What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 May 2020 13:52

အာရုံကြောအားနည်းရတဲ့ အကြောင်းရင်း ၇ ချက်

အာရုံကြောအားနည်းခြင်း (Neuropathy) မှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော ဝေဒနာတစ်ခုဖြစ်ပါတယ်။ 

ထို့ကြောင့် အာရုံကြောအားနည်းသူ တစ်ဦးကို မည့်သည့်အ ကြောင်းကြောင့် ဖြစ်ရသည်ကို တိကျစွာ အဖြေရှာရန် အလွန်အရေးကြီးပါတယ်။ ရောဂါတစ်ခုကိုကုသရာတွင် လတ်တလောဖြစ်နေတဲ့ရောဂါအခြေအနေ ကိုသက်သာအောင်လုပ်တာထက် ရောဂါရဲ့ အဓိကဇာစ်မြစ်ကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသပေးရမှာပါ။

 

ခြေလက်များ ထုံကျဉ်ခြင်း၊ ပိုးကောင်ငယ်များ တတ်သလို ရွစိရွစိခံစားရခြင်း၊ လေးလံထိုင်းမှိုင်း ခြင်း၊ ခြေလက်မသယ်ချင်သလို ဖြစ်ခြင်း၊ အာရုံခံစားမှုများ မကောင်းတော့ခြင်း စသည့်လက္ခဏာများကို Peripheral Neuropathy (အာရုံကြောအားနည်းရခြင်း) ၌ တွေ့ရတတ်ပါတယ်။ အာရုံကြောအားနည်းရခြင်း အကြောင်းရင်း (၇ ) ချက်ရှိပါတယ်။

 

(၁) ထိခိုက်ဒဏ်ရာ (Injury)

ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် အာရုံကြောထိခိုက်မှု ( Nerve Injury) ဖြစ်ခဲ့လျှင် အာရုံကြောအားနည်းခြင်း ဖြစ်နိုင်ပါတယ်။

 

(၂) ရောဂါ ပိုးမွှားဝင်ရောက်ခြင်း (Infection)

ရောဂါပိုးတချို့သည် အာရုံကြောကို ထိခိုက်စေတတ်ပါတယ်။ဥပမာအားဖြင့် အနာကြီး ရောဂါပိုးဖြစ်သော Mycobacterium Laprae သည် အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

(၃) အာဟာရချို့တဲ့ခြင်း ( Undernutrition)

အာဟာရချို့တဲ့ခြင်း ကြောင့် အာရုံကြောအားနည်း ခြင်းဖြစ်နိုင်ကြောင်းတွေ့ရပါတယ်။ ဗီတာမင် B1, B6, B12 ပါ သော အားဆေးများကို အာရုံကြော အားဆေးအဖြစ် လူသိများခြင်းဖြစ်ပါတယ်။ ပရိုတင်းဓာတ်ချို့တဲ့ခြင်းသည်လည်း အာရုံကြောအားနည်းခြင်းကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ်ပါတယ်။

 

COVID.png

 

 

(၄) ဆီးချိုရောဂါကြောင့်

ဆီးချိုရောဂါ ကဲ့သို့သော ရောဂါမျိုးကြောင့် အာရုံကြောအားနည်းနိုင်ပါတယ်။ ဆီးချိုရောဂါကို ဇီဝဓာတုလုပ်ငန်းမှားယွင်း မှုကြောင့် ဖြစ်စေသော ရောဂါ ဟု ခေါ်ဝေါ်လေ့လည်းရှိပါတယ်။

 

(၅) ကိုယ်ခံစွမ်းအား မှားယွင်းမှုနှင့် ဆိုင်သော ရောဂါတချို့ကြောင့်

ကိုယ်ခံစွမ်းအား မှားယွင်းမှုနှင့် သက်ဆိုင်သော ရောဂါအမျိုးမျိုးကြောင့် အာရုံကြောအားနည်းခြင်းဖြစ်တတ်ပါ တယ်။ ဥပမာ- အဆစ်အမြစ်ရောင်ရောဂါတစ်ခုဖြစ်သော (Rheumatoid Arthritis) တွင် အာရုံကြောအားနည်းမှု ကို လက္ခဏာတစ်ရပ်အဖြစ်တွေ့ရပါတယ်။

 

(၆)ဆိုးဆေး များ၊ ဆေးဝါးများ ၊ အဆိပ်များ ( Dyes, Drugs, Toxins )

အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်သော အကြောင်းများတွင် ဆိုးဆေးများ၊ ဆေးဝါးများနှင့် အဆိပ်များလည်း ပါဝင်နေပါတယ်။ တီဘီရောဂါကို ကုသရာတွင် သုံးသော အိုင်ဆိုနာစစ် Isoniazid (INH) ဆေးသည် အာရုံကြောအားနည်းခြင်းကို ဖြစ်စေပါတယ်။ အရက်သောက်ခြင်းကြောင့်လည်း အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

(၇) ကင်ဆာရောဂါများ

နာတာရှည်ကင်ဆာ ရောဂါဝေဒနာရှင်များတွင် အာရုံကြောအားနည်းသည့် လက္ခဏာဝေဒနာများ မကြာခဏတွေ့ရတတ်ပါတယ်။ အာရုံကြောအားနည်းခြင်း ဖြစ်စေနိုင်သော အကြောင်းရင်ဇာစ်မြစ် ( ၇ ) ချက်ကို အကြမ်းသဘောသာ ဖော်ပြထားပါသည်။ ထို့ကြောင့် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အာရုံကြောအားနည်းနေပါက အာရုံကြောအားကောင်းစေသော ဗီတာမင်များတိုက်ကျွေးခြင်း၊ ထိုးပေးခြင်း၊ ပရိုတင်းလုံလောက်စွာ စားသုံးခြင်း၊တို့နှင့်အားပြန်ဖြည့်ပေးခြင်းဖြင့် ဝေဒနာကိုသက်သာစေနိုင်မည်ဖြစ်ပါတယ်။

 

HPD.png

Dr. Aye Kyaw

Read times Last modified on Wednesday, 06 May 2020 12:58
Rate this item
(4 votes)