What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 May 2023 09:48

(၁၀) ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ (၆၀၀) ကျော်ထိ ရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့မှ ယမန့်နေ့ မေလ (၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၆၀၂) ဦးထိ ရှိလာကြောင်း သိရသည်။

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၃၁,၇၀၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၉၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၅၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
    ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
    ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
    ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
    ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
    ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
    ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
    ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး

DM Trading

Advertisement
Click Here > DM Trading

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။

ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။

ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

Read times Last modified on Tuesday, 02 May 2023 10:03
Rate this item
(0 votes)