လွန်ခဲ့သောခြောက်နှစ်အတွင်း MIT နှင့် Harvard ရှိ ဇီဝအင်ဂျင်နီယာများသည် Zika နှင့် Ebola ဗိုင်းရပ်စ်များ အပါအဝင် ဗိုင်းရပ်စ်များကို ရှာဖွေသိရှိနိုင်သော အာရုံခံကိရိယာများကို တီထွင်ခဲ့ကြသည်။
ဗိုင်းရပ်စ်ကို သိပေးနိုင်သော နည်းပညာသည် ၂၀၁၈ ခုနှစ် ကတည်းက SARS အသည်း စီပိုး၊ တုပ်ကွေးပိုးတို့ကို ထောက်လှမ်း သိရှိနိုင်ပြီးသား ဖြစ်သည်။
၎င်းနည်းပညာကို coronavirus အသစ်အတွက်လည်း သုံးစွဲနိုင်အောင် ကြိုးပမ်းနေကြသည်။ အာရုံခံကိရိယာကို မတ်စ်တွင် မြှုပ်ထည့်ထားပြီး ရောဂါရှိသူ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း ပြုလိုက်သည့်အခါ ဗိုင်းရပ်စ်ပိုးများ ထွက်လာလျှင် အာရုံခံကိရိယာက သိပြီး အချက်ပြမီး လင်းမည် ဖြစ်သည်။
ထိုနည်းသည် ကိုယ်အပူချိန် တိုင်းပြီး ဆုံးဖြတ်သည့်နည်းထက် ပိုကောင်းမွန်ပြီး ပိုထိရောက်သည်။ အပူချိန် တိုင်းသည့်နည်းသည် ရောဂါလက္ခဏာ မပြသော လူနာကို သိပေးနိုင်ခြင်း မရှိသည့် အားနည်းချက် ရှိနေသည်။
အာရုံခံ ကိရိယာ အသေးစားလေးများကို မတ်စ်တွင် တပ်ဆင်ပြီး အသုံးပြုရမည် ဖြစ်သည်။ မတ်စ်ကို စွန့်ပစ်ပါက အာရုံခံ ကိရိယာကို ပြန်ဖြုတ်ယူထားရမည်ဖြစ်ပြီး နောက်တစ်ကြိမ် ဝတ်မည့် မတ်စ်တွင် ၎င်းကို ပြန်လည် တပ်ဆင်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။