What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 17:02

တိုကျိုတွင် ကိုရိုနာကူးစက်သူများလာသဖြင့် အရေးပေါ်အခြေအနေ ကြေညာတော့မည်

90251442_832926683874316_4730726126572273664_n.png

 

ဂျပန်နိုင်ငံ တိုကျိုမြို့တော်တခုတည်းမှာ ကိုရိုနာဗိုင်းရစ်ကူးစက်ခံရသူဦးရေ ၁၀၀၀ ကျော်လာတာကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာတော့မယ်လို့ ဧပြီလ ၆ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

 

ဂျပန်ယိုမိယူရီသတင်းစာကို ကိုးကားခဲ့တဲ့ ဒီသတင်းမှာ အာဘေးဟာ အရေးပေါ်အစီအစဉ်ကို ကြေညာပြီးနောက် ဥပဒေပြဌာန်းချက်အသစ်တွေကတော့ လာမယ့်ဗုဒ္ဓဟူးနေ့လောက်မှာ စအသက်ဝင်မယ်လို့ ကျိုဒိုသတင်းဌာနကို ကိုးကားဖော်ပြထားပါတယ်။

 

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမြင့်တက်လာတာကြောင့် အစိုးရကို အရေးပေါ် အခြေအနေကြေညာဖို့ ဖိအားပေးမှုတွေများလာပြီး တိုကျိုမြို့တော်တခုတည်းမှာတင် ကူးစက်ခံလူနာ ဦးရေ ၁၀၀၀ ကျော်လာပါတယ်။

 

ယိုမီယူရီသတင်းကတော့ အစိုးရဟာ တိုကျိုမြို့တော်ဧရိယာနဲ့ အိုဆာကာ၊ ဂျပန် အနောက်ပိုင်းဒေသက ဟယိုဂိုစီရင်စုနယ်တွေကို အရေးပေါ်အခြေအနေကြေညာဖို့ များတယ်လို့ လည်း ဆိုပါတယ်။

 

ဂျပန်မှာ တနိုင်ငံလုံးကိုရိုနာဗိုင်းရပ်ကူးစက်ခံ လူနာဦးရေ ၃၅၀၀ ကျော်နေပြီး ၈၅ ဦးကတော့ သေဆုံးခဲ့ပါပြီ။

 

ဒါ့အပြင် အစိုးရဟာ တိုကျိုအိုလံပစ် ၂၀၂၀ ကိုလည်း ရွှေ့ဆိုင်းကျင်းပဖို့ ပြီးခဲ့တဲ့လကတည်းက ကြေညာခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

90165828_212716063139335_1462378197545910272_n.png

DVB Burmese

Read times
Rate this item
(0 votes)