What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 May 2020 18:58

နေပြည်တော်တိုင်းစစ်ဌာနချုပ်က စစ်သည် ၁ ဦးတွင် COVID- 19 ပိုးတွေ့

နေပြည်တော်တိုင်းစစ်ဌာနချုပ်က စစ်သည် ၁ ဦးတွင် COVID- 19 ပိုးတွေ့ DVB TV News

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် ၁ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွင်း တပ်မတော်ထဲမှာ ပထမဆုံး COVID-19 ရောဂါပိုးတွေ့တာလည်းဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

 

အဆိုပါ စစ်သည်ဟာ ဧပြီ ၃၀ ရက်နေ့ကတည်းက ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားနေရပြီး မေလ ၁ ရက်နေ့မှာ COVID-19 ရောဂါနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံက ကုသဆောင်မှာ သီးခြားစောင့်ကြည့်ပြီး ကုသမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

မေလ ၄ ရက်နေ့မှာ လူနာရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကိုယူပြီး PCR နည်းနဲ့ စမ်းသပ်စစ်ဆေး၊ ဓာတ်ခွဲအတည်ပြုတာမှာ COVID-19 ရောဂါပိုးတွေ့ရှိရတဲ့အတွက် COVID-19 ရောဂါကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာ ကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

“ရောဂါပိုးတွေ့တဲ့ စစ်သည်ကိုတော့ ရောဂါကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာကုသမှုပေးနေပါတယ်။ အခြေနေကောင်းပါတယ်။ ဘယ်ကနေကူးသလဲ၊ သူ့ဆီကနေ ဘယ်လောက်ကူးသလဲ၊ သူကရော ဘယ်လိုကူးခံရသလဲ စိစစ်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဒီဗွီဘီကို ပြောပါတယ်။

 

အဆိုပါစစ်သည်နဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

“သူနဲ့ထိတွေ့တဲ့သူတွေလည်း သူရုံးဌာနမှာ ထိတွေ့ထားတဲ့သူတွေကိုတော့ စစ်ဆေးနေပါတယ်။ ဘယ်လို ကူးတယ်။ သူ့ ပတ်ဝန်းကျင်မှာ သူနဲ့ Contact Person တွေ ဘယ်သူတွေရှိလဲ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ process တွေအတိုင်း ဆက်ပြီး ဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

 

ပိုးတွေ့စစ်သည်အနေနဲ့ ခရီးသွားရာဇဝင်ရှိ မရှိကိုတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။ ရုရှားနိုင်ငံမှာ ပညာသင်သွားရောက်နေတဲ့ မြန်မာတပ်မတော်က သင်တန်းသား အရာရှိ ၅ ဦး လည်း COVID-19 ရောဂါ ကူးစက်ခံနေရတာရှိပါတယ်။

 

DVB TV News

Read times
Rate this item
(0 votes)