What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 April 2020 12:51

Covid19 ဟာ ဘယ်လိုအကြောင်းရင်းတွေကြောင့် သေဆုံးနိုင်လဲ

90251442_832926683874316_4730726126572273664_n.png

 

ယနေ့ဆိုရင်ပဲ မြန်မာပြည်မှာ သေဆုံးသူ ၃ ဦး ရှိသွားပါပီ။ ယနေ့သေဆုံးခဲ့တဲ့ အသက် ၆၃ နှစ် case 16 နဲ့ အသက် ၄၇ နှစ် case 17 တို့ သေဆုံးတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပီးတော့ တစ်ချက်ပြောချင်ပါတယ်...။

 

Cause of death ဆိုတဲ့ သေဆုံးရခြင်း အကြောင်းရင်းကို

Case 16( 67 နှစ် အမျိုးသမီး )- Cardiogenic shock with sepsis, severe pneumonia, cytokines storms associated with Covid 19 infection ၊

Case 17( 47 နှစ် အမျိုးသား ) – Respiratory failure with septicemia due to virus လို့ MOHS က ထုတ်ပြန်ထားပါတယ်။

 

အခုနောက်ဆုံးတွေ့ရှိချက်တွေအရ Covid 19 ရောဂါပိုးဟာ အသက်ရှူရခက် အသက်ရှူလို့မရတဲ့ respiratory failure အပြင် နှလုံးထိခိုက် ပျက်ဆီးပီးတော့ပါ သေဆုံးလာရတယ်ဆိုတာကို တွေ့ရှိထားပါပီ။ အသက်ရှူလမ်းကြောင်းဆိုင်ရာကို ထိခိုက်ပျက်ဆီးစေသလိုပဲ နှလုံးကိုပါ ထိခိုက်ပျက်ဆီးစေတယ်ဆိုတာကို နောက်ဆုံးထုတ်ပြန်ထားပါတယ်။

 

နဂိုနှလုံးရောဂါအခံရှိသူတွေဟာ အခြားရောဂါအခံရှိသူတွေထက် ရောဂါကူးစက်ခံရပါက သေဆုံးနိုင်ခြေပိုပီး မြင့်တာကိုလည်း ကြေညာထားပါတယ်။ နောက်တစ်ချက်က septic shock ( sepsis) သွေးဆိပ်တက်ပီး သေဆုံးတယ်လို့ ဒီနေ့ case တွေမှာ ထုတ်ပြန်လိုက်ပါပီ။သွေးဆိပ်တက်တယ်ဆိုတာ ဘာလဲ။ ဘယ်လိုတွေကြောင့် နှလုံးထိခိုက်စေတာလဲ ဘယ်လိုမျိုးတွေကြောင့် သေဆုံးနိုင်သေးလဲဆိုတာ ရှင်းပြပေးသွားပါမယ်။

 

နောက်တစ်ချက်က ကိုယ်ခံအားကောင်းဖို့ ဘာလို့ ဆရာဝန်ကြီးတွေက အကြိမ်ကြိမ် ညွှန်ကြားနေကြလဲဆိုတာ ယနေ့ ရှင်းပြပေးပါမယ်။

 

Covid 19 ရောဂါပိုးရဲ့ မျက်နှာပြင်မှာ S,E,M ဆိုတဲ့ proteins တွေရှိပါတယ်။ ပိုးရဲ့အတွင်းထဲမှာဆိုရင် RNA genome protein ဆိုတာရှိပါတယ်။ အဲ့ထဲမှာမှ spike protein (S protein) ဆိုတာဟာ လူ့ရဲ့ ကိုယ်ထဲက အဆုတ်တို့ သွေးကြောတို့မှာရှိတဲ့ binding receptor ( ပေါင်းစည်းလက်ခံပေးတဲ့ protein ) နဲ့ပေါင်းပီး ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ Binding receptors တွေဟာ အဆုတ်မှာတင်မက သွေးကြောနံရံတွေမှာပါ ရှိတဲ့ အတွက် ရောဂါပိုးဟာ သွေးကြောထဲထိ ဝင်ရောက်ပီး septicemia သွေးဆိပ်တက်ခြင်းဆိုတာကို ဖြစ်စေပါတယ်။

 

အဲ့ကနေမှတဆင့် septic shock ဖြစ်ပီး သွေးပေါင်ချိန်တအားကျမယ်၊ နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ အဖျားကြီးမယ်၊ အသက်ရှူမြန်လာမယ် ၊ နောက်ဆုံး confusion ( the state of being uncleared in one’s mind ) ဖြစ်ပျက်နေတာတွေကို မသိတော့ဘဲ အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ် ။

 

ရောဂါပိုးရှိပီး ဆေးရုံတက်ကုသမှု ခံယူနေရတဲ့ လူ ၄၀၀ မှာဆိုရင် ၂၀% လောက်က heart damage နှလုံးပျက်ဆီးထိခိုက်မှု ရှိလာတယ်ဆိုတာကိုပါ တွေ့ရှိလာကြပါပီ။

 

ခုနက ပြောခဲ့သလိုပဲ ရောဂါပိုးက သွေးကြောထဲကိုရောက်မယ်။ သွေးကြောထဲကနေတဆင့် နှလုံးကို တိုက်ရိုက်ထိခိုက်ပီး myocarditis ( နှလုံးကြွက်သား ယောင်ရမ်းခြင်း )ကို ဖြစ်စေမယ်။ Myocarditis ဖြစ်လာတဲ့ အခါမှာ နှလုံးရဲ့ ပုံမှန်လုပ်ဆောင်မှုတွေက ကျဆင်းကုန်တယ်။ နှလုံးကနေ အခြား organ ကိုယ်ခန္ဓာအစိတိအပိုင်းတွေဆီ သွေးရောက်အောင် ပို့ဆောင်နိုင်စွမ်း ကျလာတယ်။ သွေးမညှစ်နိုင်တော့ဘူးပေါ့။

 

အဲ့အခါမှာ Cardiogenic shock နှလုံးထိခိုက်ပျက်ဆီးပီး သွေးပေါင်ချိန်တွေတအားကျပီး သေဆုံးနိုင်ပါတယ်။ နှလုံးကနေ အခြားအစိတ်အပိုင်းတွေဆီ သွေးရောက်အောင် မပို့နိုင်ခဲ့တဲ့ အတွက် Multiorgan Failure အခြားကိုယ်တွင်း အဂ်ါအစိတ်အပိုင်းများပါ ပျက်ဆီးပီး သေဆုံးနိုင်ပါတယ်။

 

ပိုးက နှလုံးကို တိုက်ရိုက်ထိခိုက်စေနိုင်သလို မထိခိုက်စေဘဲနဲ့လည်း သေဆုံးစေနိုင်ပါတယ်။ ရောဂါပိုးက သွေးကြောထဲ ဝင်လာတဲ့အခါ Hypercoagulability state ( Blood clot ) သွေးခဲခြင်း ဆိုတာကို ဖြစ်စေပါတယ်။ သွေးကြောထဲမှာ သွေးခဲဖတ်ပိတ်သွားတဲ့အခါ သွေးဟာ နှလုံးဆီလည်း မစီးနိုင်သလို နှလုံးကနေလည်း စီးဆင်းရခက်သွားပါတယ်။

 

အဲ့အခါမှာ နှလုံးသွေးကြောကျဥ်းရောဂါကဲ့သို့ heart failure နှလုံးလုပ်ဆောင်ချက်ကျဆင်းပီး သေနိုင်ပါတယ်။ ဒီအတွက် နဂို နှလုံးရောဂါအခံ ရှိသူတွေဟာ ရောဂါမကူးစက်အောင်ပိုပီး သတိထားကြရမှာပါ။ ရောဂါပိုး ဝင်ရောက်ပီး နှလုံးထိခိုက်ပျက်ဆီးလာသူရဲ့ တစ်ဝက်ကျော်လောက်ကလည်း သေဆုံးကြတယ်လို့ သိရပါတယ်။

 

နောက်တစ်ချက်က ပြောခဲ့သလိုပဲ ဘာလို့ ကိုယ်ခံအား ကောင်းဖို့ အရေးကြီးတာလဲ။

ကိုယ်ထဲ ရောဂါပိုး ဝင်ရောက်လာတဲ့ အခါ ပြန်လည်တိုက်ထုတ်ဖို့ WBCs သွေးဖြူဥတွေနဲ့ အခြားသော defenders တွေက ပိုးရှိရာကို ရောက်လာပါတယ်။ စစ်ပွဲလိုပါပဲ ကိုယ့်ဘက်က WBCs တွေနဲ့ ရောဂါပိုးတွေနဲ့ တိုက်ကြပါတယ်။ ကိုယ်ခံအားကောင်းဖို့လိုတယ်ဆိုတာ အဲ့ဒါကို ပြောတာပါ။ ကိုယ့်ဘက်က ကိုယ်ခံအားကောင်းလို့ WBCs များများတိုက်နိုင်ရင် ကိုယ်နိုင်မယ် ၊ ပိုးသေမယ်။ သို့ပေမယ့် အသက်ကြီးသူများ၊ နဂိုရောဂါအခံရှိသူများနဲ့ အရမ်းငယ်ရွယ်သူများမှာကျ ကိုယ်ခံအားကမကောင်းတဲ့အတွက် စစ်ပွဲက ကြန့်ကြာနေတတ်ပါတယ်။ အဲ့အခါမှာ inflammation လို့ခေါ်တဲ့ စစ်ပွဲဖြစ်ရင် ပွဲဖြစ်ရာ နေရာက ထိခိုက်ပျက်စီးသလိုပဲ ခန္ဓာကိုယ်ထဲမှာinflammation တအားဆိုးပီးတော့ သေဆုံးနိုင်ပါတယ်။

 

ပွဲကကြာလေလေ အထိအခိုက် inflammation ကပိုများလေလေနဲ့ သေဆုံးနိုင်ပါတယ်။ “ Inflammation is ultimately to blame for most Covid 19 deaths” သေဆုံးရခြင်းတော်တော်များများရဲ့ အခြေခံအကျဆုံး အကြောင်းရင်းက inflammation လို့တောင် ပြောပါတယ်။ Case 16 အမျိုးသမီးရဲ့ cause of death မှာ cytokines associated ဆိုတာဟာလည်း ကိုယ်တွင်းကထုတ်တဲ့ cytokines တွေကြောင့် inflammation ဖြစ်စေတာကိုပဲ ဆိုလိုပါတယ်။

 

ဒီလိုဆိုရင် အသက်ရှူမရတဲ့ respiratory failure တစ်ခုတည်းကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အခြားသော သေဆုံးရခြင်း အကြောင်းရင်းများကိုပါ သိရှိနားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးလည်း ရောဂါကပ်ဆိုးကြီးကို သတိရှိကြပါ၊ မပေါ့ဆကြပါနဲ့၊ လိုတာထက်လည်း အလွန်အကြူး စိတ်ပူပန်မှုတွေ မဖြစ်ဘဲ ကပ်ရောဂါဆိုးကြီးကို အမြန်ဆုံးကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပြုရင်း.....

90165828_212716063139335_1462378197545910272_n.png

ဒေါက်တာဝတ်မှုန်ဦး

Read times
Rate this item
(1 Vote)