What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 22:00

COVID-19 အတည်ပြုလူနာ C9,C10,C11,C12,C13,C14 ခရီးသွားမှတ်တမ်းများ

90251442_832926683874316_4730726126572273664_n.png

 

C-9 ဓာတ်ခွဲအတည်ပြုလူနာ

- ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်၍ (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။


- ထိုသူမှာ (၂၆-၃-၂၀၂၀) ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းဝေဒနာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ရာ (၂၉-၃-၂၀၂၀) ရက် အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ပါသည်။


- အဆိုပါလူနာသည် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး၊ မြဝတီသို ည (၇) နာရီခန့်တွင် ရောက်ရှိ၍ ရွှေနန်းထိုက် မြဝတီ-ရန်ကုန် Express ဖြင့် ရန်ကုန်သို့စီးနင်းလိုက်ပါခဲ့ပါသည်။ အဆိုပါ Express ယာဉ်ပေါ်တွင် ခရီးသည် (၅၇) ဦးလိုက်ပါစီးနင်းလိုက်ပါခဲ့သဖြင့် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။


- ရန်ကုန်မြို့ ပုလဲလမ်းဆုံတွင် ဆင်း၍ ဆိုင်ကယ်ကယ်ရီဖြင့် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရှိရပါသည်။ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်လာသဖြင့် ပုလဲမြို့သစ်၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဆေးကုသမှုပေးခဲ့ပါသည်။


- ၎င်းနေထိုင်ရာ ပုလဲမြို့သစ်ရှိ နေအိမ်တွင် အိမ်ရှင် (၂) ဦးနှင့်အတူ နေထိုင်ခဲ့သဖြင့် ထိုသူများအား အသွားအလာကန့်သတ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ အဆိုပါလူနာတွင် COVID-19 ရောဂါပိုးဓာတ်ခွဲအတည်ပြုတွေ့ရှိချိန်မှ စ၍ ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်း၍ ကုသမှုခံယူစေခဲ့ပါသည်။

 

C-10 ဓာတ်ခွဲအတည်ပြုလူနာ

- ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့် အတွက် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသွားအလာကန့် သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

 

- အဆိုပါလူနာအား ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက် ရှိပါသည်။ အဆိုပါလူနာသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစ၍ ၎င်း၏ဖခင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် လိုက်ပါပြုစုခဲ့ကြောင်းသိရှိရပါသည်။

 

C – 11, 12, 13 ဓာတ်ခွဲအတည်ပြုလူနာများ

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ (Case-11 ၆၆ နှစ် အရွယ်အမျိုးသမီး၊ Case- 12 ၆၅ နှစ် အရွယ် အမျိုးသားနှင့် Case - 13 ၆၁ နှစ်အရွယ် အမျိုးသမီး) သည် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ Case – 08 နှင့်အတူ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ အင်းလေး၊ ပင်းတယသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ (၃၀-၃-၂၀၂၀) ရက်နေ့ တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။


- အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများသည် ရန်ကုန်မြို့သို့ SQ-918 လေယာဉ်ဖြင့် (၁၄-၃-၂၀၂၀) ရက်နေ့တွင်ရောက်ရှိလာခဲ့ပါသည်။  (၁၄-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီတွင် ရန်ကုန်မှ မန္တလေးသို့ Air-KBZ (K76221) လေယာဉ်ဖြင့်ထွက်ခွာခဲ့ပါသည်။


- မန္တလေးမြို့တွင် (၁၄-၃-၂၀၂၀) ရက်နေ့မှ (၁၆-၃-၂၀၂၀)ရက်နေ့အထိ တည်းခို နေထိုင်ခဲ့ပြီး (၁၆-၃-၂၀၂၀)ရက်နေ့တွင် မုံရွာမြို့သို့ လည်းကောင်း၊ (၁၇-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပခုက္ကူမြို့သို့လည်းကောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပုဂံသို့ လည်းကောင်း၊ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်းလေး၊ ပင်းတယသို့ ကားဖြင့်ထွက်ခွာခဲ့ပါသည်၊


- (၂၂-၃-၂၀၂၀) ရက်နေ့တွင် ငပလီသို့ 7Y-161 လေကြောင်းဖြင့် သွားရောက်ခဲ့ပါသည်။ (၂၅-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်သို့ 7Y-161 လေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာပြီး တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ ကြောင်းသိရှိ ရပါသည်။

 

- (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြိုု့တွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာနများသို့ သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် Case – 08 တွင် COVID-19 ရောဂါပိုးဓာတ်ခွဲ အတည်ပြု တွေ့ရှိသဖြင့် ၎င်းတို့တည်းခိုနေထိုင်သည့် ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်းပြု လုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

- ၎င်းတို့တွင် သံသယရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူစေ၍ သီးခြားထားရှိစောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

 

C – 14 ဓာတ်ခွဲအတည်ပြုလူနာ

- အသက် (၂၄) နှစ်အရွယ် အမျိုးသားလူနာသည် ထိုင်းငံတွင်နေစဉ် အန်ခြင်း၊ ဗိုက်အောင့်ခြင်းများခံစားရသဖြင့် ဘန်ကောက်မြို့မှ တာချီလိတ်မြို့ အငှားယာဉ်ဖြင့် သို့ပြန်လာပြီး တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခို နေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) တွင် ဟိုတယ်မှ တာချီလိတ်လေဆိပ်သို့ Taxi ဖြင့်သွားရောက်ခဲ့ပါသည်။


- လေဆိပ်အပေါ်ထပ်တွင်နေ့လယ်စာ စားသုံးခဲ့ပြီး ညနေ (၅:၃၀)နာရီ အချိန်တွင် Air KBZ လေကြောင်းလိုင်းဖြင့် မန္တလေးမြို့သို့ထွက်ခွာခဲ့ပါသည်။ မန္တလေးမြို့တွင် ၎င်း၏သူငယ်ချင်းဖြစ်သူများမှ ကိုယ်ပိုင်ကားဖြင့် လာရောက် ကြိုဆိုခဲ့ပြီး ကျောက်မဲမြို့သို့ဆက်လက်ထွက်ခွာခဲ့ပါသည်။


- ကျောက်မဲသို့ရောက်ရှိချိန်တွင် ကျောက်မဲဆေးရုံ၊ ပြင်ပလူနာဌာနသို့ သွားရောက်ပြသ ခဲ့သဖြင့် နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ (၂၈-၃-၂၀၂၀) ရက်နေ့ ည (၉:၄၅) အချိန်တွင် အန်သဖြင့် ဆေးရုံသို့ ဖုန်းဖြင့် အကြောင်းကြားရာ ဆေးရုံမှ တာဝန်ရှိသူများမှ သီးခြားစမ်းသပ်ခန်းတွင် လာရောက်ပြသ စေခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ဆေးကုသမှုပေး၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။


- (၃၀-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ အဆိုပါလူနာတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပါသည်။

 

C – 15 ဓာတ်ခွဲအတည်ပြုလူနာ

- အသက်(၄၅) အရွယ် နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှု ပေးသော ဆေးခန်း တစ်ခုတွင် အလုပ်လုပ်သူ သူနာပြုအမျိုးသမီးတစ်ဦးသည် (၂၆.၃.၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်းတို့ကို စတင်ခံစားခဲ့ရပြီး (၂၇.၃.၂၀၂၀)ရက်နေ့နှင့် (၂၉.၃.၂၀၂၀)ရက်နေ့ တို့တွင် ၎င်းအလုပ်လုပ်ရာ ဆေးခန်းသို့ ဆေးခန်းမှစီစဉ်ပေးသော ကားဖြင့် သွားရောက်ပြသ ခဲ့ပါသည်။


- အဆိုပါဆေးခန်းတွင်လူနာအား သီးခြားခွဲ၍ Isolation Room တွင်ထား၍ ကုသမှုပေးခဲ့ပြီး (၃၀.၃.၂၀၂၀)ရက်နေ့တွင် ဆေးခန်း မှ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးသို့ သတင်းပို့ကာ ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ အကြောင်း ကြားခဲ့ရာ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဆေးခန်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ စနစ်တကျ လွှဲပြောင်းကုသမှုခံယူ ခဲ့ပါသည်။

 

C – 16 ဓာတ်ခွဲအတည်ပြုလူနာ

- လူနာအမှတ်စဉ် Case-16 အသက် (၆၃) နှစ် အရွယ်အမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ နီလာ (၁) လမ်းတွင် ခေတ္တတည်းခို နေထိုင်ခဲ့ပါသည်။


- ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းများ ခံစားခဲ့ရသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး (၂၇-၃-၂၀၂၀) ရက်နေ့တွင် ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက် လာခြင်း တို့ကြောင့် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ရာ အရေးပေါ်ဌာနတွင် ဦးစွာ ပြသခဲ့ပြီး ဆေးကုသဆောင်သို့ လွှဲပြောင်းပေးခဲ့ပါသည်။
- လူနာတွင် ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိကြောင်း သိရှိရပါသည်။


- ဆေးရုံသို့ရောက်ရှိပြီး(၂)နာရီကြာအထိ ပြည်ပနိုင်ငံသို့ခရီးသွားရာဇဝင်ရှိခြင်း (သို့မဟုတ်) ပြည်ပနိုင်ငံသို့ ခရီးသွားရောက်ခဲ့သူနှင့် ထိတွေ့သည့် ရာဇဝင်ရှိခြင်းကို တိကျစွာ မသိရှိရ ခြင်းကြောင့် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း (၁၇) ဦးတို့သည် အနီးကပ် ထိတွေ့သူများဖြစ်ခဲ့ပါသည်။


- ဒူဘိုင်းမှပြန်လာသည့် သားဖြစ်သူနှင့် ထိတွေ့မှုရှိကြောင်း လူနာထံမှ သိရှိရချိန်မှစ၍ လူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားဆောင် (Isolation ward) တွင် သီးခြားထားရှိကုသမှုပေးခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။


- အဆိုပါလူနာတွင် (၁-၄-၂၀၂၀) ရက်နေ့၌ ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပြီးနောက် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ စနစ် တကျလွှဲပြောင်းကုသမှုခံယူစေခဲ့ပါသည်။ (၁၅-၃-၂၀၂၀) ရက်နေ့မှ (၃၀-၃-၂၀၂၀) ရက်နေ့အတွင်း သမိုင်းလမ်းဆုံသို့ ဘတ်စ်ကား ဖြင့် တစ်ကြိမ်သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။


- သို့ဖြစ်ပါ၍ အဆိုပါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း (၅၈) ဦးအား အသွား အလာတားမြစ်ပိတ်ပင်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)