုရိုနာရောဂါ Positive ဖြစ်ခဲ့ပါတယ်။
Tom Hanks ဟာသြစတေးလျရှိ သူ၏ Elvis Presley ရုပ်ရှင် ရိုက်ကွင်းမှာ ရိုက်ကူးရင်း ကိုရိုနာရောဂါ Positive ဖြစ်ခဲ့တာပါ။ ( Tom Hanks ဟာ အဆိုပါ ဇာတ်ကားမှာ Elvis ရဲ့ မန်နေဂျာဖြစ်သူ Colonel Tom Parker အဖြစ်သရုပ်ဆောင်မှာပါ ) သူတို့နောက်ဆုံး သွားခဲ့တဲ့နေရာကတော့ သြစတေးလျနိုင်ငံရဲ့ ဘွန်ဒီ ကမ်းခြေပါ ထိုသို့သွားခဲ့တာ နောက်ဆုံးပဲလို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ရောဂါ စဖြစ်စဥ် ဖျားချင်သလိုဖြစ်လာပါတယ်, လိုတာထက်ပို နှုံးချိမောပန်းလာတယ် , ခေါင်းကိုက်ပါတယ်တဲ့ ထို့ပြင် Rita ဆို ဝမ်းပါလျောသေးပါသတဲ့။ သူတို့ နှစ်ဦးဟာ Hollywood ရဲ့ A - List လူကုန်ထံအတိုင်းအဝိုင်းထဲမှ ပထမဆုံးရောဂါ ခံစားရသူတွေလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။
အခုဆိုရင်တော့သူတို့ ဇနီးမောင်နှံဟာ သြစတေးလျမှ Quarantine ပြီးမြှောက်ကာ ဗန်နွီး လေဆိပ်မှ တစ်ဆင် ၎င်းတို့ ကိုယ်ပိုင် Range Rover ကားဖြင့် လော့အိမ်ဂျလိစ်မြို့သို့ ပြန်ရောက်ရှိလာပါပြီ။ အခုဆိုရင်တော့ Tom Hanks တို့ ဇနီးမောင်နှံဟာ ရောဂါမှ သက်သာ လာပြီး နေရပ်ပြန်ရောက်နေပေမဲ့ အိမ်တွင်းမှာ ပဲ နေရ အုံးမယ်သိရပါတယ်။
ဒါ့ထက် Tom Hanks က အသက် ၆၃ နှစ်ရှိပြီး Rita Wilson ကလည်း အသက် ၆၃ ပါ သူတို့ နှစ်ဦးစလုံးဟာ အသက် ၅၅ နှစ်အထက် ရှိသူတွေမို့ ပြန်လည်ထူထောင်လာဖို့ များစွာ ဂရုစိုက်ကာ အိမ်တွင်းနေ၍ ကုထုံးခံယူရပါအုံးမယ်သိရပါတယ်။
Written By Shin Min