What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 June 2020 14:09

George Floyd သေဆုံးမှု့ ကြောင့်ဆန္ဒပြသူများ ၁ ရက်ထဲနှင့် လူ ၁၉၀၀၀ ကျော်ကိုဗစ်ကူးစက်ခံရ

အမေရိကန်တွင် လူအဖြူ ၊ အမဲကိစ္စရပ်တွေ ရုန်းရင်းဆန်ခက်နှင့် မြင်ရသည်မှာ အင်မတန်မှ ဆိုးလှသည် ထိုထက်ဆိုးသည်မှာ အမေရိကန် မှ လူအများ မှာ အိမ်မှာ နေရင်း ကနေမှ ကိုဗစ်ကို မေ့လျော့ကာ လမ်းပေါ်တက်ဆန္ဒ ထုတ်ဖော် လူအစု အဝေးလုပ်ကြတာတွေ့ရတယ်။

 

တချို့လူတွေမှာ နှာခေါင်းစည်းပါမလာဘူး ၊ သာမန် ထသွားထလာ ဝတ်စုံတွေနဲ့ ပဲ ဆန္ဒ ထုတ်ဖော်ကြတယ် ထိုထဲမှာမှ ကိုဗစ် ဖြစ်နေပြီး ရောဂါလက္ခဏာ မပြတဲ့ လူတွေလဲပါမယ်။ဒါကိုတောင်လူတွေက သတိမမှုပဲ နေမြဲတိုင်းနေ ၊ ဆန္ဒ ပြမြဲတိုင်းပြနေကြစဲပဲ။ရဲတပ်ဖွဲ့ တွေက တားကြတယ် ပြန်တိုက်ခိုက်တယ် အနေအထားပိုဆိုးသွားတယ်။

 

ထို အမေရိကန်ရဲ့ အဖြူ ၊ အမဲ ကိစ္စ ရပ်တွေမှာ မထောက်ခံသူက အင်မတန်များပြားလှသည် မထောက်ခံဆို အခင်းဖြစ်ပွားပုံကတော့မမျှမတပဲ .... အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ George Floyd ဟာ မေလ ၂၅ ရက်နေ့(Cup Foods)စားသောက်ဆိုင်တစ်ခုအရှေ့မှာတရားမဝင်ငွေတုနဲ့ ဝယ်လာသူပါဆိုတဲ့သတင်းနဲ့(အထင်မှား)ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးသူ့ကိုဖမ်းဆီးတဲ့ရဲအရာရှိဟာ အရင်ထဲကလူမည်းတွေကိုနှစ်လိုဖွယ်မရှိတဲ့သူဖြစ်ကြောင်းသိရပြီးသူ့ဖိနှိပ်ခံထားရတဲ့ လည်ပင်းဟာ တရားမဲ့ပြင်းထန်တာမို့ George ဟာအသက်ရှုဖို့ တောင်းပန်နေရင်း အသက်ရှု လမ်းကြောင်းပိတ်ဆို့ကာ အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

 

ထိုဖြစ်ရက်ကို မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့သူက Social Media ပေါ်တင်လိုက်တဲ့အခါမှာလူအခွင့်ရေးလှုပ်ရှားသူတွေနဲ့ George အတွက်တရားမျှတမှုရရှိရေးအတွက်ခံပြင်းသူတွေဟာ အဆောက်အဦးတွေမီးရှို့ခြင်း စတိုးဆိုင်များအား
လုယက်ခြင်းနဲ့ဆန္ဒပြဆူပူအုံကြွမှုတွေဖြစ်လာခဲ့ပါတယ်။

 

နိုင်ငံတကာ မှာ ဆန္ဒ ထုတ်ဖော်မှု့တွေရှိနေပေမဲ့ အမေရိက ရဲ့ နယူးရောဇ့်မှာ ဆန္ဒ ထုတ်ဖော်သူတွေ အင်မတန်မှ များ ပြားသည် တရက်ကို လူ ၅၀၀၀၀ ကျော်ထိ ရှိသည် ထိုလူအစု အဝေးကြီးက ကိုဗစ်ကို စိန်ခေါ်နေသလော လူငယ်တွေက ကျန်းမာ ရေး အသိကမရှိ လူတစ်ဦးနှင့် နေရာ ကွာခြားမှု့ ကမရှိ အင်မတန်မှ ဆိုးရွားသည်။

 

မနေ့က တစ်ရက်ထဲနဲ့တင် စမ်းသတ်စစ်ဆေးရာ လူ ၁၉၀၀၀ ကျော် ကိုဗစ်ကူးလေပြီ ထိုလူများမှာ ဆန္ဒ ပြသူများ နှင့် ၎င်း တို့ရဲ့ မိသားစု ဝင်များပင်ဖြစ်လေသည်။အမေရိကာ မှာ ယခင်နှစ်လိုဖွယ်ရာ မရှိတော့ George Floyd ကိစ္စ ရော ကိုဗစ်ကြောင့်ရော နယူးရောဇ့် မြို့နေထိုင်သူ လူဦးရေ ၈ သန်းကျော်ဟာ အခုဆို မျှော်လင့်ချက်မဲ့လေပြီ သည်ကြားထဲ ယခု ကာလာမှာ အမေရိကန် တို့အတွက် စားသောက်ဆိုင် ၊ ဈေးဝယ်သွားနိုင်အောင်သာ လုပ်ထားပေးတဲ့ အခြေအနေမျှသာဖြစ်သည်။

 

<<< Zawgyi >>>

 


-------------------------------------------------------------------------------------------------------

 


 


 


 


 


 


 

Ref : Yahoo 

Read times
Rate this item
(0 votes)